YouVersion လိုဂို
ရှာရန် အိုင်ကွန်

မျှော်လင့်ခြင်း၏ အစွမ်းတန်ခိုးနမူနာ

The Power of Hope: 7 Days to Hoping in the Lord

7 ၏ နေ့ 1

မိုးသက်မုန်တိုင်းကြီး၌ မျှောင်လင့်ခြင်း — အရှင်ယေရှုဘုရား

မအောင်မြင်သောစီးပွားရေး၊ ကွာရှင်းပြတ်စဲခြင်း၊ ငွေကြေးအခက်အခဲများ၊ ရောဂါများ၊ ခက်ခဲသောမိဘများ (သို့) မလိမ္မာသောသားသမီးများတည်းဟူသော မိတ်ဆွေကြုံဖူးသော လောကဓံမုန်တိုင်းများအကြောင့်ကို ဆင်ခြင်စဉ်းစားလိုက်ပါ။ မိတ်ဆွေသည် လောကဓံမုန်တိုင်းကို ဖြတ်သန်းရနေပါသလား။

လောကဓံမုန်တိုင်းတစ်ခုပေါ်လာသောအခါ၊ အို ဘုရားသခင်၊ ဤလောကဓံမုန်တိုင်းကို ဖြတ်သန်းရစေရန် ကိုယ်တော်အား ကျွန်ုပ်ယုံကြည်ပါ၏ဟု တုံ့ပြန်ပါသလား။ သို့မဟုတ်၊ သေပါပြီ။ ဘယ်သူမှ ငါကို မကယ်နိုင်ပါတကားဟု တုံ့ပြန်ပါသလား။

တစ်ကြိမ်တွင်၊ အရှင်ယေရှုဘုရားသည် တပည့်တော်များနှင့်အတူ လှေထဲသို့ ဝင်၍၊ ဂါလိလဲအိုင်တစ်ဖက်သို့ ကူးကြကုန်အံ့ဟု မိန့်တော်မူပြီးလျှင် လွှင့်သွားကြခဲ့သည်။ အိုင်ကို ကူးသောအခါ ယေရှုသည် ကျိန်းစက်တော်မူခဲ့သည်။ အိုင်၌ မိုးသက်မုန်တိုင်းဖြစ်၍၊ လှေသည် ရေနှင့် ပြည့်သောကြောင့် ဘေးရောက်လုခဲ့သည်။ တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကို နှိုးပြီးလျှင်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါသည်ဟု လျှောက်ကြခဲ့သည် (မိတ်ဆွေသည်လည်း အရှင်ယေရှုဘုရားထံ ထိုစကားကို လျှောက်ဖူးပါသလား)။

လောကဓံမုန်တိုင်းဖြစ်၍ ကြောက်ရွံ့သောစိတ်ကို ရှိသောအခါ၊ ဘုရားသခင်ပေးတော်မူသော ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်း၌ ခိုလှုံးပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အထွဋ်အမြတ်အာဏာတော်ကို ပိုင်တော်မူသောအရှင်သခင် ဖြစ်တော်မူသည်ဟု အောက်မေ့သတိရ၍ ကိုယ်တော်မြတ်ကို ယုံကြည်အားကိုးလိုက်ပါ။ ထာဝရဘုရားကို မျှော်လင့်လျက် စိတ်ချမ်းသာခြင်းသို့ ရောက်စေပါ။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

The Power of Hope: 7 Days to Hoping in the Lord

သတင်းဆိုးများနှင့် လောကဓံဒုက္ခသည် မိတ်ဆွေအား ပင်ပန်းနွမ်းနယ်စေလျက် မိမိသောကမီးကို ပိုမိုတိုးပွားစေတတ်သည်။ သို့သော်၊ ဘုရားသခင်အရှေ့တော်၌ အသစ်သောအမှုအရာ မရှိ။ နာမည်ကြီးသောစာရေးဆရာ ဂျက်ကန်ထရီးမန်း (Jack Countryman) ၏ (၇) ရက်တာအစီအစဉ်တွင်၊ ဘုရားသခင်သည် သမ္မာကျမ်းစာပါ ပုဂ္ဂိုလ်တော်များအတွက် မျှော်လင့်ခြင်းပါရမီကို ပေးသလို၊ ယခုခေတ်ရှိ ယုံကြည်သူများအတွက်လည်း ပေးတော်မူသည်တည်းဟူသော သမ္မာတရားကို ဖော်ပြထားစေသည်။

More

ဤအစီအစဥ်အတွက် HarperCollins/Zondervan/Thomas Nelson ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိလိုပါက၊ အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရူ့ပါ။ https://www.thomasnelson.com/p/the-power-of-hope/?utm_source=youversion&utm_medium=reading+plan&utm_campaign=power_of_hope

စပ်ဆိုင်သော အစီအစဉ်များ