ကျေးဇူးတော်သီချင်းSample

ခက်ခဲဆင်းရဲ နေတဲ့အချိန် ဘုရားသခင်ဘယ်ရောက်နေလဲ။
မင်း ဒါကိုတွေးဖူးတယ်ဆိုရင်တော့ မင်းဟာ ကောင်းတဲ့ မိတ်ဆွေကို တွေ့ရပါပြီ။ ဘာလို့လဲဆို ငါလဲ မင်းလိုပဲ တွေးဖူးခဲ့တယ်။ အဲ့လိုပဲ လူတော်တော်များများကလဲ ဒီလိုမေးခွန်းထုတ်ဖူးကြတယ်။ မင်းဘဝမှာ နှိမ့်ကျတဲ့အချိန်၊ ဘယ်ညာမှာ အတားအဆီးတွေနဲ့ ရင်ဆိုင်ရချိန်၊ တော်တော်များများက‘ဘုရားသခင် ဘယ်မှာလဲ”ဆိုပြီး မေးခွန်းထုတ်တတ်ကြတယ်။
အဲ့လိုမေးခွန်းထုတ်ပြီး ပြန်ရလာတဲ့အဖြေကတော့ မင်းကြားဖူးသမျှထဲက အကောင်းဆုံးအရာတစ်ခုပဲဖြစ်တယ်။
ဘုရားကောင်းကြီးရှိပါစေ။
ခက်ခဲဆင်းရဲ နေတဲ့အချိန် ဘုရားသခင်ဘယ်ရောက်နေလဲ။
မင်းဒါကိုတွေးဖူးတယ်ဆိုရင်တော့ မင်းဟာ ကောင်းတဲ့ မိတ်ဆွေကို တွေ့ရပါပြီ။ ဘာလို့လဲဆို ငါလဲ မင်းလိုပဲ တွေးဖူးခဲ့တယ်။ အဲ့လိုပဲ လူတော်တော်များများကလဲ ဒီလမေးခွန်းထုတ်ဖူးကြတယ်။ မင်းဘဝမှာ နှိမ့်ကျတဲ့အချိန်၊ ဘယ်ညာမှာ အတားအဆီးတွေနဲ့ ရင်ဆိုင်ရချိန်၊ တော်တော်များများက‘ဘုရားသခင် ဘယ်မှာလဲ’ဆိုပြီး မေးခွန်းထုတ်တတ်ကြတယ်။
အဲ့လိုမေးခွန်းထုတ်ပြီး ပြန်ရလာတဲ့အဖြေကတော့ မင်းကြားဖူးသမျှထဲက အကောင်းဆုံးအရာတစ်ခုပဲဖြစ်တယ်။
ရောမ ၈း၃၈-၃၉
အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင် ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊
အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။
ကောင်းပြီ၊ ဒကျမ်းချက်အရ ငါတို့ဒကရောက်နေချိန် ဘုရားသခင်ကဘယ်မှာရှိနေတာလဲ။ မိတ်ဆွေတွေ စွန့်ခွာသွားတဲ့အချိန် ဘုရားသခင်ဘယ်မှာလဲ။ မိသားစုပြိုလဲသွားချိန် ဘုရားသခင် ဘယ်မှာလဲ။ အိပ်မက်တွေ တစ်စစီ ပျက်စီးသွားတဲ့ချိန် ဘုရားသခင် ဘယ်မှာလဲ။
နှုတ်ကပတ်တော်ကတော့ ဘုရားသခင်ဟာ သင်ရဲ့ နာကျင်မှုထဲမှာသင်နဲ့အတူရှိတယ်။ သင့်ကို အမြဲချစ်နေတယ်လို့ ပြောတယ်။
အခုသင်ဒလို စဉ်းစားလိမ့်မယ်။ “ဘာလို ့ဘုရားသခင်က ဒရဲ့ နာကျင်ခြင်းတွေကို မဖယ်ထုတ်ပေးတာလဲ”ဆိုပြီး။
ဒါသိပ်ကောင်းတဲ့ မေးခွန်းဖြစ်တယ်။ လူတော်တော်များများက ဒမေးခွန်းမျိုး မေးကြတယ်။ အထက်က ကျမ်းစာစောင်ရေးတဲ့ တမန်တော်ကြီး ရှင်ပေါလု အပါအဝင်ပေါ့။
ရှင်ပေါလုဟာ လူအများစု သိပ်မရင်ဆိုင်ရတဲ့ စိတ်ဆင်းရဲခြင်း၊ ကယဆင်းရဲခြင်းကို ရင်ဆိုင်ခဲ့ရတယ်။ ရိုက်နှက်ခြင်း၊ လှောင်ပြောင်ခြင်း၊ သင်္ဘောပျက်ခြင်း၊ ထောင်ချခြင်းတို့ကို သူခံရတယ်။ သူ့မိတ်ဆွေတွေ အသက်ဆုံးရှုံးသွားတာကြောင့် အထီးကျန်ခြင်းနဲ့ စိတ်ဓါတ်ကျခြင်းတွေ သူရင်ဆိုင်ခဲ့ရတယ်။ နောက်ဆုံး သူ အသတ်ခံရတဲ့ထိပါပဲ။
ဘဝရဲ့ အချိန်တစ်ခုမှာ ရှင်ပေါလုဟာ အင်မတန်ခက်ခဲကြမ်းတမ်းတဲ့အချိန်ကို ဖြတ်သန်းခဲ့ရတယ်။ အဲ့ဒါကိုသူက သူ့အသားထဲကဆူးပင် ဆိုပြီး ပြောခဲ့တယ်။ ဖျားနာခြင်း၊ စတ်မကျန်းမာခြင်း၊ နာတာရည်ရောဂါ တစ်ခုခုတော့ဖြစ်နိုင်လိမ့်မယ်။ အဲ့လိုခံစားနေရတဲ့ ဝေဒနာအတွက် ရှင်ပေါလုက ဘုရားသခင်ကို ဖယ်ရှားပေးဖို့တောင်းဆိုခဲ့တယ်။
