YouVersion လိုဂို
ရှာရန် အိုင်ကွန်

အရှင်ယေရှုဘုရား၏ ချမ်းသာခြင်းသို့နမူနာ

Finding Rest

5 ၏ နေ့ 5

မိမိဓမ္မမိတ်ဆွေများကို ရှာပါ

အသိုင်းအဝိုင်း — ပတ်ဝန်းကျင်အခြံအရံ။

ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့စဉ်တွင်၊ သူတစ်ပါးကို ရှောင်ရန် မလိုပါ။ မိမိဓမ္မမိတ်ဆွေများတို့သည် မိတ်သဟာယဖွဲ့လျက် ပေါင်းဖော်ကြသည်အရာမှာ အလွန်ကောင်းသည်။ မိမိချစ်ဓမ္မမိတ်ဆွေများနှင့်အတူ ခရစ်တော်၏ ချမ်းသာခြင်းထံသို့ အတူတကွ ဝင်စားလိုက်ပါ။ တစ်ကောင်ကြွက် မဖြစ်ပါစေနှင့်။ တစ်ယောက်နှင့် တစ်ယောက် လိုအပ်ကြသည်။ သံကို သံဖြင့်ထက်စေသကဲ့သို့၊ လူသည် အဆွေခင်ပွန်း၏ မျက်နှာကို ထက်စေတတ်၏ (သု၊ ၂၇း၁၇)။

မိတ်ဆွေကို ခရစ်တော်ကဲ့သို့ သာ၍ဖြစ်စေဖို့ ခွန်အာပေးသူများတည်းဟူသော မိမိဓမ္မမိတ်ဆွေများအကြောင်းကို ဆင်ခြင်စဉ်းစားပါ။ ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်သည်။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်သည်။ မိမိဓမ္မမိတ်ဆွေများသည် မိတ်ဆွေကို ပိုမိုတိုးတက်စေဖို့ အကူညီပေးနေပါသလား။

ဆင်ခြင်စဉ်းစားရန်။ ယနေ့၊ မိမိဓမ္မမိတ်ဆွေတစ်ဦးထံ သွားပါ။ မတွေ့နိုင်ပါက၊ သူကို ဖုန်းခေါ်ပါ (သို့) ဗီဒီယိုခေါ်ပါ။ ရိုးရိုးလေး မိတ်သဟာယဖွဲ့ကြပါ။ ထို့နောက်၊ သူနှင့်အတူရှိနေစဉ်အတွင်း ဘုရားသခင်ပြသတော်မူသောအရာတို့ကို ချရေးပါ။

နေ့ 4

ဤအစီအစဉ်အကြောင်း

Finding Rest

ကျွန်တော်တို့၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ်တို့ကို ကျန်းမာစေဖို့ အလုပ်မလုပ်ဘဲ ငြိမ်ဝပ်စွာနေခြင်းကို လိုပါသည်။ ငြိမ်ဝပ်စွာနေခြင်းသည် ဘုရားသခင်အတွက် အလွန်အရေးကြီးသောကြောင့် ၎င်းအမှုကို သူ၏ ပညတ်တော် (၁ဝ) ပါးတွင် ပါပါသည်။ ကျွန်တော်တို့သည် ငြိမ်ဝပ်စွာနေလျှင် အကျိုးရှိသည်ဟု သိကြသော်လည်း ကျွန်တော်တို့သည် များစွာသောအမှုတို့၌ စိုးရိမ်၍ နှောင့်ယှက်ခြင်းကို ခံရနေကြသည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ ငြိမ်ဝပ်စွာနေခြင်းနှင့် အရှင်ယေရှုဘုရား၏ ချမ်းသာခြင်းအကြောင်း စေ့စေ့ဖတ်ရှုလေ့လပါလိမ့်မည်။

More

YouVersion သည် ဤအစီစဉ်ကို ရေးသားပြုစုခဲ့ပါသည်။