1
ယောဟန် 12:26
TPV-RV (Thamma Pitakadaw)
TPV-RV
မည်သူမဆို ငါ၏အမှုအား ထမ်းရွက်မည်ဆိုလျှင် ထိုသူသည် ငါ့နောက်သို့လိုက်ရမည်။ ထိုအခါ ငါရှိရာအရပ်၌ ငါ၏အမှုတော်ကို ထမ်းရွက်သူလည်း ရှိပေလိမ့်မည်။ ငါ၏အမှုအား ထမ်းရွက်သောသူကို အဖဘုရားသည် ချီးမြှောက်တော်မူလိမ့်မည်။
Compare
Explore ယောဟန် 12:26
2
ယောဟန် 12:25
မိမိအသက်အား တွယ်တာသောသူသည် ထိုအသက်ကို ဆုံးရှုံးရလိမ့်မည်။ ဤလောက၌ မိမိအသက်အား ပဓာနမထားသောသူတို့သည်ကား ထိုအသက်တာကို နိစ္စထာဝရ ရရှိကြလိမ့်မည်။
Explore ယောဟန် 12:25
3
ယောဟန် 12:24
သင်တို့အား ငါအမှန်ဆိုသည်ကား စပါးစေ့တစ်စေ့သည် မြေ၌ကျပြီးနောက် အပင်မပေါက်လျှင် တစ်စေ့တည်းသာရှိလိမ့်မည်။ သို့သော် အပင်ပေါက်လျှင်မူကား အသီးအနှံပေါင်းများစွာကို ဖြစ်ထွန်းစေတတ်၏။
Explore ယောဟန် 12:24
4
ယောဟန် 12:46
ငါ့အား ယုံကြည်သမျှသောသူတို့သည် အမှောင်ထု၌ မနေစေခြင်းငှာ ငါသည်အလင်းဖြစ်လျက် ဤလောကသို့ကြွလာပြီ။
Explore ယောဟန် 12:46
5
ယောဟန် 12:47
တစ်စုံတစ်ဦးသည် ငါ့စကားတို့ကိုကြားလျက် မစောင့်ထိန်းလျှင်လည်း ငါသည် ထိုသူအား ပြစ်ဒဏ်မစီရင်။ အကြောင်းမူကား ဤလောကကို ပြစ်ဒဏ်စီရင်ရန် ငါလာသည်မဟုတ်။ ဤလောကကို ကယ်တင်ရန် ငါလာ၏။
Explore ယောဟန် 12:47
6
ယောဟန် 12:3
ထိုအချိန်၌ မာရိသည် အလွန်တန်ဖိုးကြီးသော နာဒုဖြင့်ပြုလုပ်ထားသည့် ဆီမွှေးတစ်ပုလင်းကိုယူ၍ ကိုယ်တော်ယေရှု၏ ခြေတော်အား သွန်းလောင်းကာ ဆံပင်ဖြင့်သုတ်လေ၏။ ထိုဆီမွှေးရနံ့သည်လည်း တစ်အိမ်လုံးကို ပြန့်နှံ့သွားလေ၏။
Explore ယောဟန် 12:3
7
ယောဟန် 12:13
စွန်ပလွံပင်မှ အခက်များကို ကိုင်လျက် ကိုယ်တော်ကို ကြိုဆိုရန် ထွက်သွားကြကာ “ဟောရှဏ္ဏ၊ ဘုရားရှင်၏ဘုန်းတော်အားဖြင့် ကြွလာတော်မူသော အရှင်သည် မင်္ဂလာရှိပါပေ၏။ အစ္စရေးလူမျိုးတို့၏ရှင်ဘုရင်သည် မင်္ဂလာရှိပါပေ၏” ဟုကြွေးကြော်ကြလေ၏။
Explore ယောဟန် 12:13
8
ယောဟန် 12:23
ထိုအခါ ကိုယ်တော်သည် “လူ့သားတော်ကို ဘုန်းအသရေတော်ထင်ရှားစေမည့်အချိန်ကျလာပြီ။
Explore ယောဟန် 12:23
Home
Bible
Plans
Videos