နှစ်သစ်ကို ချိုမြိန်စေမည့် နည်းလမ်း (၇) သွယ်နမူနာ

၄။ နေ့ရက်စဉ်တိုင်းမှာ၊ ထာဝရဘုရား၏ ဂုဏ်အင်္ဂါတော်များကို ဆုတောင်းခြင်းဖြင့် ချီးမွမ်းလိုက်ပါ
ကိုယ်တော်မြတ်ကို ချီးမွမ်းသောအခါ ကျွန်တော်တို့၏ ဝမ်းမြောက်ခြင်းကို ပိုမိုတိုးပွားစေသည်။ ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ် ဖြစ်တော်မူသည်။ ကိုယ်တော်ကို ချီးမွမ်းခြင်းသည် ကျွန်တော်တို့အတွက် အကျိုးကို ပြုစုတတ်သည်။ ကျေးဇူးတော်ချီးမွမ်းခြင်းသည် ဘုရားရှင်နှင့် ကျွန်တော်တို့၏ မိတ်သဟာယဖွဲ့ခြင်းကို ပိုမိုနက်နဲစေသလို စိတ်ဝိညာဉ်၌ ချိုမြိန်ပါသည်။ ကျွန်တော်တို့၏ ဓမ္မစက္ခုဖြင့် ကိုယ်တော်မြတ်ကို စေ့စေ့ကြည့်ရှုသောခါ၊ သူ၏ အံ့ဩဖွယ် ဖြူစင်စေတနာတော်နှင့် မဟာကျေးဇူးတော်ကို မြင်နိုင်ပါသည်။ အနန္တစကြဝဠာဖန်ဆင်းတော်မူသောအရှင်သည် အပြစ်ရှိသောသူတို့ကို ကယ်ချွတ်၍ ကမ္ဘာအဆက်ဆက်တိုင်အောင် အတူရှိစေငှာ၊ ဤလောကသို့ ကြွလာတော်မူသည်ဟူသောစကားသည် အလွန်အံ့ဩဖွယ်စကား ဖြစ်ပါသည်တကား။
နေ့ရက်စဉ်တိုင်းမှာ ကျေးဇူးတော်ကို ချီးမွမ်းလျက် ဆုတောင်းပတ္ထနာပြုအလေ့ ရှိစေဖို့ ကိုယ်တော်မြတ်ထံ ဆုတောင်းပါ။ ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ မိတ်ဆွေအလိုရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။ ယနေ့၊ ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များကို သမ္မာသတိရှိရှိ အာရုံစိုက်နေပါသလား။ ကိုယ်တော်၏ ထူးဆန်းလှသော ဖန်ဆင်းခြင်းလက်ရာတော်ကို ကြည့်ရှုနေပါသလား။ သို့မဟုတ်၊ သူ၏ မဟာအလိုတော်နှင့် အထွဋ်အမြတ်အာဏာတော်အားဖြင့် အံ့ဩနေပါသလား။ ကိုယ်တော်ဘုရား၏ ဂုဏ်အင်္ဂါတော်များကို ဖော်ပြလျက် ကျေးဇူးတော်ကို ချီးမွမ်းလိုက်ပါ။ သခင်ဘုရားအကြောင်းကို ဆင်ခြင်စဉ်းစားစဉ်တွင် ကောင်းကြီးမင်္ဂလာအပေါင်း ရရှိခံစားပါလိမ့်မည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

သကေနေပွဲ (Rosh Hashanah) သည် ယုဒ (ဂျူး) နှစ်သစ်ကူး ဖြစ်ပါသည်။ လာမည့် နှစ်သစ်ကို ချိုမြိန်ဖြစ်ပါလိမ့်မည်ဟု အလွန်မျှော်လင့်သောကြောင့် တစ်ယောက်ကို တစ်ယောက် ယုဒရိုးရာအစားအစာများကို ကျွေးလျက် မင်္ဂလာစကားကိုလည်း ပြောဆိုလေ့ ရှိကြပါသည်။ နှစ်သစ်ရောက်လာသောအခါ၊ ဤနှစ်သည် အရင်နှစ်ထက် ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုသည် အတွေးများ ဝင်လာခဲ့ပါသည်။ မိမိကိုယ်ကို တိုးတက်စေလိုသလို၊ သူတစ်ပါးများနှင့် ဘုရားသခင်နှင့်အတူ မိတ်သဟာယဖွဲ့ခြင်းကို ပိုမိုနက်ရှိုင်းစေဖို့ စိတ်ဆန္ဒကိုလည်း ပေါ်လာပါသည်။ လာမည့် နှစ်သစ်ကို ပိုမိုချိုမြိန်စေမည့် နည်းလမ်း (၇) သွယ်အကြောင်းကို ဖတ်ရှုလေ့လာကြပါစို့။
More
စပ်ဆိုင်သော အစီအစဉ်များ

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့
