YouVersion လိုဂို
ရှာရန် အိုင်ကွန်

စိတ်ဓာတ်ကျခြင်းမှ လွတ်မြောက်လမ်းနမူနာ

Breaking Free From Depression

6 ၏ နေ့ 1

ခံစားချက်များသည် အဘယ်ကြောင့် နာစေပါသနည်း

မိတ်ဆွေသည် စိုးရိမ်ပူပန်မှု၊ ဝမ်းနည်းမှု၊ ဒေါသကြီးမှု၊ ကြောက်ရွံ့မှု၊ သောက၊ မနာလိုမှုနှင့် အထီးကျန်မှုတို့ကို ခံစားဖူးပါသလား။ မိတ်ဆွေသည် ဤအနုတ်လက္ခဏာခံစားချက်တစ်ခု (သို့) အားလုံးကို အားနည်းခြင်း (သို့) ဘဝဆုံးရှုံးခြင်းနှင့် တူညီသည်ဟု ယူဆမိနေပါသလား။ ထိုအတွေးခေါ်သည် မမှန်ကန်ပါ။ သမ္မာကျမ်းစာတွင် ခမည်းတော်ဘုရား၊ သားတော်ဘုရားနှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၌ ခံစားချက်အမျိုးမျိုးရှိကြောင်း ကြိမ်ပေါင်းများစွာ ဖော်ပြထားသည်ကို သိပါသလား။ ဤလောကီအယူဆသည့် မကောင်းသောခံစားချက်တချို့ကို အတူတကွ လေ့လာကြည့်ရှုကြပါစို့။

(ထွ၊ ၂၀) တွင်၊ ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကို မုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏ အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သောဘုရားဖြစ်သည်ဟု ဖော်ပြတော်မူသည်။ အရှင်ယေရှုဘုရားသည် ဘာသာရေးခေါင်းဆောင်များ၏ လျှို့ဝှက်သောအကျင့်ကြောင့် ဒေါသထွက်မိသလို၊ ချစ်လှစွာသော သူငယ်ချင်းတစ်ယောက် ကွယ်လွန်ခြင်းကြောင့် အလွန်ဝမ်းနည်းလျက်၊ လက်ဝါးကပ်တိုင်းပေါ်တွင် ပြင်းထန်လှသော ဆင်းရဲဒုက္ခဝေဒနာကို ခံစားရသောအခါ၊ စွန့်ပစ်ခံခြင်းကိုလည်း ရှရှိခံစားတော်မူခဲ့ပါသည် (မ၊ ၂၃၊၂၇ နှင့် ယော၊ ၁၁ ကို ဖတ်ရှုပါ)။ (ဧ၊ ၄း၃၀) တွင်၊ ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်ဟု ဖော်ပြထားပါသည်။

ဘုရားသခင်၌ ၎င်းအနုတ်လက္ခဏာခံစားချက်များကို တွေ့မြင်သောခါ အံ့ဩခြင်းသို့ ရောက်စေနိုင်ပါသည်။ ကိုယ်တော်၌ အပြစ်မရှိသော်လည်း ၎င်းခံစားချက်တုံ့ပြန်မှုများလည်း ရှိတော်မူကြောင်း ကျွန်တော်တို့ သိကြပါသည်။ ဤသမ္မာတရားကို ထောက်လျှင် ကျွန်တော်တို့၏ ခံစားချက်များတို့အား ပိုမိုသိကျွမ်းစေဖို့ အကူအညီ ပေးပါလိမ့်မည်။

ဘုရားသခင်သည် ကျွန်တော်တို့၏ အနုတ်လက္ခဏာခံစားချက်များကို မိမိဩတ္တပ္ပစိတ်ရှိ သတိပေးစနစ်အဖြစ် ဖန်ဆန်းတော်မူခဲ့သည်။ သမ္မာကျမ်းစာနှင့် စိတ်ပညာဆိုင်ရာသိပ္ပံများအရ၊ ကျွန်တော်တို့၏ ခံစားချက်များသည် မိမိအမြင်အပေါ် မူတည်ပါသည်။ ခံစားချက်များသည် တုံ့ပြန်မှုစက်ကဲ့သို့ ဖြစ်ပါသည်။

