နှစ်သစ်ကို ချိုမြိန်စေမည့် နည်းလမ်း (၇) သွယ်နမူနာ

၇။ ဘုရားသခင်၏ မဟာမေတ္တာကရုဏာတော်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လိုက်ပါ
သမ္မာကျမ်းစာရှိ သမ္မာတရားများ မိမိဦးနှောက်ဖြင့် သိ၍ ယုံကြည်နိုင်ပါသည်။ သို့သော်၊ မိမိအသက်တာ၌ နာရီတိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်းမှာ ၎င်းသမ္မာတရားကို ယုံကြည်စွဲလမ်းစေဖို့ ခက်ခဲလှပါသည်။ ကျွန်တော်တို့သည် နိမ္မိတသတ္တဝါများအနေနှင့် အရာရာ၌ ဘုရားသခင်နှင့် သူ၏ နှုတ်ကပတ်တော်မြတ်ကို ယုံကြည်ကိုးစားရမည် ဖြစ်သည်။ မိတ်ဆွေ၏ အတိတ်သမိုင်းတွင် ဘယ်လောက်ပဲ အပြစ်ရှိသည်ဖြစ်ပါစေ၊ ဘုရားသခင်သည် မိတ်ဆွေကို ထာဝရမေတ္တာတော်နှင့် အလွန်တရာ ချစ်တော်မူသည်ဟု စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်စွဲလမ်းလိုက်ပါ။ ဤသမ္မာတရားသည် မိတ်ဆွေ၏ အသက်တာကို လုံးဝဥဿုံ ပြောင်းလဲစေလိမ့်မည်။
ကိုယ်တော်ဘုရား၏ မဟာမေတ္တာတော်ကို သိ၍ ယုံကြည်စဉ်တွင်၊ ကိုယ်တော်ဘုရား၏ လောကုတ္တရာဝမ်းမြောက်ခြင်းကိုလည်း ဖော်ပြနိုင်မည့်အကြောင်း ဆုတောင်းပါ။ မိတ်ဆွေ၏ အသက်တာသည် ကောင်းသည်ဖြစ်ပါစေ၊ မကောင်းသည်ဖြစ်ပါစေ၊ သာယာသည်ဖြစ်ပါစေ၊ ဆုံးရွားသည်ဖြစ်ပါစေ၊ အရာရာ၌ ထိုလောကုတ္တရာဝမ်းမြောက်ခြင်းကို ရှာဖွေလိုက်ပါ။ အနန္တမေတ္တောတော်အရှင် ဘုရားသခင်သည် ကောင်းမြတ်ပြီး ကျွန်တော်တို့ကို စစ်ကြော၍ သိတော်မူသည်။ ဘုရားရှင်သည် ကျွန်တော်တို့နှင့်အတူ အစဉ်ရှိလျက် အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်။ အထံတော်၌ စုံလင်သောဝမ်းမြောက်ခြင်းအခွင့်နှင့် လက်ယာတော်နားမှာ အစဉ်အမြဲပျော်မွေ့ခြင်းအခွင့် ရှိပါသည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

သကေနေပွဲ (Rosh Hashanah) သည် ယုဒ (ဂျူး) နှစ်သစ်ကူး ဖြစ်ပါသည်။ လာမည့် နှစ်သစ်ကို ချိုမြိန်ဖြစ်ပါလိမ့်မည်ဟု အလွန်မျှော်လင့်သောကြောင့် တစ်ယောက်ကို တစ်ယောက် ယုဒရိုးရာအစားအစာများကို ကျွေးလျက် မင်္ဂလာစကားကိုလည်း ပြောဆိုလေ့ ရှိကြပါသည်။ နှစ်သစ်ရောက်လာသောအခါ၊ ဤနှစ်သည် အရင်နှစ်ထက် ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုသည် အတွေးများ ဝင်လာခဲ့ပါသည်။ မိမိကိုယ်ကို တိုးတက်စေလိုသလို၊ သူတစ်ပါးများနှင့် ဘုရားသခင်နှင့်အတူ မိတ်သဟာယဖွဲ့ခြင်းကို ပိုမိုနက်ရှိုင်းစေဖို့ စိတ်ဆန္ဒကိုလည်း ပေါ်လာပါသည်။ လာမည့် နှစ်သစ်ကို ပိုမိုချိုမြိန်စေမည့် နည်းလမ်း (၇) သွယ်အကြောင်းကို ဖတ်ရှုလေ့လာကြပါစို့။
More
စပ်ဆိုင်သော အစီအစဉ်များ

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့
