YouVersion လိုဂို
ရှာရန် အိုင်ကွန်

စိတ်ဓာတ်ကျခြင်းမှ လွတ်မြောက်လမ်းနမူနာ

Breaking Free From Depression

6 ၏ နေ့ 2

ဝမ်းနည်းခြင်းနှင့် စိတ်ဓာတ်ကျခြင်း

လူများအားလုံးသည် ဝမ်းနည်းခြင်းကို နားလည်သဘောပေါက်ကြပါသည်။ ဝမ်းနည်ဖွယ်ရာသီချင်းအမျိုးမျိုးရှိသည် မဟုတ်ပါလား။ သို့ရာတွင်၊ ၎င်းသီချင်းများ၏ အဆုံး၌ မျှော်လင့်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို အမြဲတမ်းပါပါသည်။ ဤဝမ်းနည်းခြင်းသည် ခေတ္တခဏတည်သော ဝမ်းနည်းခြင်းပင် ဖြစ်ပါသည်။

ကာတွန်းတစ်ပိုဒ်သည် မတူညီသော ဝမ်နည်းခြင်းအကြောင်းကို ဖော်ပြထားပါသည်။ ဤကာတွန်းဇာတ်ကောင်က၊ ငိုခြင်းသည် ကျွန်တော်အား နှေးကွေးစေပြီး မိမိအသက်တာရှိ ပြဿနာများကို သာ၍စိတ်စွဲလမ်းစေသည်ဟု ပြောဆိုခဲ့ပါသည်။ ဤအရာသည် ဝမ်းနည်းဖွယ်သီချင်းများထက် ပိုမိုပြင်းထန်သော ဝမ်းနည်းခြင်း ဖြစ်ပါသည်။ လူတချို့သည် ၎င်းခံစားချက်ကို စိတ်ဓာတ်ကျခြင်းဟု ခေါ်ဝေါ်ကြပါသည်။

ထို့ကြောင့်၊ ဤခံစားချက်များအား မည်သို့ကွာခြားနိုင်ပါသနည်း။ ဝမ်းနည်းခြင်းသည် မထူခြားသော ခံစားချက်တစ်ခု ဖြစ်ပါသည်။ လူသားများသည် လောကဓံတရား၌ ကျင်လည်စဉ်တွင် ဝမ်းနည်းခြင်းကို ပုံမှန်ခံစားရပါသည်။ အကယ်၍၊ ဝမ်းနည်းခြင်းသည် ခဏသာ တည်ပြီး မိမိအာရုံကိုမလွဲဘဲလျက် မိမိဖြစ်တည်ခြင်း၊ ဘုရားသခင်အပေါ်ယုံကြည်ခြင်းနှင့် မိမိအသက်တာအမြင်ကိုလည်း မပျက်ဆီးနိုင်ပေ။

သို့သော်၊ စိတ်ဓာတ်ကျခြင်းသည် ပိုမိုပြင်းထန်သောအရာတစ်ခု ဖြစ်ပါသည်။ ဤဝမ်းနည်းခြင်းသည် ပိုမိုနက်ရှိုင်းပြီး ရက်သတ္တပတ်များစွာ (သို့) လပေါင်းများစွာ တည်ရှိနေပါက၊ တရားဝင်သော စိတ်ဓာတ်ကျရောဂါအဖြစ်သို့ ပြောင်းလဲစေတတ်ပါသည်။ စိတ်ဓာတ်ကျခြင်းသည် ဝမ်းနည်းခြင်းနှင့် မတူညီဘဲ မိမိဖြစ်တည်ခြင်း၊ ဘုရားသခင်အပေါ်ယုံကြည်ခြင်းနှင့် မိမိအသက်တာအမြင်ကိုလည်း ပျက်ဆီးစေတတ်ပါသည်။

