စိတ်ဓာတ်ကျခြင်းမှ လွတ်မြောက်လမ်းနမူနာ

ဘုရားသခင်၏ ဆေးညွှန်းတော်
မိမိခန္ဓာ၊ စိတ်၊ ဝိညာဉ်သုံးပါးတို့သည် အပြန်အလှန် ဆက်စပ်လျက် လုပ်ဆောင်ပုံကို နားလည်သဘောပေါက်လာပြီဟု ယုံကြည်မျှော်လင့်ပါသည်။ အနုတ်လက္ခဏာစိတ်ခံစားမှုများသည် တစ်ခါတစ်ရံ စိတ်ဓာတ်ကျရောဂါသို့ ရောက်စေတတ်သည်ဟု ကျွန်တော်တို့ သိရှိလာခဲ့ပါသည်။ ဤဝိညာဉ်ဆိုင်ပြိုင်တိုက်လှန်ပွဲတွင် အထောက်အကူဖြစ်သော သိပ္ပံနည်းကျနိယာမများနှင့် သမ္မာကျမ်းစာတို့ကို ကျွန်တော်တို့ ဖတ်ရှုလေ့လာခဲ့ပါသည်။
အဓိက၊ ဘုရားသခင်သည် မိမိ၏ သားတော်၊ နှုတ်ကပတ်တော်နှင့် မိမိဖန်ဆင်းထားသော ကမ္ဘာလောကမှတစ်ဆင့် ကျွန်တော်တို့အား ကုသနည်းတစ်ရပ် ပေးသနားတော်မူပြီ။ ကျွန်တော်တို့၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ်တို့ကို ပြန်လည်သုံးသပ်ကြည့်ရှုခြင်းအားဖြင့် ဤသမ္မာတရားကို မြင်တွေ့၍ သဘောပေါက်သွားပါလိမ့်မည်။
မိမိဦးနှောက်၏ အရေးပါမှုကို ကျွန်တော်တို့ သင်ယူခဲ့ရပါသည်။ ဤအစိတ်အပိုင်းသည် အလွန်အရေးကြီးပါသည်။ မိမိဦးနှောက်သည် ထိရောက်စွာ လှုပ်ရှားစေနိုင်ရန်အတွက် အချို့သောအရာများ လိုအပ်ပါသည်။ ရှေးဦးစွာ၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာကို စားရမည်ဖြစ်သည်။ မိမိဦးနှောက်သည် လုံလောက်သော အာဟာရဓာတ်များ လိုအပ်ပါသည်။
ဒုတိယအချက်မှာ၊ ပုံမှန်လေ့ကျင့်ခန်းပြုခြင်းကို လိုအပ်ပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် အောက်ဆီဂျင်သည် ဦးနှောက်သို့ ရောက်ရှိပြီး ဦးနှောက်မှ ပျော်ရွှင်စေသော အင်ဒိုဖင်းဓာတ်များ (endorphins) ထုတ်လွှတ်ပေးပါသည်။ တတိယအချက်မှာ၊ မူးယစ်ဆေးဝါးနှင့် အရက်ကို ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။ ၎င်းအရာများသည် မိမိဦးနှောက်အဖို့ အဆိပ်အတောက်ဖြစ်စေပြီး သိ၍ပိုင်ခြားသောဉာဏ်ကို ထိခိုက်လျက် မှားသောဆုံးဖြတ်ချက်ခြင်းနှင့် စွဲလမ်းမှုကို ပြုစုစေတတ်ပါသည်။
ကျွန်တော်တို့၏ အစွမ်းထက်ဆုံးသော လက်နက်တည်းဟူသော ဆုံးဖြတ်ချက်ချမှုနှင့် ကျွန်တော်တို့၏ စိတ်ကို ၎င်းအမှုဖြင့် အသစ်ပြန်လည်ဖြည့်တင်းစေခြင်းအကြောင်းကိုလည်း ကျွန်တော်တို့ ဆွေးနွေးခဲ့ပါသည်။ သမ္မာတရားနှင့်အညီ မှန်ကန်သောဆုံးဖြတ်ချက်များသည် ကျွန်တော်တို့၏ ဦးနှောက်၏ ဆက်သွယ်မှုများအား ပိုမိုကောင်းမွန်စေသလို မိမိအတွေးအခေါ်နှင့် ဘဝနေထိုင်မှုကိုလည်း ပိုမိုတိုးထက်စေပါသည်။
မိမိစိတ်ကျန်းမာရေးသည် မိမိကိုယ်ခန္ဓာကျန်းမာရေးနှင့် တူညီပါသည်။ ဥပမာ၊ အလေးမများကို မကြာခဏ မလျှင်၊ မိမိကြွက်သားများအား ပိုမိုသန်မာလာလျက် လေ့ကျင့်ခန်းပြုလုပ်ခြင်းလည်း ပိုမိုလွယ်ကူလာပါသည်။ မှန်ကန်သောဆုံးဖြတ်ချက်ချမှုသည် မိမိစိတ်အတွက် လေ့ကျင့်ခန်းတစ်မျိုး ဖြစ်ပါသည်။
