Psalms 107
107
1ဘုရားရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းမြတ်သော်မူ၍ ကိုယ်တော်၏ မေတ္တာကရုဏာသည် အစဉ်အမြဲတည်၏။ 2ဘုရားရှင်ရွေးနုတ်တော်မူသော သူတို့သည် ထိုသို့ဆိုကြပါစေ။ ကိုယ်တော်သည် သူတို့ကို ရန်သူလက်မှရွေးနုတ်၍ 3သူတို့ကို အရှေ့၊ အနောက်၊ တောင်၊ မြောက်ရှိ တိုင်းပြည်တို့မှ ခေါ်ယူစုစည်းတော်မူ၏။ 4အချို့တို့သည် တောကန္တာရထဲ၌ ကန္တာရလမ်းတွင် လှည့်လည်သွားလာကြပြီး မိမိတို့နေထိုင်ရန်မြို့ကို ရှာမတွေ့ကြချေ။ 5သူတို့သည် အစာရေစာငတ်ကြလျက် စိတ်ပျက်အားလျော့ကြ၏။ 6ထိုအခါ သူတို့သည် မိမိတို့ခံစားရသည့် ဆင်းရဲဒုက္ခထဲမှာ ဘုရားရှင်ထံ အော်ဟစ်တောင်းလျှောက်ကြရာ ကိုယ်တော်သည် သူတို့၏ပူပင်သောကများထဲမှ သူတို့ကို ကယ်နုတ်တော်မူ၏။ 7သူတို့နေထိုင်ရာမြို့သို့ရောက်ရန် ဖြောင့်သောလမ်းဖြင့် သူတို့ကို ဦးဆောင်လမ်းပြတော်မူ၏။ 8ကိုယ်တော်၏ မေတ္တာဂရုဏာတော်နှင့် လူသားတို့၌ပြုတော်မူသော ကိုယ်တော်၏ အံ့ဖွယ်သောအမှုများအတွက် သူတို့သည် ဘုရားရှင်၏ကျေးဇူးတော်ကို ချီးမွှမ်းကြပါစေ 9အကြောင်းမူကား ကိုယ်တော်သည် ဆာငတ်သောစိတ်နှလုံးကို ဝလင်စေ၍ ဆာလောင်မွတ်သိပ်သော စိတ်နှလုံးကို ကောင်းသောအရာများနှင့် ဝလင်စေတော်မူ၏။ 10အချို့တို့သည် မှောင်မိုက်နှင့်သေခြင်း၏အရိပ်ထဲ၌ ထိုင်နေရသောသူများ၊ ညှဉ်းဆဲမှုနှင့် သံကြိုး၏ချည်နှောင်ခြင်းကို ခံရသောသူများဖြစ်ကြ၏။ 11အကြောင်းမူကား သူတို့သည် ဘုရားရှင်စကားတော်တို့ကို ဖီဆန်၍ အမြင့်ဆုံးသောအရှင်၏အကြံအဉာဏ်ကို မထီလေး်စားပြုကြ၏။ 12ထို့ကြောင့် ကိုယ်တော်သည် အခက်အခဲပြသနာအားဖြင့် သူတို့၏ စိတ်နှလုံးကို ချိုးနှိမ်တော်မူ၏။ သူတို့လဲကျသောအခါ ကူညီမစမည့်သူမရှိပေ။ 13ထိုအခါ သူတို့သည် မိမိတို့ခံစားရသည့် ဆင်းရဲဒုက္ခထဲမှ ဘုရားရှင်ထံသို့ အော်ဟစ်ကြရာ ကိုယ်တော်သည် သူတို့၏ပူပင်သောကထဲမှ သူတို့ကိုကယ်တင်တော်မူ၏။ 14သူတို့ကို မှောင်မိုက်နှင့်သေခြင်းအရိပ်ထဲမှ ခေါ်ထုတ်တော်မူ၍ သူတို့ခံရသောအချည်အနှောင်များကို အပိုင်းပိုင်းဖြတ်စေတော်မူ၏။ 15ကိုယ်တော်၏မေတ္တာဂရုဏာတော်နှင့် လူသားတို့၏ပြုတော်မူသော ကိုယ်တော်၏အံ့ဖွယ်အမှုများအတွက် သူတို့သည် ဘုရားရှင်၏ကျေးဇူးတော်ကို