စိတ်ဓာတ်ကျခြင်းမှ လွတ်မြောက်လမ်းနမူနာ

စိတ်ဓာတ်ကျရောဂါသည် မည်မှဆင်းသက်လာသနည်း
လူတစ်ယောက်အား စိတ်ဓာတ်ကျခြင်းကို ခံစားစေသောအရာသည် အဘယ်အရာဖြစ်သည်ကို တွေးဖူးပါသလား။ အကယ်၍၊ ဆုံးဖြတ်ချက်အချို့သည် ရှုပ်ထွေးပြီး အချို့မှာ ရိုးရှင်းသော်လည်း၊ ဆုံးဖြတ်ချက်တစ်ခုစီသည် အဓိကအားဖြင့် မိမိအမြင်နှင့် မိမိစိတ်ခံစားမှုများ၌ မှုတည်ပါသည်။
မိမိစိတ်ခံစားမှုများသည် ဆုံးဖြတ်ချက်ချအမှု၌ အလွန်ရေးကြီးသော တစ်ကဏ္ဍ ဖြစ်ပါသည်။ နောက်ဆုံးညစာစားပွဲတွင်၊ အရှင်ယေရှုဘုရားသည် ရှင်ပေတရုအား နာရီအနည်းငယ်အတွင်း ခရစ်တော်ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူခဲ့ပါသည်။ ရှင်ပေတရုက၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည် ကိုယ်တော်ကို မငြင်းမပယ်ပါဟု လျှောက်ပြန်ခဲ့သည်။
သို့သော်၊ နာရီအနည်းငယ်အကြာတွင်၊ ရှင်ပေတရုသည် မှန်ကန်သောလမ်းကို သိသော်လည်း၊ သူ၏ စိတ်ခံစားမှုများကို မနိုင်ဘဲလျက် အရှင်ယေရှုဘုရားကို (၃) ကြိမ်တိုင်အောင် ငြင်းပယ်ခဲ့ပါသည်။ မိတ်ဆွေလည်း စိတ်ဖိစီးမှု (သို့) စိတ်ခံစားမှုများနှင့် ခက်ခဲသောအချိန်တွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပါသလား။ ဤဆုံးဖြတ်ချက်သည် ကောင်းသလား၊ မကောင်းဘူးလားဟု မိမိကိုယ်မိမိ မေးမြန်းဖူးပါသလား။ ကျွန်တော်တို့သည် စိတ်အေးပြီး ရှင်းလင်းစွာ မြင်နိုင်သည့်အခါ၊ ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များကို ချနိုင်ပါသည်။ ဤအမှုသည် စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ခြင်းဟု သမ္မာကျမ်းစာဖော်ပြထားပါသည်။
ဆုံးဖြတ်ချက်ချမှုသည် ကျွန်တော်တို့၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ်တို့၏ ပေါင်းစည်းမှုတစ်ခု ဖြစ်ပါသည်။ ကျွန်တော်တို့၏ ကိုယ်ခန္ဓာ၏ ဖွဲ့စည်းပုံသည် မိမိဆုံးဖြတ်ချက်များ၌ မှုတည်ပါသည်။ ဤအရာသည် ဦးနှောက်ဆက်သွယ်မှုများ (brain circuits) ဟု ခေါ်ဝေါ်ပါသည်။ ကျွန်တော်တို့၏ တန်ဖိုးထားမှုများနှင့် တွေးခေါ်များသည် မိမိစိတ်ဝိညာဉ်မှ ဆင်းသက်လာပါသည်။
ဤသမ္မာတရားသည် ဘုရားသခင်နှင့် သူ၏နှုတ်ကပတ်တော်တရား၌ ရှိပါသည်။ သမ္မာတရားနှင့်အညီ ဆုံးဖြတ်ချက်ချသောအခါ၊ ကျွန်တော်တို့၏ စိတ်ဝိညာဉ်သည် ဘုရားသခင်ဖန်ဆင်းတော်မူသော ရည်ရွယ်ချက်အတိုင်း လုပ်ဆောင်စေပါသည်။ အဓိကသော့ချက်ကတော့၊ မှန်ကန်သော ဆုံးဖြတ်ချက်များသည် ပိုမိုကျန်းမာသော ဦးနှောက်ဆက်သွယ်မှုများကို ပြုစုစေ၍ မိမိစိတ်ကို ပိုမိုရှင်းလင်းလာစေလျက် သမ္မာတရားကိုလည်း ပိုမိုအသုံးပြုစေနိုင်ပါသည်။
