YouVersion လိုဂို
ရှာရန် အိုင်ကွန်

အရှင်ယေရှုဘုရား၏ လူ့ဇာတိခံတော်မူခြင်းနမူနာ

Incarnation

8 ၏ နေ့ 3

အရှင်ယေရှုဘုရားသည် ထာဝရဘုရား၏ ဂုဏ်အင်္ဂါတော်များကို မည်သို့ဖော်ပြထားပါသနည်း

အရှင်ယေရှုဘုရားသည် ဘုရားလူသားအနေနှင့် ဇာတိနှစ်မျိုးစလုံးကို ပိုင်တော်မူသည်။

ခရစ်ယာန်ဘာသာသည် နက်နဲသောအရာတစ်ခုကို အတည်ပြုစေသည်။ အနန္တစကြဝဠာကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် နာဇရက်မြို့သား အရှင်ယေရှုဘုရား၌ ကိုယ်တော်တိုင် ထင်ရှားစေတော်မူသည်။ ခရစ်ယာန်များအနေဖြင့်၊ အရှင်ယေရှုဘုရားသည် ဘုရားဇာတိရှိသလို လူဇာတိလည်း ရှိတော်မူသည်ဟု ယုံကြည်ကြသည်။ သို့ရာတွင်၊ ၎င်းသမ္မာတရားသည် ယုတ္တိမရှိဘဲ ဝိရောဓိတရားဖြစ်သည် မဟုတ်ပါလား။

ကျွန်တော်တို့သည် နိမ္မိတသတ္တဝါများအနေနှင့် အကန့်အသတ်ရှိပြီး အရှင်ယေရှုဘုရား၏ ဘုရားလူသားဇာတိတော်မြတ်ကို နားလည်နိုင်စွမ်းမရှိသော်လည်း၊ ၎င်းကို မဖောက်မပြန် မပြောင်းမလဲနိုင်သော သမ္မာတရား ဖြစ်ပါသည်။ ထာဝရဘုရား၏ အကြံအစည်သည် ကျွန်တော်တို့၏ အကြံအစည်နှင့် မတူညီသလို၊ သူ၏ အကျင့်သည်လည်း ကျွန်တော်တို့၏ အကျင့်နှင့် မတူညီပေ။

သို့သော်၊ ဤသမ္မာတရားသည် အလွန်အရေးကြီးသည်။ အကြောင့်မှာ၊ ဘုရားသခင်၏ ဗျာဒိတ်တော်နှင့် ကယ်တင်ခြင်းတရားတို့သည် ၎င်းသမ္မာတရား၌ တည်ရှိပါသည်။

ဤသို့တွေးကြည့်ပါ။ အရှင်ယေရှုဘုရားသည် ဘုရားဇာတိမပါလျှင်၊ ဘုရားသခင်ကို ပြည့်စုံစွာ ထင်ရှားပြရန် မတတ်နိုင်ပေ။ သို့သော်၊ အရှင်ယေရှုဘုရားသည် လူ့ဇာတိလည်း မပါလျှင်၊ လူသားများကို ပြည့်စုံစွာ ကယ်တင်စေရန် မတတ်နိုင်ပေ။

ဘုရားသခင်၏ ဗျာဒိတ်တော်မူခြင်းသည် အလွန်အမင်း ရေးကြီးလှပါသည်။

ထို့အတူ၊ အရှင်ယေရှုဘုရားသည် ဘုရားဇာတိမပါလျှင်၊ ကျွန်တော်တို့၏ အပြစ်များမှ ကယ်တင်နိုင်သောတန်ခိုးတော် မရှိနိုင်ပေ။ သို့သော်၊ အရှင်ယေရှုဘုရားသည် လူ့ဇာတိမပါလျှင်၊ လူသားများ၏ အပြစ်များမှ ကယ်တင်နိုင်မည် မဟုတ်ပေ။

ဘုရားသခင်၏ ကယ်တင်တော်မူခြင်းသည် အလွန်အမင်း ရေးကြီးလှပါသည်။

အရှင်ယေရှုဘုရားသည် ဘုရားသခင်ကို ပြည့်စုံစွာ ထင်ရှားစေရန်နှင့် ကျွန်တော်တို့ကို ပြည့်စုံစွာ ကယ်တင်စေရန်၊ စစ်မှန်သော ဘုရားလူသား ဖြစ်ရမည်။

