YouVersion လိုဂို
ရှာရန် အိုင်ကွန်

နှစ်သစ်ကို ချိုမြိန်စေမည့် နည်းလမ်း (၇) သွယ်နမူနာ

7 Days to a Sweeter Year

7 ၏ နေ့ 5

၅၊ သူတစ်ပါး၏ အကျိုးကို ရှာဖွေပါ

ကိုယ်တော်၏ နာမတော်မြတ်ကို ချီးမွမ်းခြင်းသည် ကျွန်တော်တို့၏ ဝိညာဉ်ကို ရွှင်လန်းစေသလို၊ သူတစ်ပါး၏ အကျိုးကို ရှာဖွေခြင်းလည်း ရွှင်လန်းစေတတ်သည်။ သူတစ်ပါး၏ အကျိုးကို ရှာဖွေခြင်းသည် မိမိအတ္တကို လျော့စေ၍ မိမိအသက်တာရှိ အနုတ်လက္ခဏာများလည်း ပယ်ရှားစေတတ်သည်။ သူတစ်ပါးထံ စေတနာစိတ်ရှိရှိ ပေးကမ်းလှူဒါန်းသောအခါ၊ မိမိဘဝကို ပိုမိုချိုမြိန်စေလိမ့်မည်။

သူတစ်ပါး၏ အကျိုးကို ရှာဖွေနည်းလမ်းအမျိုးမျိုး ရှိပါသည်။ မိတ်ဆွေ၏ လုပ်ငန်းခွင်မှာ လူသစ်တစ်ယောက် ရှိနေပါသလား။ ထိုသူနှင့်အတူ ထမင်းစားပါ (သို့) သူထံသွား၍ မေတ္တာစိတ်ဖြင့် တကူးတက နှုတ်ဆက်လိုက်ပါ။ မိတ်ဆွေအသစ်ကို ရရှိလိမ့်မည်။ မိမိအသင်းတော်၏ ဆန်းဒေးစကူးလ် (Sunday School) အား အလိုရှိနေပါက၊ ကြင်နာနှလုံးသားဖြင့် ပါဝင်လိုက်ပါ။ မိတ်ဆွေသည် နည်းလမ်းအမျိုးမျိုးဖြင့် သူတစ်ပါး၏ အကျိုးကို ရှာဖွေခြင်းနှင့် လှူဒါန်းနိုင်ပါသည်။ အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည်သာ၍ မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသော စကားတော်ကို အောက်မေ့သတိရစေပါ။

ဤအစီအစဉ်အကြောင်း

7 Days to a Sweeter Year

သကေနေပွဲ (Rosh Hashanah) သည် ယုဒ (ဂျူး) နှစ်သစ်ကူး ဖြစ်ပါသည်။ လာမည့် နှစ်သစ်ကို ချိုမြိန်ဖြစ်ပါလိမ့်မည်ဟု အလွန်မျှော်လင့်သောကြောင့် တစ်ယောက်ကို တစ်ယောက် ယုဒရိုးရာအစားအစာများကို ကျွေးလျက် မင်္ဂလာစကားကိုလည်း ပြောဆိုလေ့ ရှိကြပါသည်။ နှစ်သစ်ရောက်လာသောအခါ၊ ဤနှစ်သည် အရင်နှစ်ထက် ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုသည် အတွေးများ ဝင်လာခဲ့ပါသည်။ မိမိကိုယ်ကို တိုးတက်စေလိုသလို၊ သူတစ်ပါးများနှင့် ဘုရားသခင်နှင့်အတူ မိတ်သဟာယဖွဲ့ခြင်းကို ပိုမိုနက်ရှိုင်းစေဖို့ စိတ်ဆန္ဒကိုလည်း ပေါ်လာပါသည်။ လာမည့် နှစ်သစ်ကို ပိုမိုချိုမြိန်စေမည့် နည်းလမ်း (၇) သွယ်အကြောင်းကို ဖတ်ရှုလေ့လာကြပါစို့။

More

ဒီအစီအစဉ်ကို ပေးသည့်အတွက် Jewish Voice Ministries International ကို အထူးကျေးဇူးတင်ပါသည်။ သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက https://www.jewishvoice.org/fall-feasts-infographic သို့ ကြည့်ရှုနိုင်ပါသည်။