YouVersion လိုဂို
ရှာရန် အိုင်ကွန်

မျှော်လင့်ခြင်း၏ အစွမ်းတန်ခိုးနမူနာ

The Power of Hope: 7 Days to Hoping in the Lord

7 ၏ နေ့ 3

ဘုရားသခင်၏ ထူးတော်မူခြင်း၌ မျှော်လင့်ခြင်း — ရောဒေ

ရှင်ပေတရုသည် အလွန်အံ့ဩဖွယ်ကောင်းသော နေ့ထူးနေ့မြတ်ကို ကြုံဖူးခဲ့သည်။ သူသည် သံကြိုးနှစ်စင်းနှင့် ချည်နှောင်ခြင်းကို ခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌ အိပ်ပျော်၍၊ အစောင့်များတို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြခဲ့သည်။ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ပေါ်လာပြီး ငါ့နောက်သို့လိုက်လော့ဟု ဆိုပြန်၍ ရှင်ပေတရုသည် ထောင်ထဲမှ ထွက်၍ လိုက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ အသင်းတော်သည် စုရုံးပြီး သူတို့၏ ထောင်ကျနေသော ခေါင်းဆောင်ကြီးကို သနားဖို့ရန် သခင်ဘုရားထံ တောင်းဆိုခဲ့ကြသည်။ ထိုသူတို့သည် စိတ်နှလုံးပါလျက် များစွာသော ဆုတောင်းပတ္ထနာပြုသော်လည်း ရှင်ပေတရုသည် နံနက်ခင်းကွပ်မျက်ခံရမှုသည် ပြောင်းလဲမရဖြစ်ခဲ့သည်။

တံခါးခေါက်သံသည် သူတို့၏ ဆုတောင်းခြင်းကို ရပ်စေခဲ့သည်။ ရောဒေ အမည်ရှိသော မိန်းမငယ်တစ်ယောက်သည် နားထောင်ခြင်းငှာလာ၍၊ ရှင်ပေတရု၏ စကားသံကို သိလျှင်၊ ဝမ်းမြောက်သောအားဖြင့် တံခါးကို မဖွင့်ဘဲ အထဲသို့ပြေးဝင်၍၊ ရှင်ပေတရုသည် တံခါးရှေ့မှာ ရပ်နေသည်ဟု ကြားပြောခဲ့သည်။ ရှင်ပေတရုသည် ခေါက်၍ နေသော်၊ တံခါးကို ဖွင့်ကြ၍ သူ့ကို မြင်သဖြင့် အလွန်တရာ အံ့ဩခဲ့သည်။

သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီးသောပတ္ထနာသည် အလွန်တန်ခိုးပါသည်။ ဘုရားသခင်သည် ကျွန်တော်တို့၏ ဆုပတ္တနာအသံကို နားထောင်လျက် အဖြေပေးတော်မူသည်။ ဤသမ္မာတရားသည် မျှော်လင့်ခြင်းကို ပြုစုစေသည်။ ရှင်ပေတရု၏ အသက်ကို နှမြော၍ ချမ်းသာပေးစေရန် သခင်ဘုရားသည် ဆုတောင်းချက်များကို ဖြေကြားသကဲ့သို့၊ ဘုရားသခင်သည် မိတ်ဆွေ၏ ဆုတောင်းချက်များကို ဟုတ်၊ မဟုတ် (သို့) စောင့်လော့ဖြင့် မိမိအလိုတော်နှင့်အညီ တုံ့ပြန်တော်မူလိမ့်မည်။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

The Power of Hope: 7 Days to Hoping in the Lord

သတင်းဆိုးများနှင့် လောကဓံဒုက္ခသည် မိတ်ဆွေအား ပင်ပန်းနွမ်းနယ်စေလျက် မိမိသောကမီးကို ပိုမိုတိုးပွားစေတတ်သည်။ သို့သော်၊ ဘုရားသခင်အရှေ့တော်၌ အသစ်သောအမှုအရာ မရှိ။ နာမည်ကြီးသောစာရေးဆရာ ဂျက်ကန်ထရီးမန်း (Jack Countryman) ၏ (၇) ရက်တာအစီအစဉ်တွင်၊ ဘုရားသခင်သည် သမ္မာကျမ်းစာပါ ပုဂ္ဂိုလ်တော်များအတွက် မျှော်လင့်ခြင်းပါရမီကို ပေးသလို၊ ယခုခေတ်ရှိ ယုံကြည်သူများအတွက်လည်း ပေးတော်မူသည်တည်းဟူသော သမ္မာတရားကို ဖော်ပြထားစေသည်။

More

ဤအစီအစဥ်အတွက် HarperCollins/Zondervan/Thomas Nelson ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိလိုပါက၊ အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရူ့ပါ။ https://www.thomasnelson.com/p/the-power-of-hope/?utm_source=youversion&utm_medium=reading+plan&utm_campaign=power_of_hope

စပ်ဆိုင်သော အစီအစဉ်များ