YouVersion လိုဂို
ရှာရန် အိုင်ကွန်

နှစ်သစ်ကို ချိုမြိန်စေမည့် နည်းလမ်း (၇) သွယ်နမူနာ

7 Days to a Sweeter Year

7 ၏ နေ့ 2

၂။ သူတစ်ပါး၏ အားသားချက်များ၊ ဆုကျေးဇူးများနှင့် ပါရမီများကို ကြည့်ရှုလိုက်ပါ

သူတစ်ပါး၏ အားသားချက်များ၊ ဆုကျေးဇူးများနှင့် ပါရမီများကို ကြည့်ရှုသောအခါ၊ ကျွန်တော်တို့၏ ပျော်ရွှင်းခြင်းကို ပိုမိုတိုးပွားစေတတ်သည်။ ဤအမှုသည် နှောင့်ယှက်စေသော အနုတ်လက္ခဏာများကို ပယ်ရှားစေသလို သူတစ်ပါးများကိုလည်း ပိုမိုအလေးထားစေတတ်သည်။ အံ့ဩဖွယ်နေဝင်ချိန်ဖြစ်စေ၊ လှပသောပန်းချီဖြစ်စေ၊ လူတစ်ဦး၏ ကောင်းမြတ်သောစရိုက်လက္ခဏာတည်းဟူသော အကြောင်းအရာတစ်ခုခုကို အလေးထားသောအခါ မိမိဝမ်းမြောက်ခြင်းကိုလည်း ဧကန်အမှန် တိုးပွားစေပါလိမ့်မည်။ ကောင်းမြတ်သောအရာများကို အာရုံစိုက်သောအခါ မိမိနှစ်သစ်ကို ချိုမြိန်စေတတ်သည်။ အကယ်၍၊ ဘုရားသခင်သည် ၎င်းအမှုကို ပြုစေခြင်းငှာ မိန့်တော်မူခဲ့ပြီ။ သူတစ်ပါး၏ အားနည်းချက်ကို ရှာဖွေလျှင် သေချာစွာ တွေ့ပါလိမ့်မည်။ သူတစ်ပါး၏ အားသားချက်ရှာဖွေခြင်းသည် စိတ်ဝိညာဉ်၌ အရသာနှင့် ပြည့်စုံစေပါလိမ့်မည်။

သူတစ်ပါးကိုလည်း ချီးမွမ်းလျက် ကောင်းသောစကားကို တကူးတက ပြောဆိုလိုက်ပါ။ လူတိုင်းမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကင်းခြင်းနှင့် သိမ်ငယ်သောသဘော ရှိကြပါသည်။ လျောက်ပတ်သောစကားသည် ငွေအပြောက်မှာ စီချယ်သော ရွှေရှောက်ချိုသီးနှင့် တူ၏ (သု၊ ၂၅း၁၁)။ မိတ်ဆွေသည် တန်ဖိုးကြီးသည် (သို့) မိတ်ဆွေသည် အောင်မြင်နေပြီစသည့် ချီးမွမ်းစကားကို လူတိုင်းကြားလိုကြပါသည်။ ယုံကြည်သူထံဖြစ်စေ၊ မယုံကြည်သူထံဖြစ်စေ၊ သာယာသောချီးမွမ်းစကားသည် ရွှင်လန်းစေတတ်၏။ အားပေးသူသည်လည်း ရွှင်လန်းစေပါလိမ့်မည်။

ဤအစီအစဉ်အကြောင်း

7 Days to a Sweeter Year

သကေနေပွဲ (Rosh Hashanah) သည် ယုဒ (ဂျူး) နှစ်သစ်ကူး ဖြစ်ပါသည်။ လာမည့် နှစ်သစ်ကို ချိုမြိန်ဖြစ်ပါလိမ့်မည်ဟု အလွန်မျှော်လင့်သောကြောင့် တစ်ယောက်ကို တစ်ယောက် ယုဒရိုးရာအစားအစာများကို ကျွေးလျက် မင်္ဂလာစကားကိုလည်း ပြောဆိုလေ့ ရှိကြပါသည်။ နှစ်သစ်ရောက်လာသောအခါ၊ ဤနှစ်သည် အရင်နှစ်ထက် ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုသည် အတွေးများ ဝင်လာခဲ့ပါသည်။ မိမိကိုယ်ကို တိုးတက်စေလိုသလို၊ သူတစ်ပါးများနှင့် ဘုရားသခင်နှင့်အတူ မိတ်သဟာယဖွဲ့ခြင်းကို ပိုမိုနက်ရှိုင်းစေဖို့ စိတ်ဆန္ဒကိုလည်း ပေါ်လာပါသည်။ လာမည့် နှစ်သစ်ကို ပိုမိုချိုမြိန်စေမည့် နည်းလမ်း (၇) သွယ်အကြောင်းကို ဖတ်ရှုလေ့လာကြပါစို့။

More

ဒီအစီအစဉ်ကို ပေးသည့်အတွက် Jewish Voice Ministries International ကို အထူးကျေးဇူးတင်ပါသည်။ သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက https://www.jewishvoice.org/fall-feasts-infographic သို့ ကြည့်ရှုနိုင်ပါသည်။