YouVersion လိုဂို
ရှာရန် အိုင်ကွန်

အရှင်ယေရှုဘုရား၏ ချမ်းသာခြင်းသို့နမူနာ

Finding Rest

5 ၏ နေ့ 4

ထာဝရဘုရား၏ တရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့စေပါ

နားထောင်ခြင်း — ကြားရအောင်အားထုတ်သည်။

ကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့် ဖြစ်သည်။ ကျွန်တော်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တရားကို များစွာ ဖတ်ရှုလျက် (သို့) နားထောင်လျက် ဆင်ခြင်အောက်မေ့လျှင်၊ ဘုရားသခင်၏ အသံတော်ကို ပိုမိုသိကျွမ်းစေလိမ့်မည်။ သမ္မာကျမ်းစာကို စေ့စေ့ဖတ်ရှုလေ့လာစဉ်တွင် အရှင်ယေရှုဘုရားနှင့် မိတ်သဟာယဖွဲ့စေသည်။

နှုတ်ကပတ်တော်ကို ဖတ်ရှု (သို့) နားထောင်သောအခါ၊ မိမိအချိန်ကို ပေး၍ သမ္မာကျမ်းစာရှိ ဝေါဟာရများသည် မိမိစတ်နှလုံးထဲသို့ ဝင်၍ ကျိန်းဝပ်စေပါ။ ဤ Youversion အက်ပ်တွင်၊ အသံပါ သမ္မာကျမ်းစာအမျိုးမျိုး ရှိပါသည်။ သမ္မာကျမ်းစာ၏ အသံကို ဖွင့်၍ သမ္မာတရားကို နားထောင်လိုက်ပါ။

ဆင်ခြင်စဉ်းစားရန်။ ယနေ့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုရန် (သို့) နားထောင်ရန် မိနစ် (၃၀) ပေးပါ။ ဤအချိန်တွင်၊ မိမိဖုန်း၏ သတိပေးအသံများကို ခေတ္တခဏ ပိတ်ပါ။ မိမိအတွေးများကို ရေးမှတ်ပါ။

ဤအစီအစဉ်အကြောင်း

Finding Rest

ကျွန်တော်တို့၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ်တို့ကို ကျန်းမာစေဖို့ အလုပ်မလုပ်ဘဲ ငြိမ်ဝပ်စွာနေခြင်းကို လိုပါသည်။ ငြိမ်ဝပ်စွာနေခြင်းသည် ဘုရားသခင်အတွက် အလွန်အရေးကြီးသောကြောင့် ၎င်းအမှုကို သူ၏ ပညတ်တော် (၁ဝ) ပါးတွင် ပါပါသည်။ ကျွန်တော်တို့သည် ငြိမ်ဝပ်စွာနေလျှင် အကျိုးရှိသည်ဟု သိကြသော်လည်း ကျွန်တော်တို့သည် များစွာသောအမှုတို့၌ စိုးရိမ်၍ နှောင့်ယှက်ခြင်းကို ခံရနေကြသည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ ငြိမ်ဝပ်စွာနေခြင်းနှင့် အရှင်ယေရှုဘုရား၏ ချမ်းသာခြင်းအကြောင်း စေ့စေ့ဖတ်ရှုလေ့လပါလိမ့်မည်။

More

YouVersion သည် ဤအစီစဉ်ကို ရေးသားပြုစုခဲ့ပါသည်။