YouVersion Logo
Search Icon

Psalms 106

106
1ဘုရားရှင်ကို ချီးမွမ်းကြလော့။ ဘုရားရှင်သည် ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏ မေတ္တာဂရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ 2ဘုရားရှင်၏ အစွမ်းတန်ခိုးများအကြောင်းကို မည်သူထုတ်ဖော်ပြောဆိုနိုင်မည်နည်း။ ကိုယ်တော်၏ ဂုဏ်ကျေးဇူးတော်အပေါင်းကို မည်သူဖော်ပြနိုင်မည်နည်း 3တရားမျှတစွာပြုမူ၍ အမှန်တရားကို အစဉ်ကျင့်သုံးသောသူတို့သည် မင်္ဂလာရှိကြ၏။ 4အို ဘုရားရှင် ကိုယ်တော်၏လူမျိုးတော်အား ကူညီမစတော်မူသောအခါ အကျွန်ုပ်ကိုလည်း သတိရတော်မူပါ။ သူတို့အား ကယ်တော်မူသောအခါ အကျွန်ုပ်ကိုလည်း ကယ်တင်တော်မူပါ။ 5ကိုယ်တော်၏ လူမျိုးတော်ကောင်းစားသည်ကို အကျွန်ုပ်မြင်နိုင်စေရန်လည်းကောင်း ကိုယ်တော်၏လူမျိုးတော်တို့ ဝမ်းမြောက်ခြင်း၌ ပါဝင်ဝမ်းမြောက်နိုင်စေရန်လည်းကောင်း၊ ကိုယ်တော်၏ အမွေတော်၌ ဂုဏ်ယူဝံ့ကြွားစေနိုင်ရန်လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်ကို ကျေးဇူးပြုတော်မူသောအခါ အကျွန်ုပ်ကို သတိရတော်မူပါ။ သူတို့ကို ကယ်တင်သောအခါ အကျွန်ုပ်ကိုလည်း စရင်းထဲ ထည့်သွင်းတော်မူပါ။ 6အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ ဘိုးဘေးများနှင့်အတူ အပြစ်ပြုကြပါပြီ။ ဒုစရိုက်အမှုကို ပြုကြပါပြီ။ ဆိုးယုတ်သောအမှုကို ပြုကြပါပြီ။ 7အကျွန်ုပ်၏ဘိုးဘေးများသည် အီဂျစ်ပြည်၌ရှိစဉ် ကိုယ်တော်၏ အံ့ဖွယ်သောအမှုတို့ကို ဂရုမပြုခဲ့ကြပါ။ သူတို့သည် ကိုယ်တော်၏ကြီးမားသော မေတ္တာဂရုဏာတော်ကို မအောက်မေ့ဘဲ ပင်လယ်အနီး။ ပင်လယ်နီအနီးတွင် ပုန်ကန်ခဲ့ကြပါ၏။ 8သို့သော် ကိုယ်တော်သည် မိမိ၏အစွမ်းတန်ခိုးတော်ထင်ရှားစေရန် မိမိ၏နာမတော်ကိုထောက်၍ သူတို့ကို ကယ်တင်တော်မူ၏။ 9ကိုယ်တော်သည် ပင်လယ်နီကို ဆုံးမတော်မူရာ ၎င်းသည်ခန်းခြောက်လေ၏။ ထို့်နောက် တောကန္တာရကိုဖြတ်သကဲ့သို့ နက်ရှိုင်းသောရေထုကိုဖြတ်၍ သူတို့ကို ပို့ဆောင်တော်မူ၏။ 10မုန်းသောသူလက်ထက်မှ သူတို့ကိုကယ်တင်တော်မူ၍ ရန်သူ၏လက်မှ သူတို့ကို ရွေးနုတ်တော်မူ၏။ 11ရေသည် သူတို့၏ရန်သများကို ဖုံးလွှမ်းသဖြင့် ရန်သူထဲတွင် အသက်ရှင်ကျန်ရစ်ခဲ့သူ တစ်ဦးမျှမရှိပေ။ 12ထိုအခါ သူတို့သည် ကိုယ်တော်၏ကတိတော်ကို ယုံကြည်လျက် ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းသီဆိုကြ၏။ 13သို့သော် သူတို့သည် ကိုယ်တော်ပြုတော်မူသောအမှုတို့ကို အလျင်အမြန်မေ့လျော့ကြ၏။ ကိုယ်တော်၏အကြံအဉာဏ်ကိုလည်း