၎င်းခံစားချက်များတို့သည် ကွာခြားကြကုန်အံ့။

  • စိတ်ဓာတ်ကျခြင်းသည် မိမိကိုယ်မိမိယုံကြည်ခြင်းကို ပျက်ဆီးစေတတ်သည်။ ဝမ်းနည်းခြင်းကို မပျက်ဆီးနိုင်ပါ။
  • စိတ်ဓာတ်ကျခြင်းသည် ရက်သတ္တပတ်များစွာ (သို့) လပေါင်းများစွာ တည်တတ်ပါသည်။ ဝမ်းနည်းခြင်းသည် နာရီပိုင်းများ (သို့) နေ့ရက်ပိုင်းများသာ တည်တတ်ပါသည်။
  • ဝမ်းနည်းခြင်း၌ မျှော်လင့်ခြင်းကို ရရှိခံစားတတ်ပါသည်။ စိတ်ဓာတ်ကျခြင်း၌ မျှော်လင့်ခြင်းကို မခံစားနိုင်ပေ။
  • စိတ်ဓာတ်ကျခြင်းသည် မိမိအသိုင်းအဝိုင်းတို့ကို ပျက်ဆီးစေတတ်ပါသည်။
  • စိတ်ဓာတ်ကျခြင်းသည် အလွန်ရေးကြီးသော စိတ်ရောဂါတစ်မျိုး ဖြစ်ပါသည်။ ဝမ်းနည်းခြင်းသည် ပုံမှန်ပြီး အကျိုးပေးသည့် သတိပေးစနစ် ဖြစ်ပါသည်။

သမ္မာကျမ်းစာတွင်၊ ခရစ်တော်ကို သစ္စာဖောက်ခဲ့သော တမန်တော်ကြီး ရှင်ပေတရုနှင့် ရှင်ယုဒအားဖြင့် စိတ်ဓာတ်ကျခြင်းဥပမာ (၂) ခုကို ဖော်ပြပထားပါသည်။ မိမိဩတ္တပ္ပစိတ်ရှိ သံဝေဂအားဖြင့် ရှင်ပေတရုသည် အရှင်ယေရှုဘုရားထံသို့ အော်ဟစ်ပြီး သူ၌ မျှော်လင့်ခြင်းနှင့် ချမ်းသာခြင်းကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ သို့သော်၊ ရှင်ပေတရုနှင့်မတူဘဲ၊ ရှင်ယုဒသည် အရှင်ယေရှုဘုရားထံသို့ မသွားခဲ့သောကြောင့် ပိုမိုဆိုးရွားသောအခြအနေသို့ သက်ရောက်ခဲ့ပါသည်။ အကယ်၍၊ သမ္မာကျမ်းစာတွင် စိတ်ဓာတ်ကျသူများကို အလွန်များလှပါသည်။

ဤအစီအစဉ်အကြောင်း

Breaking Free From Depression

ကိုယ်ကိုသတ်ခြင်းသည် ကူးစက်ရောဂါတစ်မျိုး ဖြစ်လာနေသည်။ ကျွန်တော်တို့အားလုံး ဝမ်းနည်းလျက် စိတ်ဓာတ်ကျဖူးခဲ့ပါသည်။ သို့သော်၊ ကျွန်တော်တို့သည် စိတ်ဓာတ်ကျရောဂါကို ခံစားနေရသည် (သို့) ကိုယ်ကိုသတ်ဖို့ အန္တရာယ်ရှိနေသည်ဟု ဆိုလိုပါသလား။ မိတ်ဆွေသည် စိတ်ဓာတ်ကျခြင်းနှင့်ပတ်သက်၍ မေးမြန်းဖွယ်ရာ ရှိကောင်းရှိနိုင်ပါသည်။ ဤအစီစဉ်တွင်၊ ဘုရားသခင်သည် ကျွန်တော်တို့၏ မနောစိတ်ကို မည်သို့ဖန်ဆင်းတော်မူသည်ကို စိတ်ပညာဆိုင်ရာသိပ္ပံများကို အသုံးပြု၍ စိတ်ဓာတ်ကျခြင်းကို ဖော်ပြထားလျက် အကြောင်းအရင်းများ၊ လက္ခဏာများနှင့် စိတ်ဓာတ်ကျခြင်းမှ လွတ်မြောက်ရန်နည်းလမ်းများနှင့် ဘုရားသခင်၏ လောကုတ္တရာငြိမ်သက်ခြင်းနှင့် ရွှင်လန်းခြင်းကို ပြန်လည်ရရှိနိုင်သည့်နည်းလမ်းများကို ခရစ်ယာန်စိတ္တပညာရှင် ဆရာဝန်ကြီး ဒေါက်တာ ကားလ်ဘန်ဇီယို (Karl Benzio) အား သမ္မာတရားနှင့်အညီ ထိထိမိမိ ရှင်းပြထားပါသည်။

More

ဤအစီအစဉ်ကို ပြုပြင်စီစဉ်ခဲ့သော OneHope (http://onehope.net/) နှင့် Lighthouse Network ၏ တည်ထောင်သူနှင့် ဒါရိုက်တာ ဒေါက်တာ ကားလ်ဘန်ဇီယို (Karl Benzio) တို့အား ကျွန်တော်တို့ ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ ဤဝဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုပါ- http://lighthousenetwork.org/