ဆာလံကျမ်း ၁ - ခရစ်ယာန်အသက်တာအတွက် အခြေခံအုတ်မြစ်Sample

ဘုရားသခင်နှင့်အတူ အသက်ရှင်ခြင်းဟူသည်မှာ ဒီရေအတက်အကျကို ဆန့်ကျင်နိုင်ခြင်းဖြစ်သည်။
ဆာလံကျမ်း အခန်းကြီး(၁)မှ ကျွန်တော်တို့အတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့အရာတစ်ခုကို ဝေမျှပေးလိုပါတယ်။
“မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်... သောသူသည် မင်္ဂလာရှိ၏။” (JBMLE, ဆာလံ ၁း၁)
ခရစ်ယာန်အသက်မှာ မလုပ်ရမဲ့အရာတွေကို ဒီကျမ်းပိုဒ်မှာ သွန်သင်ထားတာကို တွေ့ရပါတယ်။ လုပ်မိရင် သင်ရဲ့ လမ်းလျှောက်ခြင်း၊ ထခြင်း နဲ့ ထိုင်ခြင်းတို့ဟာ တစ်ဆင့်ပြီးတဆင့် နောက်ပြန် မျောပါသွားမှာကို ဆာလံဆရာက မီးမောင်းထိုးပြထားပါတယ်။ အသက်တာကို နောက်ပြန်ဆုတ်ယုတ်စေပြီး ကြီးထွားမှုရပ်တန့်ခြင်း နဲ့ အပြစ်ဖြစ်ခြင်းတို့ဆီသို့ဦးတည်ရောက်ရှိသွားပါလိမ့်မယ်။
ခရစ်ယာန်အသက်တာဟာ အမှန်ပင် လျှောက်လှမ်းရတဲ့ အသက်တာမျိုး၊ ပြိုင်ပွဲဝင်ရတဲ့ အသက်တာမျိုး ဖြစ်ပါတယ်။ ဘုရားသခင် သင့်ကို ဖိတ်ခေါ်ထားတဲ့ ပြိုင်ပွဲဟာ လောကနဲ့ ဆန့်ကျင်တဲ့ ပုံစံ၊စံနှုန်းတွေရှိတဲ့အရာတွေပေါ်မှာ တည်ဆောက်ထားပါတယ်။
သင်ဟာ ဘုရားသခင်ကို ပျက်ရယ်ပြုခဲ့တဲ့သူတွေထဲက တစ်ယောက်အပါအဝင် ဖြစ်နေခဲ့ပါလျက်နဲ့ ဘုရားသခင်ရဲ့ မြင့်မြတ်တဲ့ ခေါ်ခြင်းကို ကြားသိခဲ့ရပြီ။ ကြားသိချိန်မှာ လှည့်ထွက် မတ်တပ်ရပ်လိုက်ပြီး ဘုရားသခင်ရဲ့ နောက်တော်ကို လိုက်ခဲ့ပြီ။
အဲဒီအချိန်ကစပြီး ဘုရားသခင်ရဲ့ ခြေလှမ်းတွေအတိုင်း လျှောက်လှမ်းနေလေပြီ။
ကျွန်တော်တို့ဟာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေနဲ့ လောကရဲ့ ဆင်ခြေပေးမှုများစွာကို ဆန့်ကျင်ပြီး သွားရပေမဲ့လည်း ဘုရားသခင်နဲ့အတူလျှောက်လှမ်းခြင်းကို ကြိုးစားလုပ်ဆောင်ဖို့အတွက် အားပေးတိုက်တွန်းလိုပါတယ်။ခရစ်တော်နောက်ကို လိုက်ခြင်းဟာ အများနဲ့မတူပဲ တွေးခေါ်ဖို့၊ အသက်ရှင်ဖို့ ဆုံးဖြတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ အသက်တာကို စွန့်လွှတ်ပူဇော်ခြင်းရှိဖို့ လိုအပ်ပါတယ်၊ အလွန်ပေးဆပ်ထိုက်ပါတယ်။
ဘုရားသခင်ထဲမှာ နှစ်မြှုပ်သောအသက်တာ ရှိပါစေ။ အခု သင်ဟာ အပြစ်လုပ်နေတဲ့သူတွေရဲ့လမ်းမှာ မတ်တပ်ရပ်နေမိရင် ဆက်ပြီး ရပ်မနေပါနဲ့တော့၊ ထိုင်နေမိရင် ထထွက်လာပါ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် ပြန်လည်စတင်ပြီး ရှေ့သို့လျှောက်လှမ်းသွားပါ။
အလွန်ခွန်အားကြီးသောသူ၊ ဘုရားသခင်သည် သူ၏ဘုန်းတော်အတွက် သင့်အားချီးမြှောက်ခြင်း ရှိပါစေ။
သက်ရှိထင်ရှား ရှိပေးလို့ ကျေးဇူးတင်ပါတယ်။
Eric Célérier
Eric Célérier ၏ Devotional Plan အားဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
Scripture
About this Plan

ကျွန်တော်တို့အသက်တာမှာ အခြေခံကျတဲ့ အရာတစ်ခုကို ဝေမျှချင်ပါတယ်။ ဆာလံကျမ်း (၁) မှာပါတဲ့ “မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်... သောသူသည် မင်္ဂလာရှိ၏။” (JBMLE, ဆာလံ ၁း၁) ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ ဒီကျမ်းပိုဒ်မှာ ခရစ်ယာန်အသက်ရှင်ခြင်းနဲ့ဆိုင်တဲ့ “ဘာကိုမလုပ်သင့်ဘူး ဘာကိုလုပ်သင့်လဲ” ဆိုတဲ့အရာကို သွန်သင်ထားပါတယ်။
More
Related Plans

Awakening Faith: Hope From the Global Church

You Say You Believe, but Do You Obey?

30 Powerful Prayers for Your Child Every Day This School Year

Legacy Lessons W/Vance K. Jackson

Protocols, Postures and Power of Thanksgiving

Rebuilt Faith

24 Days to Reflect on God's Heart for Redemption

God's Book: An Honest Look at the Bible's Toughest Topics

Game Changers: Devotions for Families Who Play Different (Age 8-12)
