နှစ်သစ်ကို ချိုမြိန်စေမည့် နည်းလမ်း (၇) သွယ်နမူနာ

၃။ ဆာလံကျမ်းတစ်ပိုဒ်ကို နေ့စဉ်ဖတ်ရှုပါ
ဆာလံကို ရေးစပ်သောသူများသည် နက်နဲရာထဲက ကိုယ်တော်ကို အော်ဟစ်ကြခဲ့သည်။ သူတို့၏ ဝေါဟာရများတွင်၊ စိတ်ဓာတ်ကျခြင်း၊ ဒေါသထွက်ခြင်း၊ ကြောက်ရွံ့သံဝေဂနှင့် အခြားလူခံစားချက်များ ပါပါသည်။ ကျွန်တော်တို့အားလုံးသည် ၎င်းခံစားချက်များကို ထပ်တူခံစားကြတတ်ပါသည်။ အခြားသူများသည် ကျွန်တော်တို့ကဲ့သို့ အလားတူခံစားချက်များကို ခံစားနိုင်ပြီး ဘုရားသခင်ထံတော်၌ ခိုလှုံးလျက် ချမ်းသာခြင်းသို့ ရောက်ကြောင်းကို သိသောအခါ၊ ကျွန်တော်တို့သည်လည်း စိတ်ချမ်းသာခြင်းသို့ ရောက်တတ်ကြပါသည်။
ဆာလံကို ရေးစပ်သောသူများသည် ဘုရားသခင်ထံ အော်ဟစ်သောအခါ၊ သူတို့၏ ပြဿနာများကို မထောက်ရှုဘဲ ဘုရားသခင်ကို စေ့စေ့ကြည့်ရှုစေတတ်သည်ဟု ကျွန်တော်တို့မြင်ရပါသည်။ ဘုရားသခင်သည် ဒါဝိဒ်မင်းကြီးနှင့် ဆာလံကို ရေးစပ်သောသူများအဖို့ ကူညီမစခဲ့သလို၊ ကိုယ်တော်သည် ကျွန်တော်တို့အတွက်လည်း ကူညီမစတော်မူလိမ့်မည်။ ထာဝရဘုရားသည် ကျွန်တော်တို့၏ ခိုလှုံရာ၊ ရဲတိုက်၊ ကယ်တင်ရှင်နှင့် ကိုးစားသောဘုရားသခင် ဖြစ်တော်မူသည်။ ဆာလံကျမ်းကို ဖတ်စဉ်တွင်၊ မိမိ၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံ၍၊ အနန္တတန်ခိုးရှင် အဖဘုရားသခင်ကို စေ့စေ့ကြည့်ရှုစေဖို့ သင်ယူကြပါသည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

သကေနေပွဲ (Rosh Hashanah) သည် ယုဒ (ဂျူး) နှစ်သစ်ကူး ဖြစ်ပါသည်။ လာမည့် နှစ်သစ်ကို ချိုမြိန်ဖြစ်ပါလိမ့်မည်ဟု အလွန်မျှော်လင့်သောကြောင့် တစ်ယောက်ကို တစ်ယောက် ယုဒရိုးရာအစားအစာများကို ကျွေးလျက် မင်္ဂလာစကားကိုလည်း ပြောဆိုလေ့ ရှိကြပါသည်။ နှစ်သစ်ရောက်လာသောအခါ၊ ဤနှစ်သည် အရင်နှစ်ထက် ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုသည် အတွေးများ ဝင်လာခဲ့ပါသည်။ မိမိကိုယ်ကို တိုးတက်စေလိုသလို၊ သူတစ်ပါးများနှင့် ဘုရားသခင်နှင့်အတူ မိတ်သဟာယဖွဲ့ခြင်းကို ပိုမိုနက်ရှိုင်းစေဖို့ စိတ်ဆန္ဒကိုလည်း ပေါ်လာပါသည်။ လာမည့် နှစ်သစ်ကို ပိုမိုချိုမြိန်စေမည့် နည်းလမ်း (၇) သွယ်အကြောင်းကို ဖတ်ရှုလေ့လာကြပါစို့။
More
စပ်ဆိုင်သော အစီအစဉ်များ

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့
