YouVersion လိုဂို
ရှာရန် အိုင်ကွန်

စိတ်ဓာတ်ကျခြင်းမှ လွတ်မြောက်လမ်းနမူနာ

Breaking Free From Depression

6 ၏ နေ့ 3

စိတ်ဓာတ်ကျရောဂါသည် ဘာနည်း

(၂၀၀၈) ခုနှစ်တွင် စတော့ဈေးကွက် (Stock Market) ရုတ်တရက် ပြိုလဲခဲ့ပါသည်။ လူထောင်ပေါင်းများစွာသည် မိမိတို့၏ ဘဏ္ဍာရေးဆိုင်ရာအစုစည်းနှင့် ရင်းနှီးမြှပ်နှံများကို ဆုံးရှုံးပျက်စီးသွားခဲ့ပါသည်။ ဗြိတိသျှဆေးပညာဂျာနယ်အရ၊ ၎င်းဆုံးရှုံးမှုအားဖြင့် လူ (၅၀၀၀) ခန့် ကိုယ်ကိုသတ်ခဲ့ကြပါသည်။

အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ ကျွန်တော်တို့သည် သင်္ခါရလောက၌ နေထိုင်ကြောင့်ဟု သမ္မာကျမ်းစာ ဖော်ပြထားပါသည်။ ကျွန်တော်တို့၏ အပြစ်တရားအားဖြင့် ဤသင်္ခါရလောကကို ပိုမိုပျက်ဆီးသလို သူတစ်ပါး၏ အပြစ်တရားအားဖြင့် အမင်္ဂလာများနှင့် ဆိုးကျိုးများတို့ကို ရရှိခံစားပါသည်။ ကျွန်တော်တို့၏ မိဘများ၊ ဆရာများ၊ သူဌေးများနှင့် သူငယ်ချင်းများကို ကျေနပ်စေဖို့ လောကီပုံသဏ္ဌာန်ကို ဆောင်သောအလေ့ ရှိကြပါသည်။ ထို့ကြောင်း၊ အခက်အခဲတစ်ခုခုအားဖြင့် စိတ်ဓာတ်ကျခြင်းသို့ အလွယ်တကူ ရောက်စေတတ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အရ၊ စိတ်ဓာတ်ကျခြင်းသည် ကမ္ဘာတစ်ဝန်းရှိ မသန်စွမ်းမှု၏ အဓိကအကြောင်းအရင်းဖြစ်သလို၊ (၁၅) နှစ်မှ (၂၉) နှစ်အရွယ်ထိ လူငယ်များအတွက် သေဆုံးမှု၏ ဒုတိယအဓိကအကြောင်းအရင်းဖြစ်သည်ဟု ပြောကြားထားပါသည်။

မိတ်ဆွေသည် စိတ်ဓာတ်ကျရောဂါအကြောင်းကို ကြားဖူးကောင်းကြားဖူးနိုင်ပါသည်။ အကယ်၍ ဆေးပညာအရ၊ စိတ်ဓာတ်ကျရောဂါသည် စိတ်ဓာတ်ကျခြင်းထက် ပိုမိုပြင်းထန်ပါသည်။ ဝမ်းနည်းခြင်းသည် ပိုမိုဆိုးရွာလာပြီး လပေါင်းများစွာ တည်နေသောအခါ၊ စိတ်ဓာတ်ကျရောဂါဖြစ်သည်ဟု အသိအမှတ်ပြုပါသည်။

ထို့ကြောင်း၊ စိတ်ဓာတ်ကျရောဂါနှင့် သာမန်စိတ်ခံစားချက်များကို မည်သို့ပိုင်၍သိနိုင်ပါသနည်း။ အောက်တွင် စိတ်ဓာတ်ကျရောဂါ၏ လက္ခဏာများကို စနစ်တကျ ဖော်ပြထားပါသည်။ အကယ်၍ မိတ်ဆွေသည် အောက်ပါလက္ခဏာ (၅) ခုကို ရက်သတ္တပတ် (၂) ပတ်ထက် ပိုကြာရှည်စွာ ခံစားနေရပါက၊ စိတ်ဓာတ်ကျရောဂါကို ရှိကောင်းရှိနိုင်ပါသည်...