သို့ရာတွင်၊ ကျွန်တော်တို့၏ ဝိညာဉ်ဆိုင်ပြိုင်တိုက်လှန်ပွဲအတွက် နောက်ထပ် လက်နက်တစ်ခုလည်း ရှိပါသေးသည်။ ဤလက်နက်သည် ဆေးဝါးများပင် ဖြစ်ပါသည်။ အကယ်၍၊ စိတ်ရောဂါဆိုင်ရာ ဆေးဝါးများသည် မည်သည့်ရောဂါကိုမျှ ချက်ချင်း မပျောက်စေနိုင်သော်လည်း၊ ၎င်းဆေးဝါးတို့သည် စိတ်ဓာတ်ကျရောဂါလက္ခဏာများနှင့် ၎င်းတို့၏ ဆိုးကျိုးများကို သိသာစွာ လျော့စေတတ်ပါသည်။ ဤဆေးအသုံးပြုခြင်းအားဖြင့် အစားအသောက်နှင့် လေ့ကျင့်ခန်းကို ပုံမှန်ပြုစေဖို့ အကူအညီ ပေးတတ်သလို၊ စိတ်ဖိစီးမှု စီမံခန့်ခွဲခြင်း၊ အချိန်စီမံခန့်ခွဲခြင်း၊ ပဋိပက္ခဖြေရှင်းခြင်း၊ မိတ်သဟာယဆက်ဆံရေးနှင့် စိတ်ခံစားမှု စီမံခန့်ခွဲခြင်းစွမ်းရည်များအား ပိုမိုကောင်းစေဖို့ အကူအညီ ပေးတတ်ပါသည်။ စိတ်ရောဂါဆိုင်ရာ ဆေးဝါးများသည် ကိုယ်ပိုင်စည်းကမ်းထိန်းသိမ်းခြင်း၊ စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်ခြင်း၊ ဘုရားသခင်ကို မှီခိုကိုးစားခြင်းနှင့် သမ္မာတရားနှင့်အညီ အသက်ရှင်ခြင်းတို့ကိုလည်း ကူညီပေးနိုင်ပါသည်။
ဤကောင်းသော အလေ့အကျင့်များကို ပြုစုပျိုးထောင်သောအခါ၊ လများအကြာတွင် အသီးကိုသီးပါလိမ့်မည်။ အချို့သူများသည် ဆေးကို စိုးရိမ်ကြောက်ရွံ့ကြသော်လည်း၊ ကျွန်တော်တို့အဖို့ ပိုမိုကောင်းမွန်စွာ အသက်ရှင်စေရန်အတွက် ဘုရားသခင်သည် သိပ္ပံပညာမှတစ်ဆင့် ဆေးကို ပေးသနားတော်မူပြီ။ သို့သော်၊ ဆေးကို သောက်လျှင်၊ ကျွမ်းကျင်ဆရာဝန်တစ်ယောက်မှ ညွှန်ကြားပြီး မှန်ကန်စွာ သုံးစွဲရမည်ဖြစ်ပါသည်။
နောက်ဆုံးအနေဖြင့်၊ ကျွန်တော်တို့သည် အပြစ်တရား၊ သေခြင်းတရားနှင့် နတ်ဆိုးတို့ကို ဆန့်ကျင်တိုက်ခိုက်ရာတွင် ဘုရားသခင်ထံမှ အစွမ်းသတ္တိ၊ ဉာဏ်တ္တိနှင့် ဦးဆောင်မှုတို့ကို လိုအပ်ပါသည်။ ကျွန်တော်တို့တွင်ရှိ အကြီးမားဆုံးသော လက်နက်များမှာ ခရစ်တော်ဘုရား၏ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တရား ဖြစ်ပါသည်။ သမ္မာကျမ်းစာသည် နေ့စဉ်နေထိုင်စေဖို့ အကောင်းဆုံးသော လမ်းပြညွှန်ကြားကျမ်းဂန် ဖြစ်ပါသည်။ ဤအရာများကို အားကိုးလိုက်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ကိုယ်ကိုသတ်ခြင်းသည် ကူးစက်ရောဂါတစ်မျိုး ဖြစ်လာနေသည်။ ကျွန်တော်တို့အားလုံး ဝမ်းနည်းလျက် စိတ်ဓာတ်ကျဖူးခဲ့ပါသည်။ သို့သော်၊ ကျွန်တော်တို့သည် စိတ်ဓာတ်ကျရောဂါကို ခံစားနေရသည် (သို့) ကိုယ်ကိုသတ်ဖို့ အန္တရာယ်ရှိနေသည်ဟု ဆိုလိုပါသလား။ မိတ်ဆွေသည် စိတ်ဓာတ်ကျခြင်းနှင့်ပတ်သက်၍ မေးမြန်းဖွယ်ရာ ရှိကောင်းရှိနိုင်ပါသည်။ ဤအစီစဉ်တွင်၊ ဘုရားသခင်သည် ကျွန်တော်တို့၏ မနောစိတ်ကို မည်သို့ဖန်ဆင်းတော်မူသည်ကို စိတ်ပညာဆိုင်ရာသိပ္ပံများကို အသုံးပြု၍ စိတ်ဓာတ်ကျခြင်းကို ဖော်ပြထားလျက် အကြောင်းအရင်းများ၊ လက္ခဏာများနှင့် စိတ်ဓာတ်ကျခြင်းမှ လွတ်မြောက်ရန်နည်းလမ်းများနှင့် ဘုရားသခင်၏ လောကုတ္တရာငြိမ်သက်ခြင်းနှင့် ရွှင်လန်းခြင်းကို ပြန်လည်ရရှိနိုင်သည့်နည်းလမ်းများကို ခရစ်ယာန်စိတ္တပညာရှင် ဆရာဝန်ကြီး ဒေါက်တာ ကားလ်ဘန်ဇီယို (Karl Benzio) အား သမ္မာတရားနှင့်အညီ ထိထိမိမိ ရှင်းပြထားပါသည်။
More
စပ်ဆိုင်သော အစီအစဉ်များ

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

ဖတ်သောအရာကို နားလည်ပါသလား

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်
