အရှင်ယေရှုဘုရား၏ လူ့ဇာတိခံတော်မူခြင်းနမူနာ

ကျွန်တော်တို့သည် အရှင်ယေရှုဘုရား၏ ဧဝံဂေလိသတင်းကောင်းကို မည်သို့တုံ့ပြန်ရမသနည်း
မိမိတို့ အပြစ်များကို ပြေစေခြင်းငှာ နောင်တရပြီး စိတ်ပြောင်းလဲခြင်းသို့ ရောက်လျက်၊ ကိုယ်တော်မြတ်ကို မိမိအသက်သခင်ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံ၍၊ သူ၏ အလိုတော်နှင့်အညီ အသက်ရှင်စေရန် အရှင်ယေရှုဘုရားက ကျွန်တော်တို့ကို ခေါ်တော်မူသည်။
နောင်တရကြပါ။ လူအားလုံးသည် ၎င်းဝေါဟာရကို သိကျွမ်းပြီး တပ်သလဲလဲ ကြားဖူးကြသည်။
တရားဟောဆရာများက မိမိဓမ္မဒေသနာကို အဆုံးသတ်စဉ်တွင်၊ မိတ်ဆွေတို့သည် နောင်တရပြီး အရှင်ယေရှုဘုရားကို ယုံကြည်လက်ခံပါဦးဟု မကြာခဏ ပြောဆိုကြသည် မဟုတ်ပါလား။
သို့ရာတွင်၊ နောင်တတရားဆိုသည် အဘယ်သို့နည်း။ အရှင်ယေရှုဘုရားက၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့ဟု မိန့်တော်မူသောအခါ ဘာကိုဆိုလိုတော်မူသနည်း။
အရှင်ယေရှုဘုရားဟောပြောတော်မူသော အနက်အဓိပ္ပာယ်ကို နားလည်လိုလျှင်၊ နောင်တရဟူသော ဝေါဟာရ၏ အနက်ကို သိကျွမ်းရမည် ဖြစ်ပါသည်။ နောင်တရဆိုသည် အပြစ်ဒုစရိုက်ကို မကျူးလွန်ဘဲလျက် ဘုရားသခင်ထံသို့ လှည့်ပြန်စေရန် ဆိုလိုသည်။ အခြားနည်းပြောရလျှင်၊ မိမိအိမ်သို့ပြန်လာပါဟု အနက်အဓိပ္ပာယ်လည်း ရှိသည်။
အရှင်ယေရှုဘုရားသည် အဘယ်ကြောင့် ထိုသို့မိန့်တော်မူသနည်း။ သူဘာကိုဆိုလိုတော်မူသနည်း။ ဣသရေလလူမျိုးတို့သည် မိမိနားမထောင်ခြင်းဖြင့် ဘုရားသခင်၏ ပဋိညာဉ်တော်ကို ဖျက်ဆီးခဲ့ပြီး၊ ကတိထားရာပြည်ထောင်မှ နှင်ထုတ်ခံရလျက် မိမိရန်သူ၏ နယ်မြေတည်းဟူသော ဗာဗုလုန်ပြည်သို့ ရောက်ကြခဲ့သည်။ အရှင်ယေရှုဘုရားက ဟောပြောတော်မူသော ယုဒလူမျိုးများသည် ရောမအုပ်ချုပ်မှုအောက်တွင် ရှိကြခဲ့သည်။ သို့သော်၊ သူတို့၏ ဘုရားသခင်နှင့် ကွာစေခြင်းသည် သူတို့၏ နိုင်ငံရေးကျွန်ခံခြင်းထက် ပိုပိုဆိုးရွာခဲ့သည်။ ထို့ကြောင့်၊ လှည့်ပြန်၍ မိမိအိမ်တည်းဟူသော မိမိဘုရားသခင်ထံသို့ ပြန်လာကြပါဟု အရှင်ယေရှုဘုရား ဖိတ်ခေါ်တော်မူသည်။
အရှင်ယေရှုဘုရားအတွက် နောင်တတရား၏ အနှစ်သာရက၊ မိတ်ဆွေသည် ဘုရားသခင်နှင့် ကွာနေသည်။ အိမ်သို့ပြန်လာရန် အချိန်တန်ပြီဟု ဖြစ်သည်။
အရှင်ယေရှုဘုရားသည် ကျွန်တော်တို့ကို နောင်တရစေဖို့ ခေါ်တော်မူနေသည်။ လောကီသားအားလုံး နောင်တရ၍ ဘုရားသခင်ထံ ရောက်စေဖို့ မိန့်တော်မူသလို၊ ကိုယ်ကိုကိုယ် ငြင်းပယ်ရ၍ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့ လိုက်ရမည်ဟု အရှင်ယေရှုဘုရား မိန့်တော်မူပြီ။
ယနေ့၊ မိတ်ဆွေသည် ဘုရားသခင်နှင့် မည်သို့ဝေးကွာနေသည်နှင့် ကိုယ်တော်ထံသို့ မည်သို့ပြန်လာနိုင်သည်ကို ဆင်ခြင်စဉ်းစားပါ။ ဤတစ်ပတ်အတွင်း သူတစ်ပါးထံ အရှင်ယေရှုဘုရား၏ ဧဝံဂေလိတရားကို ကောင်းစွာ ဟောပြောစေဖို့ ဘုရားသခင်ထံ ဆုတောင်းပါ။
ဤအစီအစဉ်အကြောင်း

ဤဓမ္မစာပေသည် လူတစ်ဦးချင်းစီအား သမ္မာကျမ်းစာကို လေ့လာပြီး ဘုရားသခင်၏ မဟာဇာတ်တော်ကြီးကို ရှာဖွေတွေ့ရှိနိုင်စေမည့် အမေးအဖြေများ ဖြစ်ပါသည်။ ဤဓမ္မစာပေသည် ဓမ္မပညာရှင်များနှင့် ဓမ္မဆရာများအဖွဲ့မှ စီရင်ရေးသားခဲ့ပြီး သမိုင်းတွင် ထင်ရှားသော အမေးအဖြေဓမ္မစာပေများမှ လမ်းညွှန်မှုရယူထားပါသည်။ ဤအမေးအဖြေစီးရီးတွင် အပိုင်းကိုးပိုင်းရှိပါသည် - ဖန်ဆင်းခြင်း၊ အပြစ်တရား၊ ပဋိညာဉ်တရားနှင့် ပညတ်တော်တရား၊ ရွေးနုတ်တော်မူခြင်းကျေးဇူးတော်၊ ကျေးဇူးတော်တရားနှင့် အပြစ်လွှတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ အသင်းတော်နှင့် ဖန်ဆင်းခြင်းအသစ် ဖြစ်ပါသည်။
More