ချီးမွမ်းကြပါစေ။ 16အကြောင်းမူကား ကိုယ်တော်သည် ကြေးနီတံခါးများကို ချိုးဖျက်၍ သံကန့်လန့်များကို အပိုင်းပိုင်းဖြတ်တော်မူ၏။ 17အချို့တို့သည် မိမိတို့ကျူးလွန်သော အပြစ်၏လမ်းစဉ်ကြောင့် ဆိုးမိုက်သောသူဖြစ်ကြပြီး မိမိတို့၏ဒုစရိုက်များကြောင့် ဒုက္ခဝေဒနာခံစားကြရ၏။ 18သူတို့၏ စိတ်ဝိဉာာဉ်သည် အစားအစာမှန်သမျှကို စက်ဆုပ်ရွံရှာ၍ သေခြင်း၏ တံခါးဝအနီးသို့ရောက်ကြ၏။ 19ထိုအခါ သူတို့သည် မိမိတို့ခံရသည့် ဆင်းရဲဒုက္ခထဲမှ ထာဝရဘုရားထံသို့ အော်ဟစ်ကြရာ ကိုယ်တော်သည် သူတို့၏ ပူပင်သောကထဲမှ သူတို့ကိုကယ်တင်တော်မူ၏။ 20မိမိနှတ်ကပတ်တော်ကိုစေလွှတ်၍ သူတို့ကို ကျန်းမာစေတော်မူပြီး သူတို့ကိုပျက်စီးခြင်းတွင်းထဲမှ လွတ်မြောက်စေတော်မူ၏။ 21ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် လူသားတို့၌ ပြုတော်မူသော ကိုယ်တော်၏အံ့ဖွယ်သော အမှုများအတွက် သူတိုသည် ဘုရားရှင်၏ကျေးဇူးတော်ကို ချီးမွမ်းကြပါစေ။ 22ကျေးဇူးတော်ချီးမွှမ်းခြင်းအတွက် ပူဇော်သက္ကာများကိုလည်း ပူဇော်၍ ရွှင်လန်းစွာကြွေးကြော်ခြင်းဖြင့် ကိုယ်တော်ပြုတော်မူသောအမှုတို့ကို ပြောကြားကြပါစေ။ 23အချို့တို့သည် သင်္ဘောဖြင့်ပင်လယ်ကိုကူ၍ ကျယ်ပြောသောရေပြင်ပေါ်တွင် လုပ်ငန်းကိုလုပ်ကိုင်ကြ၏။ 24သူတို့သည် ဘုရားရှင်ပြုတော်မူသော အမှုများတည်းဟူသော ရေနက်ရာအရပ်တွင် ပြုတော်မူသော ကိုယ်တော်၏ အံ့ဖွယ်သောအမှု်တိုကို မြင်ကြရ၏။ 25အကြောင်းမူကား ကိုယ်တော်မိန့်တော်မူသောအခါ လေမုန်တိုင်တိုက်ခတ်၍ လှိုင်းတံပိုးများထကြ၏။ 26သူတို့သည် ကောင်ကင်သို့မြှောက်တက်သွားပြီး ရေနက်ထဲသို့ကျဆင်ကြရ၍ သူတို့သည် ဘေအန္တရယ်ကြောင့် စိတ်ပျက်အားလျော့ကြ၏။ 27ထိုအခါ သူတို့သည် မိမိတို့ခံရသည် ဆင်းရဲဒုက္ခထဲမှ ထာဝရဘုရားထံအော်ဟစ်တောင်းလျှောက်ကြရာ ကိုယ်တော်သည် သူတို့၏ပူပင်သောကထဲမှ သူတို့ကိုကယ်တင်တော်မူ၏။ 28ထိုအခါ သူတို့သည် မိမိတို့ခံရသည့်ဆင်ရဲဒုက္ခထဲမှ ဘုရားရှင်ထံအော်ဟစ်တောင်းလျှောက်ကြရာ ကိုယ်တော်သည် သူတို့၏ ပူပင်သောကထဲမှ သူတို့ကိုကယ်တင်တော်မူ၏။ 29ကိုယ်တော်သည် လေမုန်တိုင်းကိုကိုရပ်စဲစေတော်မူသဖြင့် လှိုင်းတံပိုးတို့သည် ငြိမ်သက်လေ၏။ 30ထိုကဲ့သို့ ငြိမ်သက်သွားသောကြောင့် သူတို့သည် ဝမ်းမြောက်ကြ၏။ ကိုယ်တော်သည်လည်း သူတို့အလိုရှိရာဆိပ်ကမ်းသို့ သူတို့ကို ပို့ဆောင်တော်မူ၏။ 31ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် လူသားတို့၌ပြုတော်မူသောကိုယ်တော်၏အံ့ဖွယ်သော အမှုများအတွက် သူတို့သည် ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြပါစေ။ 32လူအစုအဝေးအလယ်၌ ကိုယ်တော်ကိုချီးမြောက်၍ သက်ကြီးဝါကြီးတို့စုဝေးရာအရပ်၌ ကိုယ်တော်ကိုချီးမွမ်းကြ၏။ 33ကိုယ်တော်သည် မြစ်များကို တောကန္တာရအဖြစ်သို့လည်းကောင်း၊ 34အသီးအနှံဖြစ်ထွန်းသောမြေများကို ဆားမြေအဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူ၏။ 35တစ်ဖန် ကိုယ်တော်သည် တောကန္တာရကို ရေအိုင်အဖြစ်သို့လည်းကောင်း၊ ခြောက်တွေ့သောမြေကိရေထွက်ရာအရပ်အဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူပြီး 36ဆာလောင်မွတ်သိပ်သောသူတို့ကို ထိုအရပ်တို့၌ နေထိုင်စေတော်မူ၏။ ထိုအခါ သူတို့သည် မိမိတို့နေထိုင်ရန်မြို့ကို တည်ကြ၏။ 37လယ်ယာများ၌ မျိုးစေ့ကြဲ၍ စပျစ်ခြံများကိုစိုက်ပျိုးကာ ရိတ်သိမ်းစရာအသီးအနှံတို့ကိုရရှိကြ၏။ 38ကိုယ်တော်သည် သူတို့ကို ကောင်းချီးပေးတော်မူသဖြင့်သူတို့သည် အလွန်တိုးပွားကြ၏။ သူတို့၏တိရိစ္ဆာန်များကိုလည်း လျော့နည်းစေတော်မမူခဲ့ပေ။ 39ထို့နောက် သူတို့သည် ဖိစီးမှု၊ ဘေးအန္တရာယ်နှင့် ဝမ်းနည်းခြင်းကြောင့် လျော့နည်းလာ၍ နှိမ့်ချလျက်နေကြ၏။ 40ကိုယ်တော်သည် မင်းအရာရှိတို့ကို မထီမဲ့မြင်ပြုခြင်းခံရစေ၍ သူတို့ကိုလမ်းမရှိသော သဲကန္တာရအရပ်၌ လှည့်လည်သွားလာစေတော်မူ၏။ 41နွမ်းပါးသောသူတို့ကိုကား ဖိစီးနှိပ်စက်မှုထဲမှ ကယ်နုတ်၍ လုံခြုံစွာစောင့်ရှောက်တော်မူ၏။ 42ဖြောင့်မှန်သောသူတို့သည် ထိုအမှုအရာကိုမြင်၍ ဝမ်းမြောက်ကြ၏။ မတရားမှုရှိသမျှတို့မူကား နှုတ်ဆိတ်နေကြ၏။ 43မည်သူသည် ပညာရှိဖြစ်သနည်း။ ထိုသူသည် ဤအမှုအရာတို့ကို မှတ်သားဆင်ခြင်၍ ဘုရားရှင်၏မေတ္တာဂရုဏာတော်ကို နားလည်းပါစေ။
Currently Selected:
Psalms 107: TPV-RV
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.