ယနေ့၊ တမန်တော်များ၏ အယူဝါဒကို ဖတ်ရှုကျက်စားလျက် စေ့စေ့ဆင်ခြင်စဉ်းစားပါ။

ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသည့် ဘုန်းကြီးတော်မူသော ခမည်းတော်ဘုရားသခင်ကို ကျွန်ုပ်ယုံကြည်ပါသည်။

ကျွန်ုပ်တို့၏ သခင်၊ သူ၏ တစ်ပါးတည်းသော သားတော် သခင်ယေရှုခရစ်တော်ကို ကျွန်ုပ်ယုံကြည်ပါသည်။

ထိုသားတော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေယူတော်မူ၍၊ အပျိုကညာ မာရိအားဖြင့် ဖွားမြင်ခြင်းကို ခံယူတော်မူ၏ဟု ကျွန်ုပ်ယုံကြည်ပါသည်။

သူသည် ပုန္တိပိလတ်မင်း လက်ထက်၌ ဒုက္ခများကို ခံစားလျက်၊ လက်ဝါးကပ်တိုင်တွင် တင်ထားခြင်းကို ခံရ၏။ ထို့နောက် မြေ၌ မြှုပ်ထားခြင်းကို ခံ၏။ သူသည် ငရဲတို့တိုင် ဆင်းသက်ခဲ့၏ဟု ကျွန်ုပ်ယုံကြည်ပါသည်။

သုံးရက်မြောက်နေ့တွင် သေခြင်းမှ ပြန်လည်ရှင်ပြန်ထမြောက်ခဲ့၏ဟု ကျွန်ုပ်ယုံကြည်ပါသည်။

ထို့နောက် ကောင်းကင်ဘုံသို့ ထက်ကြွတော်မူခဲ့၍၊ ဘုန်းကြီးတော်မူသော ခမည်းတော်ဘုရားသခင်၏ လက်ယာဘက်၌ ထိုင်တော်မူ၏ဟု ကျွန်ုပ်ယုံကြည်ပါသည်။

ထိုအရပ်မှစနေ၍ သူသည် သေသူရှင်သူအပေါင်းတို့ကို တရားစီရင်ရန် ပြန်လာဦးမည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။

သန့်ရှင်သောဝိညာဉ်တော်ဘုရားကို ကျွန်ုပ်ယုံကြည်ပါသည်။

သန့်ရှင်းသောကက်သလစ်အသင်းတော် (ပြည်ပြည်ဆိုင်ရာအသင်းတော်) တစ်ပါးနှင့် ယုံကြည်သူများ၏ မိတ်သဟာယဖွဲ့ခြင်းကို ကျွန်ုပ်ယုံကြည်ပါသည်။

အပြစ်များအား ခွင့်လွှတ်ခြင်းကို ကျွန်ုပ်ယုံကြည်ပါသည်။

ခန္ဓာကိုယ်ရှင်ပြန်ထမြောက်ခြင်းကို ကျွန်ုပ်ယုံကြည်ပါသည်။

ထာဝရအသက်ရှိသည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ အာမင်။

ဤအစီအစဉ်အကြောင်း

Incarnation

ဤဓမ္မစာပေသည် လူတစ်ဦးချင်းစီအား သမ္မာကျမ်းစာကို လေ့လာပြီး ဘုရားသခင်၏ မဟာဇာတ်တော်ကြီးကို ရှာဖွေတွေ့ရှိနိုင်စေမည့် အမေးအဖြေများ ဖြစ်ပါသည်။ ဤဓမ္မစာပေသည် ဓမ္မပညာရှင်များနှင့် ဓမ္မဆရာများအဖွဲ့မှ စီရင်ရေးသားခဲ့ပြီး သမိုင်းတွင် ထင်ရှားသော အမေးအဖြေဓမ္မစာပေများမှ လမ်းညွှန်မှုရယူထားပါသည်။ ဤအမေးအဖြေစီးရီးတွင် အပိုင်းကိုးပိုင်းရှိပါသည် - ဖန်ဆင်းခြင်း၊ အပြစ်တရား၊ ပဋိညာဉ်တရားနှင့် ပညတ်တော်တရား၊ ရွေးနုတ်တော်မူခြင်းကျေးဇူးတော်၊ ကျေးဇူးတော်တရားနှင့် အပြစ်လွှတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ အသင်းတော်နှင့် ဖန်ဆင်းခြင်းအသစ် ဖြစ်ပါသည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် OneHope အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ http://feed.bible သွားရောက်ကြည့်ရှုပါ။

စပ်ဆိုင်သော အစီအစဉ်များ