  • မိမိအသက်တာ၌ မျှော်လင့်ခြင်းမရှိသလို၊ အဓိပ္ပာယ်မဲ့ပြီး၊ စိတ်တိုလွယ်လျက်၊ ဝမ်းနည်းလွယ်လျက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်သည်ဟု ယူဆမိခြင်း။
  • ဝါသနာကင်းခြင်း၊ လှုပ်ရှားမှုနည်းခြင်း (သို့) မိမိအသက်တာ၌ ပျော်ရွှင်ခြင်းမရှိဟု ယူဆမိခြင်း။
  • မိမိစားချင်သောစိတ်၌ ပြောင်းလဲခြင်း - ဥပမာ၊ ကိုယ်အလေးချိန် အလွန်တိုးလာခြင်း (သို့) အလွန်ကျဆင်းခြင်း။
  • ညကြီးမှာ အလွန်လှုပ်ရှားခြင်း၊ အိမ်မပျော်ခြင်း (သို့) အလွန်အိမ်ခြင်း၊ နံနက်ပိုင်းတွင် မထနိုင်ခြင်း။
  • စိတ်အနှောင့်အယှက်ခြင်း (သို့) စိတ်နှေးကွေးခြင်း၊ ရှေ့တိုးနောက်ငင် လမ်းလျှောက်ခြင်း၊ လွန်ကဲသော (သို့) ထပ်ခါတလဲလဲ အပြုအမူများ။
  • အားနည်းခြင်း၊ မိတ်သဟာယကို ရှောင်ခြင်း၊ မိမိနေ့စဉ်ပြုသောအမှုတို့ကို ရှောင်ခြင်း၊ စိတ်ပျက်ငြီးငွေ့ခြင်း။
  • မိမိကိုယ့်ကို ဝေဖန်ခြင်း၊ ငြင်းပယ်ခံရမှုအပေါ် အလွန်ခံစားရခြင်း၊ မိမိတန်ဖိုးကို မေ့လျော့ခြင်း (သို့) မိမိဩတ္တပ္ပစိတ်ကို မသန့်ဘဲ သံဝေဂကို အလွန်ခံစားရခြင်း။
  • ကျောင်း (သို့) အလုပ်တွင် မိမိစွမ်းဆောင်ရည်ကို လျော့ခြင်း၊ မကြာခဏ ပျက်ကွက်ခြင်း၊ အာရုံစူးစိုက်ရန် (သို့) တွေးခေါ်ရန် အလွန်ခဲခြင်း။
  • သေခြင်းတရား (သို့) ကိုယ်ကိုသတ်ခြင်းအကြောင်း အလွန်စွဲလမ်းလျက် တွေးတောခြင်း၊ မိမိနှစ်သက်သော ပစ္စည်းဥစ္စာများကို စွန့်ခြင်း၊ အကျွန်ုပ်မရှိလျှင် သာ၍ကောင်းသည်ဟု ပြောဆိုတွေးမိခြင်း။

စိတ်ဓာတ်ကျခြင်းအမျိုးမျိုး ရှိပါသည်။ ဥပမာ၊ ရာသီအလိုက် စိတ်ဓာတ်ကျခြင်း၊ ကလေးမွေးဖွားပြီးနောက် စိတ်ဓာတ်ကျခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ထပ်ခံစားမှု စိတ်ဓာတ်ကျခြင်းတို့ကို ရှိပါသည်။ စိတ်ဓာတ်ကျခြင်းကို ခံစားနေရသူတို့အတွက် စစ်မှန်သော မျှော်လင့်ခြင်း ရှိပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်တော်တို့၏ ခံစားချက်များကို အောင်မြင်စွာ ကျော်လွှားနိုင်ပုံနှင့် အပြစ်တရား၏ ချုပ်နှောင်ခြင်းမှ လွတ်မြောက်မှုကို ခံစားရရှိနိုင်ပုံတို့ကို ဖော်ပြထားပေးပါသည်။

ဤအစီအစဉ်အကြောင်း

Breaking Free From Depression

ကိုယ်ကိုသတ်ခြင်းသည် ကူးစက်ရောဂါတစ်မျိုး ဖြစ်လာနေသည်။ ကျွန်တော်တို့အားလုံး ဝမ်းနည်းလျက် စိတ်ဓာတ်ကျဖူးခဲ့ပါသည်။ သို့သော်၊ ကျွန်တော်တို့သည် စိတ်ဓာတ်ကျရောဂါကို ခံစားနေရသည် (သို့) ကိုယ်ကိုသတ်ဖို့ အန္တရာယ်ရှိနေသည်ဟု ဆိုလိုပါသလား။ မိတ်ဆွေသည် စိတ်ဓာတ်ကျခြင်းနှင့်ပတ်သက်၍ မေးမြန်းဖွယ်ရာ ရှိကောင်းရှိနိုင်ပါသည်။ ဤအစီစဉ်တွင်၊ ဘုရားသခင်သည် ကျွန်တော်တို့၏ မနောစိတ်ကို မည်သို့ဖန်ဆင်းတော်မူသည်ကို စိတ်ပညာဆိုင်ရာသိပ္ပံများကို အသုံးပြု၍ စိတ်ဓာတ်ကျခြင်းကို ဖော်ပြထားလျက် အကြောင်းအရင်းများ၊ လက္ခဏာများနှင့် စိတ်ဓာတ်ကျခြင်းမှ လွတ်မြောက်ရန်နည်းလမ်းများနှင့် ဘုရားသခင်၏ လောကုတ္တရာငြိမ်သက်ခြင်းနှင့် ရွှင်လန်းခြင်းကို ပြန်လည်ရရှိနိုင်သည့်နည်းလမ်းများကို ခရစ်ယာန်စိတ္တပညာရှင် ဆရာဝန်ကြီး ဒေါက်တာ ကားလ်ဘန်ဇီယို (Karl Benzio) အား သမ္မာတရားနှင့်အညီ ထိထိမိမိ ရှင်းပြထားပါသည်။

More

ဤအစီအစဉ်ကို ပြုပြင်စီစဉ်ခဲ့သော OneHope (http://onehope.net/) နှင့် Lighthouse Network ၏ တည်ထောင်သူနှင့် ဒါရိုက်တာ ဒေါက်တာ ကားလ်ဘန်ဇီယို (Karl Benzio) တို့အား ကျွန်တော်တို့ ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ ဤဝဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုပါ- http://lighthousenetwork.org/