အရှင်ယေရှုဘုရား၏ လူ့ဇာတိခံတော်မူခြင်းနမူနာ

အရှင်ယေရှုဘုရား၏ ဘုရားဇာတိတော်သည် အဘယ်ကြောင့် အရေးကြီးသနည်း
ဘုရားသခင်မှတစ်ပါး လူသားကို အပြစ်တရား၏ တန်ခိုးနှင့် အမင်္ဂလာမှ ကယ်နုတ်၍ ပြန်လည်ထူထောင်နိုင်သောသူ တစ်ယောက်မျှမရှိ။
နာဇရက်မြို့သား အရှင်ယေရှုဘုရားနှင့်အတူ သွားလာသောသူများသည် သူ၏ လူ့ဇာတိအပေါ် သံသယစိတ် မရှိကြပေ။ ကိုယ်တော်၏ လူ့ဇာတိသည် အလွန်ထင်ရှားခဲ့ပါသည်။ အကြောင်းမှာ၊ ကိုယ်တော်သည် လောကဓံတရား၌ ကျင်လည်လျက် ထင်းရှားစွာ သွားလာခဲ့သည်။
သို့သော်၊ ကိုယ်တော်၏ ပွဲတော်တည်တော်မူခြင်းနှင့် ကျိန်းစက်တော်မူခြင်းတို့ကို မြင်ရသောအခါ၊ သူသည် ဘုရားဇာတိတော်ပေါ် ယုံမှားသံသယ ရှိကောင်းရှိနိုင်ပါသည်။ အရှင်ယေရှုဘုရား၏ ထူးဆန်းလှသော ဘုရားလူသားဖြစ်တော်မူခြင်းသည် ဝိရောဓိတရားဖြစ်သည် မဟုတ်ပါလား။
အကယ်၍၊ အရှင်ယေရှုဘုရား၏ ဘုရားလူသားဇာတိတော်ကို နားလည်သဘောပေါက်စေရန် အလွန်ရေးကြီးသလို၊ ၎င်းဇာတိတော်သည် အဘယ်ကြောင့်အရေးကြီးသည်ကိုလည်း နားလည်သဘောပေါက်စေရန် အလွန်အရေးကြီးသည်။
ဤဇာတိတော်၏ အရေးကြီးသည်မှာ၊ အရှင်ယေရှုဘုရားသည် ဘုရားဇာတိကို မပါလျှင်၊ ခမည်းတော်ဘုရားအား ပြည့်စုံစွာ မထင်ရှားနိုင်သလို၊ လူသားများကိုလည်း မကယ်မတင်နိုင်ပေ။ အကြောင်းမှာ၊ ဘုရားသခင်သာလျှင် ဘုရားသခင်ကို ထင်ရှားစေရန် တတ်နိုင်သလိူ၊ ဘုရားသခင်သာလျှင် လူသားများကို ကယ်တင်နိုင်ပါသည်။ အပြစ်ကင်းသောသူသာလျှင် ကျွန်တော်တို့၏ အပြစ်များအတွက် ပြစ်ဒဏ်ကို တစ်ကြိမ်တည်းနှင့် ပူဇော်၍ပေးဆပ်နိုင်သည်။
ယနေ့၊ သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာသောအခါ၊ အရှင်ယေရှုဘုရားသည် ဘုရားသခင်ကို မည်သို့ထင်ရှားပြတော်မူသည်နှင့် လူသားများကို ကယ်တင်ရန် မည်သို့ကြွလာတော်မူသည်ကို သမ္မာသတိရှိရှိ မှတ်ထားပါ။
ဤအစီအစဉ်အကြောင်း

ဤဓမ္မစာပေသည် လူတစ်ဦးချင်းစီအား သမ္မာကျမ်းစာကို လေ့လာပြီး ဘုရားသခင်၏ မဟာဇာတ်တော်ကြီးကို ရှာဖွေတွေ့ရှိနိုင်စေမည့် အမေးအဖြေများ ဖြစ်ပါသည်။ ဤဓမ္မစာပေသည် ဓမ္မပညာရှင်များနှင့် ဓမ္မဆရာများအဖွဲ့မှ စီရင်ရေးသားခဲ့ပြီး သမိုင်းတွင် ထင်ရှားသော အမေးအဖြေဓမ္မစာပေများမှ လမ်းညွှန်မှုရယူထားပါသည်။ ဤအမေးအဖြေစီးရီးတွင် အပိုင်းကိုးပိုင်းရှိပါသည် - ဖန်ဆင်းခြင်း၊ အပြစ်တရား၊ ပဋိညာဉ်တရားနှင့် ပညတ်တော်တရား၊ ရွေးနုတ်တော်မူခြင်းကျေးဇူးတော်၊ ကျေးဇူးတော်တရားနှင့် အပြစ်လွှတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ အသင်းတော်နှင့် ဖန်ဆင်းခြင်းအသစ် ဖြစ်ပါသည်။
More