YouVersion Logo
Search Icon

Mark 15

15
1ဟဲင်းနေ့မနက်ခင်းဆည်းဆာချိန်မှာ ပရောဟိတ်အကြီးအကဲတေ၊ ဆက်ကြီးဝါကြီးတေ၊ ကျမ်းတတ်ဆရာတေန တရားလွှတ်တော် ကောင်စီအဖွဲ့ဝင်အပေါင်းတော့ဟ အချင်းချင်းဆွေးနွေးတိုင်ပင်ပြီး ချုပ်နှောင်ထားတဲ့ ကိုယ်တော့်ယေရှုကော် စီရင်ချက်ချနိုင်ဖော့ ယုဒပ္လေအုပ်ချုပ်သူ ဘုရင်ခံပိလတ်မင်းနား ပိုဆောင်ကြလေဟယ်။ 2ဟဲင်းခါ ပိလတ်မင်းဟ "သင်ဟ ဂျူးလူမျိုးတော့ရဲ့ဘုရင်ဆိုဟာ မှန်ပါသလား" လောက်မေးလေဟယ်။ကိုယ်တော်ယေရှုဟလဲ "သင်ပြောတဲ့အတိုင်းမှန်ပါဟယ်" လောက် ပ္လန်ဖြေကြားလေဟယ်။ 3ပရောဟိတ်အကြီးအကဲတေဟလဲ အကြီးကျယ်များတဲ့ စွပ်စွဲချက်တေန ကိုယ်တော်ယေရှုကော် စွဲချက်တင်ကြလေဟယ်။ 4တဖန်ပိလတ်မင်းဟလဲ "သင်ဟ စာလောက် စားတခုကော်မှ ပ္လန်ချေပပြောဆိုခြင်းမရှိဟား၊ သင့်ကော်စွပ်စွဲဟားတဲ့အချက်တေ ဖယ်လောက်များဟား ကြည့်စမ်းပါ" လောက်ဆိုလေဟယ်။ 5ဟဲင်းပေမဲ့ ကိုယ်တော်ယေရှုဟဟဲင်းနည်းအတိုင်းပင် တစ်စုံတခုကော်မှ ပ္လန်လည်မဖြေကြားဘဲ ဆိတ်ဆိတ် နေလေညောင်း ပိလတ်မင်းဟလဲ အကြီးကျယ်အံ့ဩဟားလေဟယ်။ 6ပိလတ်မင်းဟ ပသခါ ပွဲတော်ကျရောက်ချိန်တိုင်းမှာ ထုံးစံအတိုင်း လူတေတောင်းဆိုတဲ့အကျဉ်းဆားတစ်ယောက်ကော် လွတ်ငြိမ်းချမ်းဆာခွင့်ပေးရလေ့ရှိဟယ်။ 7ဟဲင်းအချိန်မှာ ဗာရဗ္ဗအမည်ရှိတဲ့လူတစ်ယောက်ဟ ရောမအစိုးရကော်ပုန်ကန်မောက် လူဆတ်မှုကျူးလွန်ခဲ့ညောင်း တခြားတော်လှန်ပုန်ကန်ဆမားတေနအတူ အကျဉ်းချနေလျက်ရှိဟယ် 8ဟဲင်းကြောင့်လူအုပ်ကူးဟ ပိလတ်မင်းနားရောက်လာမောက် နှစ်စဉ်ပြုလုပ်နေကြတဲ့အတိုင်း ဆူ့တော့အတွက် အကျဉ်းဆားတစ်ယောက်ကော် လွတ်ငြိမ်းချမ်းဆာခွင့်ပေးဖော့ တောင်းလျှောက်လေဟယ်။ 9ဟဲင်းခါ ပိလတ်မင်းဟ "သင်တော့အတွက် ဂျူးလူမျိုးတော့ဘုရင်ဆိုလူကော် လွှတ်ပေးစေလိုသလား" လောက်ပ္လန်မောက်မေးလေဟယ်။ 