အဓိက၊ ဤခံစားချက်များသည် အနီရောင် သတိပေးမီး (သို့) သတိပေးသည့် မီးခိုးရှာဖွေကိရိယာ၏ ကျယ်လောင်သော အသံနှင့် တူပါသည်။ ထိုမီးအလင်းရောင်နှင့် သတိပေးအသံသည် မကောင်းသောအရာများ မဟုတ်ပါ။ အကယ်၍ ၎င်းအရာတို့သည် မိမိအသက်ကို ကယ်ဆယ်နိုင်ပါသည်။

ကျွန်တော်တို့၏ အနုတ်လက္ခဏာခံစားချက်များတည်းဟူသော သတိပေးစနစ်ကို ပြဿနာအဖြစ် မကြခဏ ယူဆမိနိုင်ပါသည်။ ဤအယူအဆအားဖြင့် မိမိခံစားချက်များအောက်တွင်ရှိ ပြဿနာအမှန်ကို မတွေ့မိအောင် အာရုံလွဲစေတတ်သည်။

အနုတ်လက္ခဏာခံစားချက်များသည် ပြဿနာတစ်ခုခုအကြောင်းကို သတိပေးပါသည်။ ၎င်းခံစားချက်များသည် အပြစ်ဒုစရိုက် (သို့) အမင်္ဂလာဖြစ်သည်ကို မဆိုလိုပါ။ အမှန်မှာ၊ ဤခံစားချက်များသည် မသာယာသော်လည်း ကောင်းသောသဘောရှိပြီး အသုံးဝင်သော ကိရိယာများနှင့် ဘုရားသခင်ထံမှ ဆုကျေးဇူးတစ်မျိုး ဖြစ်ပါသည်။ ထို့ကြောင့်၊ မိမိ၏ မသာယာသော ခံစားချက်များကို လက်ခံလျက် ကျေးဇူးတော်ကို ချီးမွမ်းလိုက်ပါ။

ဤအစီအစဉ်အကြောင်း

Breaking Free From Depression

ကိုယ်ကိုသတ်ခြင်းသည် ကူးစက်ရောဂါတစ်မျိုး ဖြစ်လာနေသည်။ ကျွန်တော်တို့အားလုံး ဝမ်းနည်းလျက် စိတ်ဓာတ်ကျဖူးခဲ့ပါသည်။ သို့သော်၊ ကျွန်တော်တို့သည် စိတ်ဓာတ်ကျရောဂါကို ခံစားနေရသည် (သို့) ကိုယ်ကိုသတ်ဖို့ အန္တရာယ်ရှိနေသည်ဟု ဆိုလိုပါသလား။ မိတ်ဆွေသည် စိတ်ဓာတ်ကျခြင်းနှင့်ပတ်သက်၍ မေးမြန်းဖွယ်ရာ ရှိကောင်းရှိနိုင်ပါသည်။ ဤအစီစဉ်တွင်၊ ဘုရားသခင်သည် ကျွန်တော်တို့၏ မနောစိတ်ကို မည်သို့ဖန်ဆင်းတော်မူသည်ကို စိတ်ပညာဆိုင်ရာသိပ္ပံများကို အသုံးပြု၍ စိတ်ဓာတ်ကျခြင်းကို ဖော်ပြထားလျက် အကြောင်းအရင်းများ၊ လက္ခဏာများနှင့် စိတ်ဓာတ်ကျခြင်းမှ လွတ်မြောက်ရန်နည်းလမ်းများနှင့် ဘုရားသခင်၏ လောကုတ္တရာငြိမ်သက်ခြင်းနှင့် ရွှင်လန်းခြင်းကို ပြန်လည်ရရှိနိုင်သည့်နည်းလမ်းများကို ခရစ်ယာန်စိတ္တပညာရှင် ဆရာဝန်ကြီး ဒေါက်တာ ကားလ်ဘန်ဇီယို (Karl Benzio) အား သမ္မာတရားနှင့်အညီ ထိထိမိမိ ရှင်းပြထားပါသည်။

More

ဤအစီအစဉ်ကို ပြုပြင်စီစဉ်ခဲ့သော OneHope (http://onehope.net/) နှင့် Lighthouse Network ၏ တည်ထောင်သူနှင့် ဒါရိုက်တာ ဒေါက်တာ ကားလ်ဘန်ဇီယို (Karl Benzio) တို့အား ကျွန်တော်တို့ ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ ဤဝဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုပါ- http://lighthousenetwork.org/