အရှင်ယေရှုဘုရား၏ ချမ်းသာခြင်းသို့နမူနာ

ကိုယ်တော်၌ အနားယူလျက် ခရစ်တော်၏ ချမ်းသာသို့ မကြာခဏ ဝင်စားပါ
အနားယူခြင်း — လုပ်ငန်းတာဝန်တစ်ခုခုထမ်းဆောင်ခြင်းကို ရပ်နားလိုက်သည်။
ကျွန်တော်တို့သည် ခရစ်တော်၏ ချမ်းသာခြင်းကို လျစ်လျူရှုတတ်သည်။ သို့သော်၊ ခရစ်တော်၏ ချမ်းသာခြင်းမရှိသောအသက်တာသည် ရေရှည်တည်တံ့မည် မဟုတ်ပေ။ ခရစ်တော်၏ ချမ်းသာခြင်းသည် ကျွန်တော်တို့၏ ကိုယ်ခန္ဓာကို လန်းဆန်းစေပြီး ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် အခြားသူများကို ချစ်စေရန် လိုအပ်သည့် စွမ်းအားကို ပြုစုတတ်သည်။ ခရစ်တော်၏ ချမ်းသာသို့ဝင်ခြင်းသည် ဝိညာဉ်ရေးဆိုင်ရာ စည်းကမ်းတစ်ခုဖြစ်ပြီး ထာဝရဘုရား၌ ပျော်မွေ့စေ၍ မိမိသမ္မာသတိကို ပိုမိုတိုးပွားစေဖို့ အကူအညီ ပေးပါလိမ့်မည်။
အစအဦး၌ ဘုရားသခင်ကိုယ်တော်တိုင်သည် ကျွန်တော်တို့အတွက် ငြိမ်ဝပ်စွာနေခြင်းအမှုကို ပြတော်မူခဲ့သည်။ ဘုရားသခင်သည် အနန္တစကြဝဠာဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမူအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာ နေတော်မူခဲ့သည်။
ဆင်ခြင်စဉ်းစားရန်။ မိတ်ဆွေသည်၊ မိမိအမှုတို့ကို ပြီးစီးပြီးမှ ခရစ်တော်၏ ချမ်းသာခြင်းသို့ ဝင်စား၍ ငြိမ်ဝပ်စွာ နေတတ်ပါသလား။ ယခု၊ ခေတ္တခဏ ရပ်ပြီး၊ မျက်လုံးကို မှိတ်ထားလျက် မိမိ၏ နောက်ဆုံးရက်အနည်းငယ်အကြောင်းကို ပြန်ဆင်ခြင်စဉ်းစားပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ကျွန်တော်တို့၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ်တို့ကို ကျန်းမာစေဖို့ အလုပ်မလုပ်ဘဲ ငြိမ်ဝပ်စွာနေခြင်းကို လိုပါသည်။ ငြိမ်ဝပ်စွာနေခြင်းသည် ဘုရားသခင်အတွက် အလွန်အရေးကြီးသောကြောင့် ၎င်းအမှုကို သူ၏ ပညတ်တော် (၁ဝ) ပါးတွင် ပါပါသည်။ ကျွန်တော်တို့သည် ငြိမ်ဝပ်စွာနေလျှင် အကျိုးရှိသည်ဟု သိကြသော်လည်း ကျွန်တော်တို့သည် များစွာသောအမှုတို့၌ စိုးရိမ်၍ နှောင့်ယှက်ခြင်းကို ခံရနေကြသည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ ငြိမ်ဝပ်စွာနေခြင်းနှင့် အရှင်ယေရှုဘုရား၏ ချမ်းသာခြင်းအကြောင်း စေ့စေ့ဖတ်ရှုလေ့လပါလိမ့်မည်။
More