10ဟဲင်းသလဲ မေးရခြင်းမှာ ပရောဟိတ်အကြီးအကျယ်တေဟ မနာလိုမုန်းတီးစိတ်န မမှန်မကန်လုပ်ကြံဖန်တီးမောက် ကိုယ်တော်ယေရှုကော် ဖမ်းဆီးအပ်နှံခဲ့ကြောင်း ပိလတ်မင်းဆိနေလောက်ညောင်းဖြစ်ဟယ်။ 11ဟဲင်းပေမဲ့ ပရောဟိတ်အကြီးအကဲတေန ကျမ်းတတ်ဆရာတေဟ ကိုယ်တော်ယေရှုကော် လွတ်ငြိမ်းချမ်းဆာခွင့်ပေးမဲ့အစား ဗာရဗ္ဗကော်သာ လွှတ်ပေးဖော့ တောင်းဆိုကြစေရန် လူအုပ်ကူးကော် လှုံ့ဆော်စည်းရုံးလေဟယ်။ 12ပိလတ်မင်းဟ ဗာရဗ္ဗကော်သာ လွှတ်ပေးဖော့ တောင်းဆိုတဲ့စကားကော်ကြားခါ "ဟဲင်းလဲဆိုခါ သင်တော့ပြောတဲ့ ဂျူးလူမျိုးတော့ရဲ့ ဘုရင်ဆိုတဲ့လူကော် ငါဖယ်လဲလုပ်ရမဟား" လောက် ပ္လန်မေးလေဟယ်။ 13ဟဲင်းခါ ဟဲင်းလူတေဟ "ဟဲင်းလူကော် လက်ဝါးကပ်တိုင်ပေါ်မှာ ဆံန ရိုက်မောက် ဆတ်လိုက်ပါ" လောက်အော်ဟစ်ကြလေဟယ်။ 14ပိလတ်မင်းဟ "စာလောက်ဟား၊ ဟဲင်းလူဟ ဖယ်မကောင်းမှုအပြစ်တေကော် ကျူးလွန်ခဲ့ဟား" လောက် မေးခါ ဟဲင်းလူအုပ်ကူးဟ "ဆူ့ကော် လက်ဝါးကပ်တိုင်ပေါ်တင်လိုက်ပါ" လောက်သာ ထပ်ကာထပ်ကာ အော်ဟစ်နေကြလေဟယ်။ 15ဟဲင်းခါ ပိလတ်မင်းဟ ဆူပူအုံကြွမှု မဖြစ်စေဖော့န လူအုပ်ကူးကော် စိတ်ကျေနပ်စေဖော့အတွက် ဗာရဗ္ဗကော် လွတ်ငြိမ်းချမ်းဆာခွင့်ပေးလိုက်မောက် ကိုယ်တော်ယေရှုကော် လက်ဝါးကပ်တိုင်ပေါ်တင်မောက် ကွပ်မျက်ဖော့ ရောမစစ်ဆားတေနားအပ်နှံလိုက်လေဟယ်။ 16ပြီးခါ ရောမစစ်ဆားတေဟ ဆူ့တော့ရဲ့တပ်ဖွဲ့တေကော် စုရုံးကာ ဘုရင်ခံပိလတ်မင်းရဲ့အိမ်တော်ဝန်းကော် ဝင်မောက် ကိုယ်တော်ယေရှုကော် ချုပ်နှောင်ကာ ခေါ်ထုတ်ဟားကြလေဟယ်။ 17ထို့နောက်ဟဲင်းစစ်ဆားတေဟ ကိုယ်တော်ယေရှုကော် ခရမ်းရောင်ဝတ်ရုံကော် ဝတ်ဆင်စေကာ ဆူးပင်တေကော် သရဖူသဖွယ် ရစ်ခွေမောက် ခေါင်းပေါ်မှာ ဆောင်းစေပြီ၊ 18"မင်္ဂလာပါ ဂျူးလူမျိုးတော့ရြ့ ဘုရင်" ဆိုမောက် လှောင်ပြောင်နူတ်ဆက်ကြလေဟယ်။ 19ဟဲင်းအပြင် ကိုယ်တော်‌ယေရှုရဲ့ ဦးခေါင်းကော် မာကျောတဲ့ ကျူရိုးတုတ်န ရိုက်နှက်မောက် ဆံထွေးတေန ထွေးမောက် ဒူးထောက်ကာ ကိုယ်တော်ကော် လှောင်ပြောင်ရှိခိုးကြဟယ်။ 20ဟဲင်းသလဲ ကိုယ်တော်ကော် လှောင်ပြောင်ကြပြီးခါ ခရမ်းရောင် ဝတ်ရုံကော် ချွတ်လိုက်မောက် ကိုယ်တော်ရဲ့ မူလဝတ်စုံကော်ပ္လန်မောက် ဝတ်ပေးကြဟယ်။ပြီးခါလက်ဝါးကပ်တိုင်မှာတင်မောက်ဆတ်ဖော့ ခေါ်ဆောင်ဟားကြလေဟယ်။ 21ဟဲင်းသလဲ ကိုယ်တော်ယေရှုကော် မြို့ပြင်ကော်ခေါ်ဆောင်လာကြချိန်မှာ အလက်ဇန္ဒြား န ရုဖုတော့ရဲ့ဖခင်ဖြစ်သူ ရှိမုန်အမည်ရှိလူတစ်ယောက်ဟ ကုနေရေလောက်ခေါ်တဲ့ ကျေးလက်တောရွာတစ်ရွာမှ ဂျေရုဆလင်မြို့ကော် လျှောက်လာနေဟာကော် မြင်ညောင်း ရောမစစ်ဆားတေဟ ဟဲင်းလူကော် ကိုယ်တော်ယေရှုရဲ့ လက်ဝါးကပ်တိုင်ကော် ထမ်းဖော့ အမိန့်ပေးလေဟယ်။ 22ထို့နောက် ကိုယ်တော်ယေရှုကော် စစ်ဆားတေဟ အာရမိတ်ဘာသာန ဂေါလဂေါသလောက်ခေါ်တဲ့ ဦးခေါင်းခွံနေရာလောက်အဓိပ္ပာယ်ရတဲ့နေရာကော် ခေါ်ဆောင်ဟားကြလေဟယ်။ 23ဟဲင်းနေရာကော်ရောက်တဲ့အခါ စစ်ဆားတေဟ ကိုယ့်တော်ကော် နာကျင်မှုဝေဒနာဆက်ဆာစေဖော့တိုက်တဲ့ ဆေးခပ်ဟားတဲ့ ဝိုင်တချို့ကော် တိုက်ခါ ကိုယ်တော်ဟဆောက်ဖော့ ငြင်းဆန်လေဟယ်။ 24ဟဲင်းနောက်စစ်ဆားတေဟ ကိုယ်တော်ကော် လက်ဝါးကပ်တိုင်ပေါ်တင်မောက် ဆံနရိုက်ကြလေဟယ်။ပြီးခါ ဆူ့တော့ဟကိုယ်တော်ရဲ့အဝတ်တေကော် မဲနှိုက်မောက် ဆူ့တော့ထဲမှမဆူ့ဟ ဖယ်အဝတ်ကော် ရမဲင်ကော် ဆုံးဖြတ်ကြလေဟယ်။ 25ကိုယ်တော်ယေရှုကော် လက်ဝါးကပ်တိုင်ပေါ်တင်မောက် ကွပ်မျက်ချိန်ဟ မနက်ကိုးနာရီဖြစ်ဟယ်။ 26စစ်ဆားတေဟ ကိုယ်တော်ယေရှုရဲ့ ဦးခေါင်းအထက်ဟ လက်ဝါးကပ်တိုင်ပေါ်မှာ ကိုယ်တော်ကွပ်မျက်ခံရခြင်းရဲ့ အကြောင်းကော်ဆိစေဖော့ 