YouVersion လိုဂို
ရှာရန် အိုင်ကွန်

စိတ်ဓာတ်ကျခြင်းမှ လွတ်မြောက်လမ်းနမူနာ

Breaking Free From Depression

6 ၏ နေ့ 5

စိတ်ဓာတ်ကျခြင်း၏ အန္တရာယ်များ

မိတ်ဆွေသည် ကြီးမားလှသော တိုက်ပွဲတစ်ပွဲတွင် ရှိနေသည်ကို သိပါသလား။ ဤအရာသည် အမှန်တရား ဖြစ်ပါသည်။ ထိုတိုက်ပွဲသည် ဝိညာဉ်ဆိုင်ပြိုင်တိုက်လှန်ပွဲ ဖြစ်ပါသည်။ စာတန်မာရ်နတ်သည် ကျွန်တော်တို့၏ အကြီးမားဆုံး ရန်သူဖြစ်ပြီး တိုက်ကွင်းဆိုသည်မှာ ကျွန်တော်တို့၏ မနောစိတ်ပင် ဖြစ်ပါသည်။ ဤဝိညာဉ်ဆိုင်ပြိုင်တိုက်လှန်ပွဲသည် မည်သို့ပုံစံရှိပါသနည်း။ အောက်ပါသော အချက်များသည် ကျွန်တော်တို့၏ စိတ်ခံစားချက်များ ပြုစုတတ်သော အန္တရာယ်များ ဖြစ်ပါသည်။

  1. ကျွန်တော်တို့၏ စိတ်ခံစာချက်များသည် ကျွန်တော်တို့၏ ဘဝအမြင်၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် မိမိကိုယ်အပေါ်အမြင်ကို ပျက်ဆီးနိုင်ပါသည်။ ကျွန်တော်တို့၏ စိတ်ခံစာချက်များသည် မိမိအာရုံ (၅) ပါးကို နှောင့်ယှက်စေပြီး သမ္မာတရားကို မထောက်စေခြင်းငှာ ဆီးတားစေတတ်ပါသည်။
  2. မိမိစိတ်ခံစားချက်များသည် သမ္မာတရားကို မဖြစ်ကြချေ။ မိတ်ဆွေသည် ထီးကျန်ပြီး အဖိုးမထိုက်ဘဲလျက် ငြိမ်းချမ်းမှုကို ရှာမတွေ့ဟု ခံစားနေပါသလား။ မိတ်ဆွေသည် အစွန့်ခံသောသူတစ်ယောက် မဟုတ်ပါ။ ခရစ်တော်သည် မိတ်ဆွေကို ဘယ်သောအခါမျှ မစွန့်ပစ်ပါဟု ကတိတော်ပေးတော်မူပြီ။ မိတ်ဆွေသည် ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံရပြီး၊ ကိုယ်တော်သည် မိတ်ဆွေ၏ တန်ဖိုးကို အကြွင်းမဲ့သိတော်မူပါသည်။ အဘယ်သူမျှကြံ၍ မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏ စိတ်နှလုံးတို့ကို စောင့်မလိမ့်မည် (ဖိ၊ ၄း၇ခ)။
  3. စိတ်ခံစားမှုများသည် အလွန်ဆိုးရွားသော ဆုံးဖြတ်ချက်ချစနစ်တစ်ခု ဖြစ်ပါသည်တကား။ ပြင်းထန်သော ခံစားချက်များသည် စိတ်မြန်ခြင်းကို ပြုစုစေ၍ မှောင်မိုက်သောနှင့် အတ္တဆန်သော ဆုံးဖြတ်ချက်များကို ဖြစ်စေတတ်ပါသည်။ မိမိခံစားချက်များကို ဦးစားပေးလျက် မြန်မြန်တုံ့ပြန်မည့်အစား၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် သမ္မာကျမ်းစာတို့က ပြသသော သမ္မာတရားကို မြင်စေခြင်းငှာ စိတ်ရှည်ခြင်းနှင့် ကာမဂုဏ်ချုပ်တည်းခြင်းကို ဦးစားပေးပါ။
  4. မိမိစိတ်ခံစားမှုများသည် မိမိခန္တီစိတ်ကို ပယ်ရှားစေတတ်ပါသည်။ ကျွန်တော်တို့သည် မိမိခြေအနေကို စောလွန်းစွာ အကဲဖြတ်လေ့ရှိပြီး ဆိုးကျိုးများကို ကြိုတင်မျှော်လင့်ထားတတ်ပါသည်။ ကျွန်တော်တို့သည် ဘုရားသခင်၏ အကြံတော်မြတ်ကို မသိဘဲ ရှုံးနိမ့်သွားပြီဟု ထင်မြင်လျက်၊ ဘုရားသခင်၏ ကြီးမြတ်သောအောင်မြင်ခြင်းကို မတွေ့မီ အရှုံးပေးတတ်ပါသည်။
  5. အကယ်စင်စစ်၊ ကျွန်တော်တို့သည် အဓိကနှင့် သာမနတို့ကို မကွာခြားနိုင်ပေ။ ကျွန်တော်တို့၏ လိုချင်သောအရာများနှင့် လိုအပ်သောအရာများတို့ကို ဂဃနဏ မသိနိုင်ချေ။ သမ္မာသတိမရှိလျှင်၊ ဘုရားသခင်၏ ကျေးဇူးတော်မှလွဲ၍ ဖြောင့်မတ်ခြင်းသို့ ရောက်စေခြင်းငှာ အခြားအရာများ လိုအပ်သည်ဟု စတင်ထင်မြင်ကြနိုင်ပါသည်။
  6. ကျွန်တော်တို့၏ အတ္တကို အလွန်တရာ တိုးပွားစေသည်။ ကျွန်တော်တို့သည် ပျော်ရွှင်မှု၊ ကျန်းမာမှုနှင့် ဆယ်လီဖြစ်ခြင်းကို အလွန်ထိုက်တန်သည်ဟု စတင်ယုံကြည်လာပါသည်။ အရာခပ်သိမ်းသည် ကျေးဇူးတော်သက်သက် ဖြစ်သည်ဟု မယုံကြည်ဘဲ ဘုရားသခင်သည် ကျွန်တော်တို့အပေါ် အကြွေးရှိသည်ဟု မှားယွင်းစွာ တွေးမြင်လာနိုင်ပါသည်။ သဗ္ဗညုတဘုရားရှင်သည် အရာရာ၌ အကြံတော်ရှိပါသည်ဟု သိမှတ်၍ ယုံကြည်စွဲလမ်းလိုက်ပါ။ သင်တို့စိတ်နှလုံးအထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း အုပ်စိုးစေ (ကော၊ ၃း၁၅)။
  7. ကိုယ်ကိုသတ်ခြင်းသည် အလွန်အမင်း ရှုပ်ထွေးလှပါသည်။ ကိုယ်ကိုသတ်ခြင်းသည် မမြဲသောပြဿနာတစ်ခုအတွက် အမြဲတည်ဖြေရှင်းချက်တစ်ခု ဖြစ်ပါသည်။ လူတစ်စုံတစ်ယောက်သည် ကိုယ်ကိုသတ်ရန် ခံစားရသည့်အခါ၊ မိမိဒုက္ခဝေဒနာမှ လွတ်မြောက်ဖို့ လိုသော်လည်း၊ ယခုလက်ရှိအသက်တာ၌ မျှော်လင့်ခြင်းမရှိဟု ထင်မြင်တတ်ပါသည်။ အတွေးအခေါ်အသစ်နှင့် နေထိုင်ပုံအသစ်ကို ရှာဖွေ၍ လက်ခံလိုက်ပါ။ သန့်ရှင်းသောဝိညာဉ်တော်မှတစ်ဆင့် ဘုရားသခင်၏ မဟာမေတ္တာတော်ကို စိတ်နှလုံးအကြွင်းမဲ့ လက်ခံပြီး၊ သမ္မာကျမ်းစာရှိ ပညာတော်များကို လိုက်နာစေပါ။ ဤသို့ဖြစ်လျှင်၊ မိမိ၏ ဒုက္ခဝေဒနာကို တဖြည်းဖြည်း ကျော်လွှားနိုင်၍ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများသည် မိမိဆင်းရဲဒုက္ခထက် သာ၍များလှပါသည်ဟု စတင်ယုံကြည်စွဲလမ်းပါလိမ့်မည်။