မစောင့်ဘဲ 14သူတို့သည် တောကန္တာရ၌ အလိုဆန္ဒပြင်းပြကြ၍ ကန္တာရမြေ၌ ကန္တာရမြေ၌ ဘုရားရှင်ကိုစမ်းသပ်ခဲ့ကြ၏။ 15ထိုအခါ ကိုယ်တော်သည် သူတို့တောင်းသောအရာကို သူတို့အား ပေးတော်မူသော်လည်း သူတို့အပေါ်၌ ပိန်ချုံးခြင်းဝေဒနာကို သက်ရောက်စေတော်မူ၏။ 16သူတို့သည် စခန်းထဲတွင် မောရှေနှင့် ဘုရားရှင်၏ သန့်ရှင်းသောသူဖြစ်သည့် အာရုန်ကို ငြူစူကြသောအခါ 17မြေသည် ကွဲအက်လျက် ဒါသန်ကိုမျို၍ အဘိရံနှင့်အပေါင်းပါတို့ကို ဖုံးအုပ်လေ၏။ 18မီးလျံသည်သူတို့၏ နောက်လိုက်သူယုတ်မာတို့အပေါင်ကျ၍ ကျွမ်းလောင်ကြစေ၏။ 19သူတို့သည် ဟောရပ်တောင်နားတွင် နွားသငယ်ရုပ်ကို သွန်းလုပ်၍ ထိုသွန်းလုပ်သောရုပ်တုကို ရှိခိုးကိုးကွယ်ကြ၏။ 20ထိုသို့ဖြင့် မိမိတို့၏ဘုန်အသရေကို မြက်စားသောနွား၏ ရုပ်တုနှင့်လဲလှယ်ကြ၏။ 21အီဂျစ်ပြည်၌ ကြီးမားသောအမှုများ၊ ဟာမပြည်၌ အံ့ဖွယ်သောအမှုများ၊ ပင်လယ်နီ၌ အံ့ဖွယ်သောအမှုများ၊ 22ပင်လယ်နီ၌ ကြောက်ရွံ့ဖွယ်သော အမှုများကိုပြုတော်မူသောအရှင်တည်းဟူသော မိမိတို့အား ကယ်တင်တော်မူသောဘုရားသခင်ကို သူတို့သည် မေ့လျော့ကြ၏။ 23ထို့ကြောင့် ကိုယ်တော်သည် သူတို့ကိုဖျက်ဆီးမည်ဟုတ် မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်ရွေးကောက်တော်မူသောမောရှေသည် ရှေ့တော်မှ ကျိုးပေါက်မည့်နေရာတွင်ရပ်လျက် သူတို့ကိုဖျက်ဆီးမည့် ကိုယ်တော်အမျက်ဒေါသကို တာဆီးခဲ့၏။ 24တစ်ဖန် သူတို့သည် ကိုယ်တော်၏ကတိတော်ကို မယုံ၊ သာယာသောပြည်ကို အလေးမထားဘဲ 25မိမိတို့၏တဲများတွင် ညည်းတွားကာ ဘုရားရှင်၏စကားတော်ကို နားမထောင်ခဲ့ကြချေ။ 26ထို့ကြောင့် ကိုယ်တော်သည် သူတိုကို တောကန္တာရထဲတွင် ကျဆုံးစေမည်ဟူ၍လည်းကောင်း၊ 27သူတို့၏သားစဉ်မြေးဆက်တို့ကို အပြည်ပြည်အရပ်ရပ်သို့ ကွဲလွင့်စေလျက် လူမျိုးခြားတို့အလယ်တွင် ကျဆုံးစေမည်ဟူ၍လည်းကောင်း လက်တော်ကိုမြောက်၍ ကျိန်ဆိုတော်မူ၏။ 28တစ်ဖန် သူတို့သည် ဗာလပေဂုရဘုရားကို မှီဝဲဆည်းကပ်၍ လူသေတို့အားပူဇော်သော ပူဇော်စရာကို စားကြ၏။ 29ထိုသို့ မိမိတို့၏အပြုအမူများဖြင့် အမျက်တော်ထွက်စေသဖြင့် သူတို့အလယ်တွင် ကပ်ရောဂါဖြစ်ပွားလေ၏။ 30သို့သော် ဖိနဟတ်သည် ထ၍ ကြားဝင်ဖြေရှင်ပေးသောကြောင့် ကပ်ရောဂါသည် ငြိမ်းလေ၏။ 31ထိုအမှုကြောင့် သူသည် မျိုးဆက်အစဉ်အဆက် အစဉ်အမြဲဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခြင်းခံရ၏။ 32သူတို့သည် မေရီဘစမ်းချောင်းအနီးတွင်လည်း အမျက်တော်ထွက်စေကြသဖြင့် မောရှေသည် သူတို့ကြောင့် ဒုက္ခရောက်ရ၏။ 