'ဂျူးလူမျိုးတော့ရဲ့ဘုရင်' ဆိုတဲ့ ဆိုင်းဘုတ်ကော် ရိုက်ကပ်ဟားလေဟယ်။ 27ကိုယ်တော်ရဲ့လက်ဝဲဖက်န လက်ယာဖက်မှာ သူခိုးဓားပြတစ်ယောက်စီကော် စစ်ဆားတေဟ လက်ဝါးကပ်တိုင်မှာ ဆံန ရိုက်မောက် ကွပ်မျက်ထားကြလေဟယ်။ 28ဟဲင်းနည်းန ကျမ်းစာမှာ ကယ်တင်ရှင်မေရှိယအကြောင်းရေးဆားဟားတဲ့ 'ကယ်တင်ရှင်မေရှိယဟ ရာဇဝတ်ဆားတေသလဲ ဆက်ဆံခြင်းခံရမဲင်။' ဆိုတဲ့ ကျမ်းချက်မှာ ပ္လေ့စုံမှန်ကန်ဟားလေတော့ဟယ်။ 29ဟဲင်းနေရာမှဖြတ်ဆွားဆမားတေဟလဲ ခေါင်းတေကော် ခါရမ်းမောက် "သင်ဟ ဗိမာန်တော်ကော် ဖြိုချဖျက်ဆီးပြီး ဆုံးရက်အတွင်းပ္လန်ဆောက်မှာပေါ့။ 30လက်ဝါးကပ်တိုင်ပေါ်ဟ ဆင်းမောက် သင့်ကော်သင်ကယ်တင်လိုက်ပါအုံး" လောက် ကိုယ်တော်ယေရှုကော် စော်ကားပြောဆိုကြလေဟယ်။ 31ဟဲင်းနည်းတူစွာ ပရောဟိတ်အကြီးအကဲတေန ဥပဒေကျမ်းတတ်ဆရာတေဟလဲ ကိုယ်တော်ကော် "ဆူဟအခြားသော လူတေကော်ကယ်တင်ခဲ့လယ်ဝ ဆူ့ကိုယ်ဆူမကယ်တင်နိုင်ပေ။ 32ကိုယ့်ကိုကိုယ်ကယ်တင်မေရှိယလောက်ပြောမောက် အစ္စရေးလူမျိုးတေရဲ့ဘုရင်လောက် ပြောဆိုနေတဲ့ ဟဲင်းလူကော် ဆူ့ဟာဆူ လက်ဝါးကပ်တိုင်ပေါ်ဟ ဆင်းလာခိုင်းလိုက်ပါ။ဟဲင်သလဲ လုပ်ပြလောက်ရှိခါ ငါတော့ဟ ဆူ့ကော် ငါတော့ရဲ့ဘုရင်အဖြစ် ယုံကြည်လက်ခံမဲင်" လောက် ပြောဆိုကာ လှောင်ပြောင်ကြလေဟယ်။ 33ကုန်းမြေတစ်ခုလုံးဟလဲ နေ့လည်ကောင် ဆယ့်နှေနာရီမှစမောက် ညခင်းနီးဆုံးနာရီထိတိုင်အောင် မှောင်မိုက်မောက် နေလေတော့ဟယ်။ 34ညခင်းနီးဆုံးနာရီအချိန်မှာ ကိုယ်တော်ဟ “ကျွန်ုပ်ရဲ့အဖဘုရားရှင်၊ကျွန်ုပ်ရဲ့အဖဘုရားရှင် စာလောက် ကျွန်ုပ်ကော် ပစ်ပယ်ဟားရဟား" လောက် အဆံအက္လယ်ဟုန်းပြောဆိုလေဟယ်။ 35ကိုယ်တော်ပြောဆိုတဲ့အဆံကော် အနီးမှာ ရပ်နေတဲ့လူအချို့ကြားတဲ့အခါ နားလည်မှုလွဲကာ "နားထောင်။ဆူ့ကော်လာရောက်ကူညီပေးဖော့ ပရောဖက်ဧလိယကော် ခေါ်နေဟယ်" လောက် အချင်းချင်းပြောကြလေဟယ်။ 36ဆူ့တော့ထဲဟ လူတစ်ယောက်ဟ ရေမြှပ်တစ်ခုကော် ပ္လေးယူကာ ဝိုင်ချဉ်တချို့န စိမ်လေဟယ်။ ပြီးခါ ဆူဟဟဲင်းဝိုင်ချဉ်န ပ္လေ့နေတဲ့ရေမြှပ်ကော် တုတ်ရဲ့ထိပ်ဖျားမှာချိတ်ကာ ဝိုင်ချဉ်ကော် ကိုယ်တော်ရဲ့ပါးစပ်နစုတ်မောက် ဆောက်နိုင်စေဖော့ မတင်ပေးပြီး "စာတခုမှမလုပ်ဆေးပဲစောင့်ပါအုံး။ပရောက်ဖက်ဧလိယရောက်လာပြီး သင့်ကော်လက်ဝါးကပ်တိုင်ပေါ်ဟ ကယ်တင်မလားဆိုဟာကော် ငါတော့ကြည့်အုံးမဲင်" လောက် ပြောလေဟယ်။ 37ပြီးခါ ကိုယ်တော်ယေရှုဟ အဆံအက္လယ်ဟုန်းအော်ဟစ်မောက် အဆက်ချုပ်ငြိမ်းဟားလေတော့ဟယ်။ 38ဗိမာန်တော်မှာ ဘုရားရှင်ရှေ့တော်ကော် လူတိုင်းမဝင်နိုင်စေဖော့ ကာကွယ်ဖော့ ချိတ်ဆွဲဟားတဲ့ လိုက်ကာအထူကူးဟလဲ အပေါ်မှအောက်ကော် နှစ်ခြမ်းကွဲဟားလေတော့ဟယ်။ 39ကိုယ်တော်ယေရှုနမျက်နှာချင်းဆိုင်မှာ ရပ်နေတဲ့တပ်မှူးတစ်ယောက်ဟ ကိုယ်တော်ဟဲင်းသလဲ အော်ဟစ်မောက် အဆက်ချူပ်ငြိမ်းဟားပုံကော် မြင်တဲ့အခါ "ဤလူဟ အမှန်စင်စစ်ပင်ဘုရားရှင်ရဲ့ဆားတော်ဖြစ်ဟယ်" ‌လောက်ဆိုလေဟယ်။ 40အမျိုးဆမီးတချို့ဟ ဟဲင်းနေရာန မနီးမဝေးမှာ ဖြစ်ပျက်ဆမျှကော် ရပ်မောက် ကြည့်နေကြလေဟယ်။ဟဲင်းအမျိုးဆမီးတေအထဲမှာ မာဂဒလမြို့ဆူမာရိ၊ ငယ်ရွယ်တဲ့ယောသပ်န ယာကုပ်တော့ရဲ့မိခင်ဖြစ်တဲ့ မာရိန ဆလိုမေတော့ပါဝင်ကြဟယ်။ 41ဟဲင်းအမျိုးဆမီးဆုံးယောက်ဟ ကိုယ်တော်ယေရှုဂါလိလဲဒေသတစ်ဝှမ်းလှည့်လည်ဆွားလာချိန်ဟ ကိုယ်တော်ယေရှုရဲ့တပဲ့တေအဖြစ် လိုက်ပါလာကြပြီး ကိုယ်တော်လိုအပ်ဟာတေကော် ထောက်ပံ့ပေးဆမားလဲဖြစ်ဟယ်။ဂါလိလဲဒေသမှ ဂျေရုဆလင်မြို့ကော် ကိုယ်တော်နအတူ လိုက်ပါလာကြတဲ့ အခြားသောအမျိုးဆမီးများစွာတေဟလဲ အဝေးမှ နေမောက် ရပ်ကြည့်နေကြလေဟယ်။ 42ကိုယ်တော်ယေရှုကွပ်မျက်ခံရတဲ့နေ့ဟ ဥပုသ်နေ့မတိုင်ခင် အဖိတ်နေ့ဖြစ်ဟယ်။ဟဲင်းနေ့ညနေစောင်းနေမဝင်ခင်အချိန်မှာ 43အရိမဿဲမြို့မှ ယောသပ်ဆိုတဲ့လူဟ ရောက်ရှိလာလေဟယ်။ဆူဟ ကောင်စီမှာ လေးစားခြင်းခံရတဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်မောက် ဘုရားဆာဆနာတော်ကော် စောင့်မျှော်နေတဲ့ဆမားလဲဖြစ်ဟယ်။ဟဲင်းနေ့ဟ ဥပုသ်နေ့မတိုင်ခင်အဖိတ်နေ့ဖြစ်မောက် မကြာခင်နေဝင်တော့မဲင်ဖြစ်ညောင်းယောသပ်ဟ ပိလတ်နားဆွားမောက် ကိုယ်တော်ယေရှုရဲ့ ရုပ်အလောင်းကော် စဂြိုလ်နိုင်ဖော့ တောင်းခံလေဟယ်။
(footnote :ဂျူးလူမျိုးတော့ရဲ့ဥပဒေအရ ဥပုသ်နေ့မှာလူတေဟ လူဆေအလောင်းကော် ရွှေပြောင်းခြင်းမပြုလုပ်ရပေ။ဟဲင်းကြောင့်ယောဟန်ဟ ဥပုသ်နေ့မစမှီ ကိုယ်တော်ယေရှုရဲ့အလောင်းကော် အမြန်စဂြိုလ်လိုလောက် ဖြစ်လေဟယ်။) 44ကိုယ်တော်ယေရှုဟ အချိန်အနည်းငယ်အတွင်း ဆေဟားခဲ့ပြီဆိုတဲ့အကြောင်းကော် ယောသပ်နားမှ ပိလတ်ကြားတဲ့အခါ အံ့ဩဟားမောက် တပ်မှူးကော်ခေါ်မောက် "ယေရှုဆေဟားဝေါက်ဆိုဟာ အမှန်ပဲလား" လောက်မေးလေဟယ်။ 45တပ်မှူးနားမှ ကိုယ်တော်ယေရှုအမှန်ပင် ဆေဟားပြီဖြစ်ကြောင်းကော်ပိလတ်ကြားဆိရတဲ့အခါ ယောဟန်ကော် ကိုယ်တော်ယေရှုရဲ့ ရုပ်အလောင်းကော် စဂြိုလ်ဖော့ ခွင့်ပြုလိုက်လေဟယ်။ 46ပြီးခါ ယောသပ်ဟ ကိုယ်တော်ယေရှုရဲ့ရုပ်အလောင်းကော် လက်ဝါးကပ်တိုင်မှ ခ္လကာ ထွင်းထုဟားတဲ့ စင်္ချိုင်းဂူတစ်ခုအတွင်းမှာထားလေဟယ်။ပြီးခါ ဆူဟ ကျောက်တုံးအဝိုင်းကူးတစ်ခုကော် လှိမ့်မောက် ဂူပေါက်‌ဝကော် ပိတ်ထားခဲ့လေဟယ်။ 47မာဂဒလမြို့ဆူမာရိန ငယ်ရွယ်တဲ့ ယောသပ်နယာကုပ်တော့ရဲ့မိခင်ဖြစ်တဲ့ မာရိတော့ဟ ဖယ်နေရာမှာ ကိုယ်တော်ယေရှုရဲ့ ရုပ်အလောင်းကော် ထားရှိဟာကော် ကြည့်နေကြလေဟယ်။

Currently Selected:

Mark 15: INT

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in