YouVersion လိုဂို
ရှာရန် အိုင်ကွန်

အရှင်ယေရှုဘုရား၏ ချမ်းသာခြင်းသို့နမူနာ

Finding Rest

5 ၏ နေ့ 3

မိမိဓမ္မအာရုံကို တည့်မတ်စေဖို့ တိတ်ဆိတ်သောနေရာကို ရှာပါ

အသစ်ပြင်ဆင်ခြင်း — ပြောင်းလဲခြင်း၊ ပြုပြင်ခြင်း။

(ရော၊ ၁၂း၂) တွင်၊ သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့ဟု တမန်တော်ကြီး ရှင်ပေါလု ဖော်ပြထားခဲ့သည်။ စိတ်နှလုံးကို အသစ်ပြင်ဆင်ခြင်းသည် ဆက်လက်လုပ်ဆောင်နေသောအမှုပင် ဖြစ်သည်။ ဤအမှုတွင်၊ ကျွန်တော်တို့သည် အရှင်ယေရှုဘုရားကဲသို့ နေ့စဉ်နှောင့်ယှက်စေသော လောကီအာရုံများကို ပယ်ရှားရမည်ဖြစ်သည်။

ဘုရားသခင်နှင့် မိတ်သဟာယကို ကောင်းကောင်း ဖွဲ့စေဖို၊ တိတ်ဆိတ်သောနေရာသို့ ဝင်စေဖို့ လိုအပ်သည်။ မိတ်ဆွေသည် မိမိဓမ္မအာရုံကို တည့်မတ်စေဖို့ ဘယ်သွားပါသလဲ။ တိတ်ဆိတ်သော ကော်ဖီဆိုင်တစ်ဆိုင်မှာလား (သို့) လှပသောတောတွင် ပိုမိုအာရုံစိုက်နိုင်ပါသလား။ ဘုရားသခင်နှင့် ပိုမိုနီးစေသောနေရာကို ရှာပါ။ ထို့နောက်၊ ထိုတိတ်ဆိတ်သောနေရာသို့ ဝင်၍ မိမိဓမ္မအာရုံပြုလျက် ဘုရားသခင်ထံ ဆုတောင်းလိုက်ပါ။

ဆင်ခြင်စဉ်းစားရန်။ ယနေ့၊ မိမိတိတ်ဆိတ်သောနေရာသို့ ဝင်၍ မိမိအနိဋ္ဌာရုံများအကြောင်းကို ဆင်ခြင်စေပါ။ ထို့နောက်၊ မိမိအနိဋ္ဌာရုံရှိသမျှတို့ကို ဆုတောင်းခြင်းဖြင့် ကိုယ်တော်၌ အပ်နှံပါ။

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Finding Rest

ကျွန်တော်တို့၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ်တို့ကို ကျန်းမာစေဖို့ အလုပ်မလုပ်ဘဲ ငြိမ်ဝပ်စွာနေခြင်းကို လိုပါသည်။ ငြိမ်ဝပ်စွာနေခြင်းသည် ဘုရားသခင်အတွက် အလွန်အရေးကြီးသောကြောင့် ၎င်းအမှုကို သူ၏ ပညတ်တော် (၁ဝ) ပါးတွင် ပါပါသည်။ ကျွန်တော်တို့သည် ငြိမ်ဝပ်စွာနေလျှင် အကျိုးရှိသည်ဟု သိကြသော်လည်း ကျွန်တော်တို့သည် များစွာသောအမှုတို့၌ စိုးရိမ်၍ နှောင့်ယှက်ခြင်းကို ခံရနေကြသည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ ငြိမ်ဝပ်စွာနေခြင်းနှင့် အရှင်ယေရှုဘုရား၏ ချမ်းသာခြင်းအကြောင်း စေ့စေ့ဖတ်ရှုလေ့လပါလိမ့်မည်။

More

YouVersion သည် ဤအစီစဉ်ကို ရေးသားပြုစုခဲ့ပါသည်။