မျှော်လင့်ခြင်း၏ အစွမ်းတန်ခိုးနမူနာ

ချစ်ခြင်းတ္တော၊ မျှော်လင့်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်း — ရှင်ပေါလု
ခရစ်ယန်အသက်တာမှာ ချစ်ခြင်းတ္တော၊ မျှော်လင့်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ရှိရမည်ဖြစ်သည်။ ကျွန်တော်တို့သည် အရှင်ယေရှုဘုရားနှင့်အတူ သွားလာသောအခါ၊ သန့်ရှင်သောဝိညာဉ်ဘုရားသည် ကျွန်တော်တို့ကို ပြောင်းလဲစေ၍ ဘုရားသခင်ပေးသနားတော်မူသော ချစ်ခြင်းတ္တော၊ မျှော်လင့်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ကျွန်တော်တို့စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော်မူသည်။
လောကံဒုက္ခမည်သို့ခံရသည်ဖြစ်ပါစေ၊ ကျွန်တော်တို့သည် ဘုရားသခင်၏ မဟာမေတ္တာကရုဏာတော်မြတ်နှင့် ထာဝရအသက်ကို ထောက်လျက် မျှော်လင့်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကိုကို ရရှိခံစားစေသည်။
အာမင်နှင့် အာမင်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

သတင်းဆိုးများနှင့် လောကဓံဒုက္ခသည် မိတ်ဆွေအား ပင်ပန်းနွမ်းနယ်စေလျက် မိမိသောကမီးကို ပိုမိုတိုးပွားစေတတ်သည်။ သို့သော်၊ ဘုရားသခင်အရှေ့တော်၌ အသစ်သောအမှုအရာ မရှိ။ နာမည်ကြီးသောစာရေးဆရာ ဂျက်ကန်ထရီးမန်း (Jack Countryman) ၏ (၇) ရက်တာအစီအစဉ်တွင်၊ ဘုရားသခင်သည် သမ္မာကျမ်းစာပါ ပုဂ္ဂိုလ်တော်များအတွက် မျှော်လင့်ခြင်းပါရမီကို ပေးသလို၊ ယခုခေတ်ရှိ ယုံကြည်သူများအတွက်လည်း ပေးတော်မူသည်တည်းဟူသော သမ္မာတရားကို ဖော်ပြထားစေသည်။
More