အရှင်ယေရှုဘုရား၏ ချမ်းသာခြင်းသို့နမူနာ

ဥပုသ်နေ့သည် ဆုကျေးဇူးတစ်မျိုး ဖြစ်သည်
ဥပုသ် — ချုပ်ငြိမ်းခြင်း။ ရပ်စဲခြင်း။ နားရက်ဖြစ်သောနေ့။
ဓမ္မဟောင်းတွင်၊ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်ပြီး သတ္တမနေ့ရက်သည် ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ ဖြစ်သည်။ ထိုနေ့၌ အလုပ်မလုပ်ရဟု ဘုရားသခင်မိန့်တော်မူခဲ့သည်။ ဓမ္မသစ်တွင်၊ ဘုရားသခင်သည် ဥပုသ်နေ့ကို ဆုကျေးဇူးတစ်ခုအဖြစ်ကို ပညတ်တရားထက် သာ၍ ရည်ရွယ်ထားကြောင်း အရှင်ယေရှုဘုရား ရှင်းလင်းစွာ ဖော်ပြထားသည်။ ကျွန်တော်တို့သည် ကိုယ်တော်၌ အနားယူလျက် ခရစ်တော်၏ ချမ်းသာခြင်းသို့ ဝင်စားစေရန် ဘုရားသခင်အတွက် အလွန်အရေးကြီးသည်။
အလုပ်ရှုပ်ခြင်းသည် အရေးကြီးသောအမှုကိစ္စတစ်ခုကို ပြီးမြောက်အောင် လုပ်နေသလို ခံစားရသည်။ သို့သော်၊ ၎င်းခံစားချက်အား အတုအယောင်ပင် ဖြစ်တတ်သည်။ ကျွန်တော်တို့သည် ဘုရားရှင်မြတ်နှင့် မိတ်သဟာယဖွဲ့ခြင်းကို ရှောင်စေခြင်းငှာ လှုပ်ရှားမှုကို အသုံးပြုကြသည်။ ကျွန်တော်တို့၏ စီပွားရေး၊ မိသားစုရေးနှင့် အမှုတော်ဆောင်လုပ်ငန်းများသည် ရုပ်တုကိုးကွယ်ခြင်းကဲ့သို့ ဖြစ်မလာအောင် သတိထားရမည်။
ဆင်ခြင်စဉ်းစားရန်။ မိတ်ဆွေမှာ အပတ်တိုင်း အနားယူချိန် ရှိပါသလား။ မရှိပါက၊ အပတ်တိုင်း အနားယူဖို့ ဘယ်လိုအချိန်ပေးမလဲ။
ဤအစီအစဉ်အကြောင်း

ကျွန်တော်တို့၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ်တို့ကို ကျန်းမာစေဖို့ အလုပ်မလုပ်ဘဲ ငြိမ်ဝပ်စွာနေခြင်းကို လိုပါသည်။ ငြိမ်ဝပ်စွာနေခြင်းသည် ဘုရားသခင်အတွက် အလွန်အရေးကြီးသောကြောင့် ၎င်းအမှုကို သူ၏ ပညတ်တော် (၁ဝ) ပါးတွင် ပါပါသည်။ ကျွန်တော်တို့သည် ငြိမ်ဝပ်စွာနေလျှင် အကျိုးရှိသည်ဟု သိကြသော်လည်း ကျွန်တော်တို့သည် များစွာသောအမှုတို့၌ စိုးရိမ်၍ နှောင့်ယှက်ခြင်းကို ခံရနေကြသည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ ငြိမ်ဝပ်စွာနေခြင်းနှင့် အရှင်ယေရှုဘုရား၏ ချမ်းသာခြင်းအကြောင်း စေ့စေ့ဖတ်ရှုလေ့လပါလိမ့်မည်။
More