ရှင်မာကု 11
11
ဂျေရုဆလင်မြို့သို့ အောင်ပွဲခံဝင်ရောက်ခြင်း
(မ၊ ၂၁:၁-၁၁။ လု၊ ၁၉:၂၈-၄၀။ ယော၊ ၁၂:၁၂-၁၉)
1ထို့နောက် ကိုယ်တော်နှင့်တပည့်တော်တို့သည် ဂျေရုဆလင်မြို့သို့ လာရာလမ်းရှိ သံလွင်တောင်ခြေတွင်ရှိသော ဗက်ဖာဂေရွာနှင့် ဗေသနိရွာသို့ ရောက်လာကြသောအခါ ကိုယ်တော်သည် တပည့်တော်နှစ်ဦးကို ခေါ်ဆောင်၍ 2သူတို့အား “သင်တို့ရှေ့တွင်ရှိသော ရွာထဲသို့ သွားကြလော့။ ရောက်သောအခါ မည်သူမျှမစီးဖူးသေးသည့် #11:2 ထိုမြည်းသည် လူ၊ ကုန်းနှီးများဖြင့်ယဉ်အောင်မလေ့ကျင့်ဖူးသော မြည်းရိုင်းဖြစ်သည်။ သို့သော် ကိုယ်တော်ယေရှုကို ဂျေရုဆလင်သို့ကြည်ဖြူစွာသယ်ဆောင်သွားသည်။ မြည်းတစ်ကောင်ကို ချည်နှောင်ထားသည်ကိုတွေ့ရလိမ့်မည်။ ထိုမြည်းကို ကြိုးဖြေ၍ ငါ့ထံသို့ခေါ်ခဲ့ကြလော့။ 3တစ်စုံတစ်ဦးက သင်တို့အား ‘အဘယ်ကြောင့် ဤသို့လုပ်ရသနည်း’ ဟုမေးလျှင် ‘မြည်းကို ကျွန်ုပ်တို့၏အရှင် ကိုယ်တော်ယေရှု လိုအပ်သောကြောင့် ခေါ်ဆောင်ရခြင်းဖြစ်ပါသည်။ အသုံးပြုပြီးလျှင် ချက်ချင်းပင် ဤနေရာသို့ ပြန်လည်ပို့ဆောင်ပေးပါမည်’ ဟုဖြေကြလော့” ဟုမိန့်မှာလိုက်လေ၏။
4တပည့်တော်နှစ်ဦးသည်လည်း ထွက်ခွာသွားကြပြီး ထိုရွာသို့ရောက်သည်နှင့် လမ်းဘေးရှိ တံခါးအပြင်ဘက်တွင် ချည်နှောင်ထားသော မြည်းကိုတွေ့သဖြင့် ၎င်းကိုချည်နှောင်ထားသော ကြိုးကိုဖြေကြလေ၏။ 5ထိုအခါ ၎င်းနေရာ၌ ရပ်လျက်ရှိနေသော လူအချို့က သူတို့အား “သင်တို့အဘယ်ကြောင့် မြည်းအား ကြိုးဖြည်နေကြနည်း” မေးကြရာ 6တပည့်တော်နှစ်ဦးကလည်း ကိုယ်တော်မိန့်မှာသည့်အတိုင်း ပြောပြသဖြင့် ထိုလူတို့သည် မြည်းကို ယူဆောင်ခွင့်ပြုလိုက်ကြ၏။ 7ထို့နောက် တပည့်တော်တို့သည် မြည်းကို ကိုယ်တော့်ထံ ခေါ်ဆောင်လာခဲ့ကြပြီး ကိုယ်တော် စီးတော်မူရန်အတွက် သူတို့၏ဝတ်ရုံများကို ၎င်း၏ကျောပေါ်တွင် ခင်းပေးကြ၏။ 8ကိုယ်တော်သည် မြည်းကို စီးလာသည်နှင့် လူများစွာတို့သည်လည်း သူတို့၏အဝတ်များကိုလည်းကောင်း၊ အချို့ကလည်း လမ်းဘေးရှိကွင်းပြင်များမှ သူတို့ဖြတ်ယူလာခဲ့သော သစ်ရွက်အခက်အလက်များကိုလည်းကောင်း လမ်းပေါ်တွင် ခင်းပေးကြ၏။ 9ကိုယ်တော်၏ရှေ့မှသွားသူတို့ကလည်းကောင်း၊ နောက်မှလိုက်သူတို့ကလည်းကောင်း ကျယ်လောင်စွာဖြင့်
