မျှော်လင့်ခြင်း၏ အစွမ်းတန်ခိုးနမူနာ

လောကဓံဒုက္ခ၌ မျှော်လင့်ခြင်း — ရှင်ပေတရု
(ယော၊ ၁၆း၃၃) တွင်၊ အရှင်ယေရှုဘုရားက၊ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်ဟု မိန့်တော်မူခဲ့သည်။ အရှင်ယေရှုဘုရားသည် သွယ်ဝိုက်စကားမပြောဘဲ အတည့်အလင်း မိန့်တော်မူခဲ့သည်။ လောကံဒုက္ခတည်းဟူသော အနိစ္စတရား၊ ဒုက္ခတရား၊ အနတ္တတရား၊ သင်္ခါရတရား၊ မစ္စုမာရ်သေခြင်းတရား၊ ဆုံးရှုံးမှု၊ သစ္စာဖောက်ခံမှု၊ အဓမ္မမှု၊ အနိဋ္ဌာရုပ်နှင့် အနိဋ္ဌာရုံများတို့ကို ရှောင်လွှဲ၍ မရပါ။
လောကဓံဒုက္ခသည် နှစ်ပေါင်းများစွာ တည်နိုင်သလို၊ (ဥပမာ၊ တမန်တော်ကြီးရှင်ပေါလု၏ ကိုယ်၌ စူးသောဆူး (၂ကော၊ ၁၂း၇-၁၀)) ခဏသာလည်း တည်နိုင်သည် (ဥပမာ၊ တမန်တော်ကြီး ရှင်ပေတရုသည် အရှင်ယေရှုဘုရားအပေါ် သစ္စာဖောက်ခြင်းဖြင့် သံဝေဂကို ရရှိခံစားပြီနောက်ပိုင်းမှာ၊ ကိုယ်တော်နှင့်အတူ ပြန်လည်မိတ်သဟာယဖွဲ့ခဲ့သည်)။ မည်သို့ပင်ကြာကြာခံကြရသည်ဖြစ်ပါစေ၊ လောကံဒက္ခသည် မီးကဲ့သို့ ကျွန်တော်တို့၏ ယုံကြည်ခြင်းကို သန့်စင်စေလျက် ယုံကြည်ခြင်း၏ စစ်မှန်မှုပို ထုတ်ဖော်ပြသသလို အညစ်အကြေးများကိုလည်း ထုတ်ဖော်ပြသကြစေသည်။
ရှင်ပေါလုသည် ဘုရားသခင်၏ ကျေးဇူးတော်၏ လုံလောက်မှုအကြောင်းကို သင်ယူခဲ့သည်။ ရှင်ပေတရုသည် အရှင်ယေရှုဘုရား၏ ခွင့်လွတ်ချမ်းသာခြင်းနှင့် ကယ်နုတ်ကျေးဇူးတော်ကို ကြုံဖူးခဲ့သည်။ ၎င်းအမှုကို ထောက်၍ ဘုရားသခင်သည် ကျွန်တော်တို့ဘက်၌ ရှိတော်မူ၏ဟု အောက်မေ့သတိကြပါစို့။ ကျွန်တော်တို့သည် လောကဓံတရား၌ ကျင်လည်စဉ်တွင် ဆင်းရဲဒုက္ခအမျိုးမျိုး ခံရပြီး ကျွန်တော်တို့၏ ယုံကြည်ခြင်းကို ပိုမိုတိုးပွားစေလျက် ကျွန်တော်တို့ကို အရှင်ယေရှုဘုရားကဲ့သို့ ပိုမိုတူစေဖို့ ဘုရားသခင်သည် ၎င်းဆင်းရဲဒုက္ခတို့ကို ပညာရှိစွာ အသုံးပြုတော်မူသည်။ ကိုယ်တော်မြတ်သည် ကယ်တင်ရှင်၊ အနန္တတန်ခိုးရှင်၊ ကောင်းကြီးဩဘာပေးသောအရှင်နှင့် မျှော်လင့်ခြင်း၏ တစ်ဆူးတည်းသော ပံ့ပိုးသောဘုရားအဖြစ် ကျွန်တော်တို့အား အသိအမှတ် ပြုစေလိုသည်။
ဤအစီအစဉ်အကြောင်း

သတင်းဆိုးများနှင့် လောကဓံဒုက္ခသည် မိတ်ဆွေအား ပင်ပန်းနွမ်းနယ်စေလျက် မိမိသောကမီးကို ပိုမိုတိုးပွားစေတတ်သည်။ သို့သော်၊ ဘုရားသခင်အရှေ့တော်၌ အသစ်သောအမှုအရာ မရှိ။ နာမည်ကြီးသောစာရေးဆရာ ဂျက်ကန်ထရီးမန်း (Jack Countryman) ၏ (၇) ရက်တာအစီအစဉ်တွင်၊ ဘုရားသခင်သည် သမ္မာကျမ်းစာပါ ပုဂ္ဂိုလ်တော်များအတွက် မျှော်လင့်ခြင်းပါရမီကို ပေးသလို၊ ယခုခေတ်ရှိ ယုံကြည်သူများအတွက်လည်း ပေးတော်မူသည်တည်းဟူသော သမ္မာတရားကို ဖော်ပြထားစေသည်။
More