33အကြောင်းမူကား ကိုယ်တော်၏ညဏ်အလင်းတော်ကို သူတို့ဖီဆန်ကြသောကြောင့် သူသည် မိမိ၏နှုတ်ဖြင့် မဆင်မခြင်ပြောဆိုမိခဲ့၏။ 34လူမျိုးခြားတို့ကို ဖျက်ဆီးရန် သူတို့အား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သူတို့သည် မပြုဘဲ 35လူမျိုးခြားတို့နှင့် ရောနောဆက်ဆံ၍ သူတို့၏ဓလေ့ထုံးစံများကို သင်ယူကြ၏။ 36မိမိတို့အတွက် ထောင်ချောက်ဖြစ်စေမည့် ထိုသူတို့၏ရုပ်တုများကိုလည်း ဝတ်ပြုကြပြီး 37မိမိတို့၏သားသမီးများကို မကောင်းဆိုးဝါးတို့အား ပူဇော်ကြ၏။ 38ထိုသို့ ခါနာန်ရုပ်တု မိမိတို့သားသမီးတို့ကို ပူဇော်ခြင်းအားဖြင့် အပြစ်ကင်းသောသွေးတည်းဟူသော ထိုသားသမီးတို့၏သွေးကိုသွန်း၍ မိမိတို့၏ အပြုအမူများဖြင့် ဖောက်ပြမှာယွင်းကြ၏။ 39သူတို့သည် မိမိတို့ပြုသောအမှုများဖြင့် မိမိတို့ကိုယ်ကိုညစ်ညူးစေ၍ မိမိတို့၏ အပြုအမူများဖြင့် ဖောက်ပြန်မှာယင်းကြ၏။ 40ထို့်ကြောင့် ဘုရားရှင်သည် မိမိ၏လူမျိုးတော်အပေါ် အမျက်ထွက်၍ မိမိ၏အမွေတော်ကို စက်ဆုပ်ရွံရှာတော်မူ၏။ 41ကိုယ်တော်သည် သူတို့ကိုလူမျိုးခြားတို့၏လက်သို့ အပ်တော်မူသဖြင့် သူတို့ကိုမုန်းတေသူတို့သည် သူတို့ကိုအုပ်စိုးကြ၏။ 42သူတို့၏ရန်သူများသည်လည်း သူတို့ကိုညှဉ်းဆဲ၍ သူတို့သည် ရန်သူတို့လက်အောက်၌ ရှုံနိမ့်ကြ၏။ 43ကိုယ်တော်သည် သူတို့ကို အကြိမ်ပေါင်းများစွာ ကယ်နုတ်ခဲ့သော်လည်း သူတို့သည် မိမိတို့အကြံဉာဏ်အားဖြင့် ပုန်ကန်ပြီး မိမိတို့စရိုက်အားဖြင့် ယိုယွင်းနိမ့်ကျသွားကြ၏။ 44သို့သော် သူတို့၏ဟစ်ကြော်သံကို ကိုယ်တော်ကြား၍ သူတို့၏ဆင်းရဲဒုက္ကို ကြည့်တော်မူ 45ထိုအခါ သူတို့အတွက် မိမိ၏ပဋိဉာာဉ်တော်ကို သတိရလျက် မိမိ၏ကြီးမားသောာ မေတ္တာဂရုဏာတော်နှင့်အညီ စိတ်တော်ပြောင်းလဲ၍ 46သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားသောသူအပေါင်းတို့သည် သူတို့ကို သနားစုံမက်ကြစေရန်ပြုတော်မူ၏။ 47အကျွန်ုပ်တို့၏ ဘုရားရှင်သည် ကိုယ်တော်၏ သန့်ရှင်းသော နာမတော်ကို ချီးမွမ်း၍ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို ထောမနာပြုနိုင်မည့်အကြောင်း အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ 48အစ္စရေးလူမျိုးတို့၏ဘုရားရှင်သည် ထာဝရကာလမှ ထာဝရကာလတိုင်အောင် မင်္ဂလာရှိပါစေသော။ လူမျိုးအပေါင်းတို့သည် အာမင်ဟုဆိုကြပါစေသာ။ ဟာလေလုယာ။

Currently Selected:

Psalms 106: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in