ထိုသို့ဆုတောင်းတော်မူပြီးနောက် ကျယ်လောင်သောအသံဖြင့် “လာဇရု၊ ထွက်လာလော့” ဟုဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် ခြေနှင့်လက်တို့ကို အဝတ်ဖြင့် ပတ်စည်းလျက် မျက်နှာကိုလည်း အဝတ်ဖြင့် စည်းထားသည့်အတိုင်းပင် သင်္ဂျိုင်းဂူထဲမှ ထွက်လာလေ၏။
ကိုယ်တော်ယေရှုသည် လူတို့အား “သူ့ကိုဖြေပေး၍ သွားခွင့်ပေးကြလော့” ဟု မိန့်တော်မူ၏။