ဤအစီအစဉ်အကြောင်း

Breaking Free From Depression

ကိုယ်ကိုသတ်ခြင်းသည် ကူးစက်ရောဂါတစ်မျိုး ဖြစ်လာနေသည်။ ကျွန်တော်တို့အားလုံး ဝမ်းနည်းလျက် စိတ်ဓာတ်ကျဖူးခဲ့ပါသည်။ သို့သော်၊ ကျွန်တော်တို့သည် စိတ်ဓာတ်ကျရောဂါကို ခံစားနေရသည် (သို့) ကိုယ်ကိုသတ်ဖို့ အန္တရာယ်ရှိနေသည်ဟု ဆိုလိုပါသလား။ မိတ်ဆွေသည် စိတ်ဓာတ်ကျခြင်းနှင့်ပတ်သက်၍ မေးမြန်းဖွယ်ရာ ရှိကောင်းရှိနိုင်ပါသည်။ ဤအစီစဉ်တွင်၊ ဘုရားသခင်သည် ကျွန်တော်တို့၏ မနောစိတ်ကို မည်သို့ဖန်ဆင်းတော်မူသည်ကို စိတ်ပညာဆိုင်ရာသိပ္ပံများကို အသုံးပြု၍ စိတ်ဓာတ်ကျခြင်းကို ဖော်ပြထားလျက် အကြောင်းအရင်းများ၊ လက္ခဏာများနှင့် စိတ်ဓာတ်ကျခြင်းမှ လွတ်မြောက်ရန်နည်းလမ်းများနှင့် ဘုရားသခင်၏ လောကုတ္တရာငြိမ်သက်ခြင်းနှင့် ရွှင်လန်းခြင်းကို ပြန်လည်ရရှိနိုင်သည့်နည်းလမ်းများကို ခရစ်ယာန်စိတ္တပညာရှင် ဆရာဝန်ကြီး ဒေါက်တာ ကားလ်ဘန်ဇီယို (Karl Benzio) အား သမ္မာတရားနှင့်အညီ ထိထိမိမိ ရှင်းပြထားပါသည်။

More

ဤအစီအစဉ်ကို ပြုပြင်စီစဉ်ခဲ့သော OneHope (http://onehope.net/) နှင့် Lighthouse Network ၏ တည်ထောင်သူနှင့် ဒါရိုက်တာ ဒေါက်တာ ကားလ်ဘန်ဇီယို (Karl Benzio) တို့အား ကျွန်တော်တို့ ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ ဤဝဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုပါ- http://lighthousenetwork.org/