အရှင်ယေရှုဘုရား၏ လူ့ဇာတိခံတော်မူခြင်းနမူနာ

အရှင်ယေရှုဘုရားသည် မိမိလူမျိုးတော်ကို မည်သို့ကြည့်ရှုပြုစုတော်မူသနည်း
အရှင်ယေရှုဘုရားသည် ပရောဖက်အဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်တော်တို့အား ဟောပြောတော်မူသည်။ အရှင်ယေရှုဘုရားသည် ယဇ်ပုရောဟိတ်အဖြစ် ကျွန်တော်တို့အတွက် ခမည်းတော်ထံ ဆုတောင်းပတ္ထနာပြုတော်မူသည်။ အရှင်ယေရှုဘုရားသည် မဟာရာဇအဖြစ် ဤလောကကို အုပ်စိုးတော်မူ၍ ခပ်သိမ်းသောအရာတို့ကို အသစ်ဖြစ်စေတော်မူသည်။
ဤသင်္ခါရလောက၌ အိုဘေး၊ နာဘေး၊ သေဘေးတို့ကို ရှိသည်။ ကျွန်တော်တို့သည် လောကဓံတရား၌ ကျင်လည်လျက် ၎င်းဘေးများကို မကြာခဏ တွေ့ကြုံကြသည်။ ကျွန်တော်တို့သည် ချမ်းသာခြင်းရရှိစေဖို့ မိမိမိသားစု၊ သူငယ်ချင်းများ၊ ရုပ်ရှင်များ၊ သီချင်းများနှင့် အခြားလောကီအရာများတို့ကို မကြာခဏ အားခိုးကြသည်။ အရှင်ယေရှုဘုရားသည် ကျွန်တော်တို့၏ တစ်ပါးတည်းသော ထာဝရခိုလှုံရာဖြစ်ကြောင်း မကြာခဏ မေ့လျော့တတ်ကြသည်။
ကျေးဇူးတော်အားဖြင့် ကျွန်တော်တို့သည် သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာစဉ်တွင် အရှင်ယေရှုဘုရားသည် ကျွန်တော်တို့နှင့် မိတ်သဟာယဖွဲ့တော်မူလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည်လည်း ကျွန်တော်တို့နှင့် မိတ်သဟာယဖွဲ့တော်မူလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် အရှင်ယေရှုဘုရားကို ပိုမိုသိကျွမ်းစေဖို့ အကူအညီ ပေးတော်မူလျက် ကျွန်တော်တို့ကို သစ္စာရှိစွာ အားပေး၍ ညွှန်ပြတော်မူသလို၊ အရှင်ယေရှုဘုရားသည် ခမည်းတော်ဘုရား၏ နှုတ်ကပတ်တော်နှင့် အလိုတော်ကို ကျွန်တော်တို့အား သစ္စာရှိစွာ သွန်သင်ပေးတော်မူမည်။
ဆုတောင်းပတ္ထနာပြုခြင်းသည် ပင်ပန်းဖွယ်သောအမှုတစ်ခု ဖြစ်တတ်သည်။ တစ်ခါတစ်ရံမှာ၊ ကျွန်တော်တို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကိုတောင်းရမည်ဟု မသိသည့်အချိန် ရှိကြသည် မဟုတ်ပါလား။ သို့ရာတွင်၊ အရှင်ယေရှုဘုရားသည် ကျွန်တော်တို့၏ မဟာယဇ်ပုရောဟိတ်ဖြစ်သည်ဟု သမ္မာသတိရှိရှိ အောက်မေ့သတိရစေရန် အလွန်ရေးကြီးသည်။ ခရစ်တော်သည် ဘုရားသခင်၏ လက်ယာတော်ဘက်၌ နေလျက်၊ ကျွန်တော်တို့အဖို့ အစဉ်အမြဲ ဆုတောင်းပေးတော်မူသည်။ ကျွန်တော်တို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကိုတောင်းရမည်ဟု မသိကြပေ။ သို့ရာတွင်၊ ကျွန်တော်တို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူသည်ဟု သမ္မာကျမ်းစာအား ဖော်ပြထားပါသည်။
မိတ်ဆွေသည် လောကဓံဒုက္ခအားဖြင့် ဆင်းရဲခြင်းနှင့် အမင်္ဂလာများကို ခံရသောအခါ၊ အရှင်ယေရှုဘုရားသည် အုပ်စိုးတော်မူကြောင်း အောက်မေ့သတိရလိုက်ပါ။ အရှင်ယေရှုဘုရားသည် ဤလောက၏ စစ်မှန်သော မဟာရာဇ ဖြစ်တော်မူသည်။ မိတ်ဆွေသည် ဘုရားသခင်၏ မေတ္တာတော်ကို ထင်ရှားစွာ မြင်နိုင်စေဖို့၊ အရှင်ယေရှုဘုရားသည် ဤလောကသို့ ကြွလာတော်မူသည်။
အရှင်ယေရှုဘုရားသည် ပရောဖက်အဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သွန်သင်တော်မူသည်။
အရှင်ယေရှုဘုရားသည် ယဇ်ပုရောဟိတ်အဖြစ် ကျွန်တော်တို့အတွက် ဆုတောင်းပတ္ထနာပြုတော်မူသည်။
အရှင်ယေရှုဘုရားသည် မဟာရာဇအဖြစ် ဤလောကကို အုပ်စိုးတော်မူသည်။
ကိုယ်တော်၏ သစ္စာတော်သည် အစဉ်အမြဲ တည်ပါသည်။
ယနေ့၊ သားတော်ဘုရားတည်းဟူသော အရှင်ယေရှုဘုရားသည် အုပ်စိုးတော်မူရုံမျှမက၊ မိတ်ဆွေဘက်မှ ရှိတော်မူကြောင်း ကျေးဇူးတော်ကို ချီးမွမ်းလျက် ဆုတောင်းပတ္ထနာပြုပါ။
ဤအစီအစဉ်အကြောင်း

ဤဓမ္မစာပေသည် လူတစ်ဦးချင်းစီအား သမ္မာကျမ်းစာကို လေ့လာပြီး ဘုရားသခင်၏ မဟာဇာတ်တော်ကြီးကို ရှာဖွေတွေ့ရှိနိုင်စေမည့် အမေးအဖြေများ ဖြစ်ပါသည်။ ဤဓမ္မစာပေသည် ဓမ္မပညာရှင်များနှင့် ဓမ္မဆရာများအဖွဲ့မှ စီရင်ရေးသားခဲ့ပြီး သမိုင်းတွင် ထင်ရှားသော အမေးအဖြေဓမ္မစာပေများမှ လမ်းညွှန်မှုရယူထားပါသည်။ ဤအမေးအဖြေစီးရီးတွင် အပိုင်းကိုးပိုင်းရှိပါသည် - ဖန်ဆင်းခြင်း၊ အပြစ်တရား၊ ပဋိညာဉ်တရားနှင့် ပညတ်တော်တရား၊ ရွေးနုတ်တော်မူခြင်းကျေးဇူးတော်၊ ကျေးဇူးတော်တရားနှင့် အပြစ်လွှတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ အသင်းတော်နှင့် ဖန်ဆင်းခြင်းအသစ် ဖြစ်ပါသည်။
More