ကျွန်တော်တို့အားလုံး မကောင်းမမှန်သော ဆုံးဖြတ်ချက်များစွာ ချခဲ့ကြပါသည်။ မိတ်ဆွေ၏ ဆုံးဖြတ်ချက်အချို့ကို ပြန်လည်သတိရနေပါသလား။ မကောင်းမမှန်သော ဆုံးဖြတ်ချက်များသည် မိမိဦးနှောက်ဆက်သွယ်မှုကို ထိခိုက်ပျက်စီးစေပါသည်။ အကယ်၍၊ မိမိစိတ်နှင့် ဝိညာဉ်၏ ကျန်းမာရေးကို မစောင့်ရှောက်ပါက၊ မိမိကိုယ်ကိုအထင်သေးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဒဏ်ရာဖြစ်ပြီးနောက်ဖိစီးမှုရောဂါ (PTSD)၊ စိုးရိမ်ပူပန်ခြင်း၊ ကိုယ့်ကိုယ်ကိုယ်ထိခိုက်စေခြင်း၊ လိမ်ညာပြောဆိုခြင်း၊ အနိဋ္ဌာရုံများနှင့် စွဲလမ်းမှုတို့ကို ပြုစုစေနိုင်ပါသည်။
မိမိအတိတ်သမိုင်းရှိ မမှန်သောဆုံးဖြတ်ချက်များကို မည်သို့ပင်ရှိသည်ဖြစ်ပါစေ၊ သတင်းကောင်းက၊ အရှင်ယေရှုဘုရားသည် မိတ်ဆွေ၏ အပြစ်အတွက် အသေခံတော်မူပြီ။ ဘုရားသခင်ကို ယုံကြည်အားကိုးသူအားလုံးအား ခွင့်လွှတ်ချမ်းသာ ရရှိခံစားပါသည်။ ထို့နောက်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်တော်တို့၌ ကိန်းဝပ်စေရန် ကြွလာ၍ ကျွန်တော်တို့၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ် (၃) ပါးတို့ကို အားဖြည့်စေရန် ကုသပေးနိုင်ပါသည်။ ကိုယ်တော်ဘုရား၏ မဟာကျေးဇူးတော်အားဖြင့်၊ ကျွန်တော်တို့သည် မိမိကိုယ်ကို ငြင်းပယ်ပြီး၊ သမ္မာတရားနှင့်အညီ ဆုံးဖြတ်ချက်များ ချမှတ်နိုင်လျက် မိမိစိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်နိင်ပါသည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ကိုယ်ကိုသတ်ခြင်းသည် ကူးစက်ရောဂါတစ်မျိုး ဖြစ်လာနေသည်။ ကျွန်တော်တို့အားလုံး ဝမ်းနည်းလျက် စိတ်ဓာတ်ကျဖူးခဲ့ပါသည်။ သို့သော်၊ ကျွန်တော်တို့သည် စိတ်ဓာတ်ကျရောဂါကို ခံစားနေရသည် (သို့) ကိုယ်ကိုသတ်ဖို့ အန္တရာယ်ရှိနေသည်ဟု ဆိုလိုပါသလား။ မိတ်ဆွေသည် စိတ်ဓာတ်ကျခြင်းနှင့်ပတ်သက်၍ မေးမြန်းဖွယ်ရာ ရှိကောင်းရှိနိုင်ပါသည်။ ဤအစီစဉ်တွင်၊ ဘုရားသခင်သည် ကျွန်တော်တို့၏ မနောစိတ်ကို မည်သို့ဖန်ဆင်းတော်မူသည်ကို စိတ်ပညာဆိုင်ရာသိပ္ပံများကို အသုံးပြု၍ စိတ်ဓာတ်ကျခြင်းကို ဖော်ပြထားလျက် အကြောင်းအရင်းများ၊ လက္ခဏာများနှင့် စိတ်ဓာတ်ကျခြင်းမှ လွတ်မြောက်ရန်နည်းလမ်းများနှင့် ဘုရားသခင်၏ လောကုတ္တရာငြိမ်သက်ခြင်းနှင့် ရွှင်လန်းခြင်းကို ပြန်လည်ရရှိနိုင်သည့်နည်းလမ်းများကို ခရစ်ယာန်စိတ္တပညာရှင် ဆရာဝန်ကြီး ဒေါက်တာ ကားလ်ဘန်ဇီယို (Karl Benzio) အား သမ္မာတရားနှင့်အညီ ထိထိမိမိ ရှင်းပြထားပါသည်။
More
စပ်ဆိုင်သော အစီအစဉ်များ

ဖတ်သောအရာကို နားလည်ပါသလား

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

BibleProject | ကားစင်တင်ခြင်းခံဘုရင်