ဘုရားသခင်က...
ကောရိနျ ဒတိယစောင် ၁၂း၉
ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည် ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါကိုယ်၌ အား နည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှါ သာ၍ ငါအလိုရှိ၏။
ဘုရားသခင်က ဘာကိုဆိုတာလဲ။ ရှင်ပေါလု ခံစားနေရတာကို ဘုရားသခင် ဂရုမပြုတာလား။
ဘုရားသခင်က ဂရုပြုတာပေါ့။ မင်းရဲ့ ဘဝရဲ့နာကျင်ခြင်းတွေကို သူဂရုပြုသလို ပေါလုကိုလဲ ဂရုပြုတာပေါ့။ ယေရှုဟာ ဒလိုနာကျင်ခြင်းတွေနဲ့ အင်မတန်မှ ရင်းနှီးစပ်လျဉ်းတဲ့သူဆိုတာ ဟေရှာယ ၅၃း၃ မှာဖော်ပြထားတယ်ဆိုတာ သတိရပါ။ ယေရှုက ဝမ်းနည်းကြေကွဲခြင်းတွေကို သူသိတယ်။ သူငါတို ့နဲ ့ အတူရှိပြီး သူငါတို ့ကို ချစ်တယ်။
ငါနဲ့မင်းရယ် ဒကမာလောကကြီး တကယ်လိုအပ်နေတာက အခြေအနေရဲ့ ပြောင်းလဲမှု မဟုတ်ပဲ ငါတို့ နှလုံးသားတွေရဲ့ ပြောင်းလဲမှုကို လိုအပ်တာဖြစ်တယ်။
ယေရှုခရစ်တော်ကြွလာခြင်းက အဲ့ဒါပါပဲ။ မင်းရဲ့ ဘဝမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြားထဲကနေ မင်းကို ခွန်အားတွေ မျှော်လင့်ခြင်းတွေကို သယ်ဆောင်လာပေးတာဖြစ်တယ်။
သူက “မင်းကို ငါပုံသွင်းမယ်။ မင်းနဲ့အတူငါရှိမယ်။ အရာအားလုံးထက် ငါ့ရဲ့ ကျေးဇူးတရား လိုအပ်နေတဲ့ကမာကို မင်းရဲ့အသက်တာအားဖြင့် ငါပြမယ်။’ လို့ဆိုတယ်။
ဒနေ့ မင်းရင်ဆိုင်နေရတဲ့ အခက်အခဲ၊ ဏတ်ဆင်းရဲမှု ဒါမှမဟုတ် နာကျင်ခြင်းတွေကနေ ဘုရားသခင်ဟာမင်းကို ဘယ်တော့မှ မစွန့် ပစ်ဘူး၊ ဘယ်အရာကမှ မင်းကို သူ့မေတာနဲ့ မကွာစေနိုင်ဘူး၊ သူ့ရဲ့ ကျေးဇူးတရားက မင်းအတွက်
အလိုအပ်ဆုံးဖြစ်တယ်ဆိုတဲ့ ဂတိတော်ပေါ်မှာ ငြိမ်သက်ခြင်းကို ရယူလိုက်ပါ။ ဒါဖြင့်ရင် မင်း ဒသီချင်းကို ယုံကြည်စိတ်ချစွာ သီဆိုနိုင်မှာ ဖြစ်တယ်။
ဘုရားကောင်းကြီးရှိပါစေ။
Nick Hall
About this Plan

ဤကျေးဇူးတော်သီချင်းကို ဆည်းကပ်ကိုးကွယ်ခြင်းဖြင့် သင့်အတွက် ဘုရားသခင်၏မေတ္တာတော်၏ နက်နဲမှုကို ရှာဖွေပါ။ ဧဝံဂေလိဆရာ Nick Hall သည် သင့်အပေါ် သီဆိုထားသော ဘုရားသခင်၏ ကျေးဇူးတော်သီချင်းတွင် ပါဝင်ရန် သင့်အား ဖိတ်ခေါ်သည့် အားကောင်းသည့် 5 ရက်ကြာ ဝတ်ပြုဆုတောင်းမှုမှတစ်ဆင့် သင့်ကို လမ်းညွှန်ပေးမည်ဖြစ်သည်။
More
Related Plans

Connect With God Through Remembrance | 7-Day Devotional

Extraordinary Christmas: 25-Day Advent Devotional

Bible in a Year Through Song

REDEEM: A Journey of Healing Through Divorce and Addiction

God's Purposes in Motherhood

Small Wonder: A Christmas Devotional Journey

I Am Happy: Finding Joy in Who God Says I Am

Spirit + Bride

Romans: Faith That Changes Everything