“ဟောရှဏ္ဏ၊#11:9 ဟောရှဏ္ဏ၏မူရင်းအဓိပ္ပါယ်မှာ “ကျွန်ုပ်တို့ကို ကယ်မတော်မူပါ” ဟူ၍ဖြစ်ပြီး နောက်ပိုင်းကာလများတွင် ၎င်းကို ကြိုဆိုခြင်းနှင့်ချီးမြှောက်ခြင်းတို့တွင် အသုံးပြုလာခဲ့ကြသည်။
ဘုရားရှင်၏နာမတော်အားဖြင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။
10အဖဘုရားရှင်၏အခွင့်အာဏာဖြင့် ပေါ်ထွန်းလာမည့် ကျွန်ုပ်တို့ဘိုးဘေး အဖဒါဝိဒ်၏နိုင်ငံတော်သည် ကောင်းချီးမင်္ဂလာအပေါင်းနှင့်ပြည့်စေသတည်း။
အမြင့်ဆုံးသောရွှေမြို့တော်ရှိ ဘုရားရှင်၏ကျေးဇူးတော်ကို ချီးမွမ်းထောပနာပြုပါ၏”
ဟုကြွေးကြော်ကြလေသည်။
11ကိုယ်တော်ယေရှုသည် ဂျေရုဆလင်မြို့သို့ ရောက်ခဲ့ပြီး ဗိမာန်တော်ဝင်းအတွင်းသို့ဝင်၍ အရာအားလုံးတို့ကို လှည့်ပတ်ကြည့်ရှုလေ၏။ ထို့နောက် မိုးချုပ်လုပြီဖြစ်သည့်အတွက် သာဝကတစ်ဆယ့်နှစ်ဦးနှင့်အတူ ဗေသနိရွာသို့ ထွက်ခွာခဲ့ကြ၏။
အသီးမသီးသော သဖန်းပင်
(မ၊ ၂၁:၁၈-၁၉)
12နောက်တစ်နေ့တွင် သူတို့သည် ဗေသနိရွာမှ ပြန်လည်ထွက်ခွာလာသောအခါ ကိုယ်တော်သည် ဆာလောင်လေ၏။ 13ထို့နောက် ကိုယ်တော်သည် အရွက်များအုံ့ဆိုင်းနေသည့် သဖန်းပင်ကို မလှမ်းမကမ်းမှမြင်၍ သဖန်းသီးခူးစားရန် အပင်၏အနီးသို့ သွားရောက်လေ၏။ သို့သော် အပင်အနီးသို့ ကိုယ်တော်ရောက်ရှိသောအခါ သဖန်းသီးတို့ သီးပွင့်သည့်ရာသီမဟုတ်သဖြင့် သဖန်းသီးများ ရှိမနေကြောင်းကို တွေ့ရလေ၏။ 14ထို့ကြောင့် ကိုယ်တော်က ထိုအပင်အား “သင်၏အသီးအား ယခုမှစ၍ အစဉ်မပြတ်မည်သူမျှ မစားရစေသတည်း” ဟုမိန့်ဆိုသည်ကို တပည့်တော်များ ကြားကြရလေ၏။
ဗိမာန်တော်အား ရှင်းလင်းသန့်စင်ခြင်း
(မ၊ ၂၁:၁၂-၁၇။ လု၊ ၁၉:၄၅-၄၈။ ယော၊ ၂:၁၃-၂၂)
15ဂျေရုဆလင်မြို့သို့ရောက်သောအခါ ကိုယ်တော်သည် ဗိမာန်တော်ထဲသို့ ဝင်တော်မူပြီး ဗိမာန်တော်အတွင်း အရောင်းအဝယ်ပြုလုပ်နေသူအားလုံးကို မောင်းထုတ်ကာ ငွေလဲလှယ်နေသူများ၏ စားပွဲများနှင့် ချိုးငှက်ရောင်းနေသူများ၏ခုံတန်းများကို မှောက်လှန်ပစ်ပြီး 16ဗိမာန်တော်ဝင်းထဲသို့ ရောင်းဝယ်ဖောက်ကားသည့်ပစ္စည်းများ ယူဆောင်ခြင်းကို တားမြစ်တော်မူ၏။ 17ကိုယ်တော်က လူထုပရိတ်သတ်တို့အား “ကျမ်းစာ၌ ‘ငါ၏အိမ်တော်အား လူမျိုးတကာတို့၏ဆုတောင်းဝတ်ပြုရာ အိမ်တော်ဟု ခေါ်ဝေါ်ကြမည်’ ဟုရေးသားထားသည်မဟုတ်လော။ သို့သော် ယခုမူ သင်တို့သည် ဗိမာန်တော်အား သူခိုးဓါးပြများ ခိုအောင်းရာနေရာဖြစ်ရန် ပြုလုပ်နေကြ၏” ဟုဆုံးမတော်မူ၏။
18ဂျူးပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများသည် ထိုအကြောင်းကို ကြားသိကြသောအခါ ကိုယ်တော်အား သတ်ရန်ကြံစည်ကြတော့၏။ အကြောင်းမူကား လူထုပရိတ်သတ်တို့သည် ကိုယ်တော်၏ဆုံးမသွန်သင်မှုများကို လွန်စွာချီးကျူးထောပနာပြုကြသဖြင့် သူတို့သည် ကိုယ်တော့်အား ကြောက်ရွံ့လာကြသောကြောင့် ဖြစ်၏။
19ထို့နောက် ညနေစောင်းလာသဖြင့် ကိုယ်တော်နှင့်တပည့်တော်တို့သည် မြို့မှ ပြန်လည်ထွက်ခွာလာကြ၏။
သဖန်းပင်မှသင်ခန်းစာ
(မ၊ ၂၁:၂၀-၂၂)
20နောက်နေ့နံနက်စောစောတွင် သူတို့သည် မြို့သို့ ပြန်လည်လမ်းလျှောက်လာကြသောအခါ အမြစ်ထိတိုင် ညှိုးနွမ်းခြောက်သွေ့လျက်ရှိသော သဖန်းပင်ကို တွေ့ကြရလေ၏။ 21ထိုအခါ ပေတရုသည်လည်း ကိုယ်တော်မိန့်ဆိုခဲ့သည်ကို သတိရသဖြင့် “ကိုယ်တော်၊ ကြည့်ပါလော့။ ကိုယ်တော်မိန့်ဆိုခဲ့သည့် သဖန်းပင်သည် ညှိုးနွမ်းခြောက်သွေ့သွားခဲ့ပြီ” ဟု ကိုယ်တော်အား လျှောက်တင်လေ၏။
22ထိုအခါ ကိုယ်တော်က တပည့်တော်တို့အား “ဘုရားရှင်ကို ယုံကြည်ခြင်းရှိကြလော့။ 23သင်တို့အား ငါအမှန်ဆိုမည်ကား ဘုရားရှင်အား သံသယကင်း၍ အကြွင်းမဲ့ယုံကြည်သည့်သူသည် ဤတောင်ကို ‘ဤနေရာမှရွေ့ပြီး ပင်လယ်ထဲသို့ကျလော့’ ဟုဆိုလျှင် သူဆိုသည့်အတိုင်းပင် ဖြစ်လိမ့်မည်။ 24ထို့ကြောင့် သင်တို့အား ငါဆိုမည်။ သင်တို့ဆုတောင်းကြသည့်အခါ အကြွင်းမဲ့ ယုံကြည်၍ဆုတောင်းလျှင် တောင်းလျှောက်သမျှကို ရရှိကြလိမ့်မည်။ 25သင်တို့ ဆုတောင်းသည့်အချိန်၌ သင်တို့အပေါ် သူတစ်ပါးမှ ကျူးလွန်ထားသည့် အပြစ်တို့ကို ခွင့်လွှတ်ကြလော့။ ထိုမှသာ ရွှေမြို့တော်၌ရှိသည့် အဖဘုရားရှင်သည် သင်တို့၏အပြစ်ဒုစရိုက်များအား ခွင့်လွှတ်ပေးတော်မူလိမ့်မည်။ 26သင်တို့သည် သူတစ်ပါးကို ခွင့်မလွှတ်ကြလျှင် ရွှေမြို့တော်၌ရှိသည့် အဖဘုရားရှင်သည်လည်း သင်တို့၏အပြစ်ဒုစရိုက်များအား ခွင့်လွှတ်ပေးတော်မူမည်မဟုတ်” ဟု မိန့်တော်မူ၏။
