YouVersion လိုဂို
ရှာရန် အိုင်ကွန်

နှစ်သစ်ကို ချိုမြိန်စေမည့် နည်းလမ်း (၇) သွယ်နမူနာ

7 Days to a Sweeter Year

7 ၏ နေ့ 6

၆။ ခရစ်ဝင်ကျမ်းများကို ဖတ်ရှုလျက် အရှင်ယေရှုဘုရားကို ပြန်လည်ရှာဖွေတွေ့ရှိစေပါ

(ဖိ၊ ၃း၈) တွင်၊ ငါ၏ သခင်ယေရှုခရစ်ကို သိသောပညာသည် အဘယ်မျှလောက် မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏ဟု တမန်တော်ကြီး ရှင်ပေါလုသည် ဖော်ပြထားခဲ့သည်။ (ဟေရှာ၊ ၅၃း၂) တွင်၊ (ကယ်တင်ရှင်ယေရှုသည်) ပမာဏပြုစရာ အဆင်းတင့်တယ်ခြင်းမရှိ။ ချစ်လိုဖွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံဟု ဖော်ပြထားခဲ့သည်။ သို့သော်၊ လူအပေါင်းတို့သည် အထူးသဖြင့် အပြစ်သားများကို အရှင်ယေရှုဘုရားထံ အလွန်ဆွဲဆောင်ခဲ့ကြသည်။

မိတ်ဆွေ၏ နှစ်သစ်ကို ချိုမြိန်စေမည့် နောက်တစ်နည်းမှာ၊ ခရစ်ဝင်ကျမ်းများရှိ ယခင်သတိမပြုမိခဲ့သော အရှင်ယေရှုဘုရားအကြောင်းအရာများကို ပြသစေရန် ဘုရားသခင်ထံ ဆုတောင်းပါ။ မိမိဓမ္မစက္ခုဖွင့်ထားလျက် ဇာတ်တော်များကို ဖတ်ရှုသောအခါ၊ အရှင်ယေရှုဘုရား၏ နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘော၊ ထူးဆန်းလှသောတန်ခိုးတော်၊ သန့်ရှင်းခြင်းပါရမီတော်၊ ခမည်းတော်ဘုရား၌ ခိုလှုံးသောအသဘောနှင့် မထင်ရှားသောကျေးဇူးပြုခြင်းတို့ကို တွေ့မြင်နိင်ပါလိမ့်မည်။ ၎င်းဂုဏ်အင်္ဂါတော်များကို တွေ့သောအခါ၊ ကိုယ်တော်၏ မဟာမေတ္တာကရုဏာတော်ကိုလည်း အောက်မေ့သတိရစေလိမ့်မည်။ အရှင်ယေရှုဘုရားသည် (၁၂) နှစ်ပတ်လုံး သွေးသွန်အနာစွဲသောမိန်းမကို အလွန်ချစ်သနားသလို၊ မိတ်ဆွေကိုလည်း အလွန်ချစ်သနားတော်မူလိမ့်မည်။ အရှင်ယေရှုဘုရားသည် သန့်ရှင်းခြင်းသို့ ရောက်ခဲ့သော နူနာသူ၏ ချီးမွမ်းစကား၌ မွေ့လျော်ခဲ့သလို၊ မိတ်ဆွေ၏ ချီးမွမ်းစကား၌လည်း မွေ့လျော်တော်မူသည်။

ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်၏ဟု အရှင်ယေရှုဘုရားကို မိန့်တော်မူခဲ့သည်။ အနန္တမေတ္တာတော်အရှင်ကို သိကျွမ်းခြင်းသည် အကောင်းဆုံးသော ဆုကျေးဇူး ဖြစ်ပါသည်။

ဤအစီအစဉ်အကြောင်း

7 Days to a Sweeter Year

သကေနေပွဲ (Rosh Hashanah) သည် ယုဒ (ဂျူး) နှစ်သစ်ကူး ဖြစ်ပါသည်။ လာမည့် နှစ်သစ်ကို ချိုမြိန်ဖြစ်ပါလိမ့်မည်ဟု အလွန်မျှော်လင့်သောကြောင့် တစ်ယောက်ကို တစ်ယောက် ယုဒရိုးရာအစားအစာများကို ကျွေးလျက် မင်္ဂလာစကားကိုလည်း ပြောဆိုလေ့ ရှိကြပါသည်။ နှစ်သစ်ရောက်လာသောအခါ၊ ဤနှစ်သည် အရင်နှစ်ထက် ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုသည် အတွေးများ ဝင်လာခဲ့ပါသည်။ မိမိကိုယ်ကို တိုးတက်စေလိုသလို၊ သူတစ်ပါးများနှင့် ဘုရားသခင်နှင့်အတူ မိတ်သဟာယဖွဲ့ခြင်းကို ပိုမိုနက်ရှိုင်းစေဖို့ စိတ်ဆန္ဒကိုလည်း ပေါ်လာပါသည်။ လာမည့် နှစ်သစ်ကို ပိုမိုချိုမြိန်စေမည့် နည်းလမ်း (၇) သွယ်အကြောင်းကို ဖတ်ရှုလေ့လာကြပါစို့။

More

ဒီအစီအစဉ်ကို ပေးသည့်အတွက် Jewish Voice Ministries International ကို အထူးကျေးဇူးတင်ပါသည်။ သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက https://www.jewishvoice.org/fall-feasts-infographic သို့ ကြည့်ရှုနိုင်ပါသည်။