ကိုယ်တော်ယေရှု၏အခွင့်အာဏာအား မေးခွန်းထုတ်ခံရခြင်း
(မ၊ ၂၁:၂၃-၂၇။ လု၊ ၂၀:၁-၈)
27နောက်တစ်ဖန် ကိုယ်တော်နှင့်တပည့်တော်တို့သည် ဂျေရုဆလင်မြို့သို့ ရောက်လာကြပြီး ဗိမာန်တော်တွင် ရှိနေစဉ် ဂျူးပုရောဟိတ်အကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် လူမျိုးအကြီးအကဲတို့သည် ကိုယ်တော်ထံသို့လာကြပြီး 28ကိုယ်တော်အား “သင့်၌ မည်သို့သောအခွင့်အာဏာများရှိ၍ ထိုသို့ ပြုနေရသနည်း။ ထိုအခွင့်အာဏာများကို မည်သူက သင့်အား ပေးအပ်ထားသနည်း” ဟုမေးမြန်းကြရာ
29ကိုယ်တော်က “သင်တို့ကိုလည်း ငါမေးခွန်းတစ်ခုမေးပါမည်။ ဤမေးခွန်းကို သင်တို့ဖြေပြီးပါက ငါသည် ဤအမှုအရာတို့ကို လုပ်ဆောင်ဖို့ရန် မည်သူ့ထံမှ အခွင့်အာဏာရသည်ကို ဖြေကြားပါမည်” ဟုဆိုပြီးနောက် 30“ရေနှစ်မင်္ဂလာဆရာယောဟန်သည် လူအများအား ရေနှစ်မင်္ဂလာပေးရန် မည်သူက အခွင့်အာဏာပေးထားသနည်း။ ဘုရားရှင်ထံတော်မှလော၊ လူတစ်ဦးတစ်ယောက်ထံမှလော” ဟုမေးတော်မူ၏။
31ထိုသူများသည် ဤမေးခွန်းကို ဖြေဆိုရန်အတွက် သူတို့အချင်းချင်း ဆွေးနွေးငြင်းခုံကြလေ၏။ သူတို့က “အကယ်၍ ‘ဘုရားရှင်ထံမှ’ ဟုဖြေလျှင် ယေရှုသည် ‘ဤသို့ဆိုလျှင် သင်တို့အဘယ်ကြောင့် ယောဟန်အား မယုံကြည်ကြသနည်း’ ဟုပြန်ပြောလိမ့်မည်။ 32ထို့အပြင် ‘လူတစ်ဦး တစ်ယောက်ထံမှ’ ဟုလည်း ဖြေ၍မရနိုင်ပါ” ဟူ၍ အချင်းချင်းပြောဆိုကြလေ၏။ လူအပေါင်းတို့သည် ယောဟန်အား အရိယာသူတော်စင်ဟု ယုံကြည်နေကြသဖြင့် သူတို့သည် လူထုပရိသတ်ကို ကြောက်ရွံ့ကြ၏။
33ထို့ကြောင့် သူတို့က ကိုယ်တော်အား “အကျွန်ုပ်တို့ မသိပါ” ဟုပြန်လည်ဖြေကြားလေ၏။
ထိုအခါ ကိုယ်တော်ကလည်း “သို့ဖြစ်လျှင် ငါသည်လည်း ဤအခွင့်အာဏာအား မည်သူ့ထံမှရသည်ကို သင်တို့ထံ ဖြေကြားမည်မဟုတ်” ဟုမိန့်တော်မူလေ၏။
Currently Selected:
ရှင်မာကု 11: TPV-RV
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: