မဿဲ 26
26
ကိုယ်တော်ယေရှုကို သတ်ရန် ကြံစည်ကြခြင်း
1ထိုအကြောင်းအရာအလုံးစုံတို့ကို မိန့်ကြားတော်မူပြီးသောအခါ ကိုယ်တော်ယေရှုသည် တပည့်တော်တို့အား 2“သင်တို့ သိကြသည့်အတိုင်း ပသခါပွဲတော်နေ့သို့ရောက်ရန် နှစ်ရက်သာလိုတော့၏။ ထိုနေ့တွင် လူ့သားတော်ကို လက်ဝါးကပ်တိုင်ပေါ်သို့တင်ရန် အပ်နှံကြလိမ့်မည်” ဟုမိန့်တော်မူ၏။ 3ထိုအချိန်တွင် ဂျူးပုရောဟိတ်အကြီးအကဲများနှင့် လူမျိုးခေါင်းဆောင်များသည် ကယာဖဟုခေါ်သော အကြီးဆုံးဂျူးပုရောဟိတ်၏ နေအိမ်တွင်စုဝေး၍ 4ကိုယ်တော်ယေရှုအား တိတ်တဆိတ်ဖမ်းဆီး၍ သတ်ဖြတ်ရန် ကြံစည်ကြ၏။ 5သို့သော် သူတို့သည် “လူထုပရိတ်သတ်တို့ ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်ရသည့်အတွက် ပွဲတော်ကာလတွင် မဖမ်းကြနှင့်” ဟု ပြောဆိုကြ၏။
ဆီမွှေးသွန်းလောင်းခံရခြင်း
6ထို့နောက် ကိုယ်တော်သည် ဗေသနိရွာရှိ အနာကြီးရောဂါစွဲကပ်ခဲ့ဖူးသူ ရှိမုန်၏အိမ်၌ ရှိတော်မူစဉ် 7အမျိုးသမီးတစ်ဦးသည် အလွန်တန်ဖိုးကြီးသော အမွှေးနံ့သာဆီများထည့်ထားသည့် ကျောက်ဖြူပုလင်းကိုကိုင်ဆောင်လျက် စားပွဲတွင်ထိုင်နေသော ကိုယ်တော်ယေရှု၏ခေါင်းပေါ်သို့ အမွှေးနံ့သာဆီအား သွန်းလောင်း၍ ပူဇော်လေ၏။ 8တပည့်တော်တို့သည် ထိုအခြင်းအရာကိုမြင်လျှင် စိတ်ဆိုးလျက် “မည်သည့်အတွက်ကြောင့် ဤသို့ဖြုန်းတီးရသနည်း။ 9ဤအမွှေးနံ့သာဆီအား ရောင်းချလိုက်လျှင် ငွေကြေးအမြောက်အမြားရနိုင်၏။ ထိုငွေများဖြင့် ဆင်းရဲနွမ်းပါးသူတို့အား လှူဒါန်း၍ရ၏” ဟုပြောဆိုကြ၏။ 10ကိုယ်တော်သည် သိတော်မူသဖြင့် တပည့်တော်တို့အား “အဘယ်ကြောင့် ဤအမျိုးသမီးကို နှောင့်ယှက်နေကြသနည်း။ ဤအမျိုးသမီးသည် ငါ့အတွက် ကောင်းမွန်သည့်အရာကို ပြုလုပ်ပေးနေခြင်းဖြစ်၏။ 11အကြောင်းမူကား ဆင်းရဲနွမ်းပါးသူတို့သည် သင်တို့နှင့်အတူ အမြဲရှိနေမည်ဖြစ်သော်လည်း ငါသည် သင်တို့နှင့်အတူ အမြဲရှိနေနိုင်မည်မဟုတ်။ 12ဤအမျိုးသမီးသည် ငါ၏ကိုယ်ပေါ်သို့ အမွှေးနံ့သာဆီများဖြင့် သွန်းလောင်းပေးခြင်းသည် ငါ့အားသင်္ဂြိုဟ်ရန် ပြင်ဆင်ပေးနေခြင်းပင်ဖြစ်၏။ 13သင်တို့အား ငါအမှန်ဆိုသည်ကား တစ်ကမ္ဘာလုံးရှိ တရားဒေသနာများဟောပြောသည့် နေရာတိုင်းတွင် ဤအမျိုးသမီး လုပ်ဆောင်ခဲ့သည်များအား သတိတရနှင့် ပြန်လည်ပြောဆိုကြလိမ့်မည်” ဟုမိန့်တော်မူလေ၏။
14ထို့နောက် သာဝကတစ်ဆယ့်နှစ်ဦးထဲမှ တစ်ဦးဖြစ်သော ယုဒဣရှကာရုဒ်သည် ဂျူးပုရောဟိတ်အကြီးအကဲများထံသို့သွား၍ 15“ယေရှုကို ဖမ်းဆီးနိုင်ရန်အတွက် ကူညီပေးလျှင် သင်တို့က ငါ့အား ငွေမည်မျှပေးမည်နည်း” ဟုပြောဆိုလေရာ ထိုသူတို့ကလည်း ယုဒအား ငွေဒင်္ဂါးပြားသုံးဆယ်ပေးရန် သတ်မှတ်ပေးကြ၏။ 16ထိုအချိန်မှစ၍ ယုဒသည် ကိုယ်တော်အား ထိုသူတို့ထံ ဖမ်းဆီးအပ်နှံနိုင်ရန် အခွင့်ကောင်းကို ရှာကြံလျက်နေလေ၏။
နောက်ဆုံးညစာစားပွဲ
17တဆေးမဲ့မုန့်ပွဲတော်၏ပထမနေ့၌ တပည့်တော်တို့သည် ကိုယ်တော်၏အနီးသို့ ချဉ်းကပ်၍ “ပသခါပွဲတော်ကို ကိုယ်တော်သုံးဆောင်ရန်အတွက် ကျွန်ုပ်တို့အား မည်သည့်နေရာတွင် ပြင်ဆင်ပေးစေလိုပါသနည်း” ဟုမေးလျှောက်ကြ၏။ 18ကိုယ်တော်ကလည်း “မြို့ထဲသို့သွား၍ လူတစ်ဦးအား ‘ဆရာက “ငါ၏အချိန်နီးနေပြီ၊ ပသခါပွဲကို သင်၏အိမ်တွင် ငါ၏တပည့်တော်များနှင့်အတူကျင်းပမည်” ဟူ၍မိန့်မှာတော်မူလိုက်၏’ ဟုဆိုကြလော့” ဟုမိန့်တော်မူ၏။ 19တပည့်တော်တို့သည်လည်း ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်း ဆောင်ရွက်ကြပြီး ပသခါပွဲတော်ကို ပြင်ဆင်ကြ၏။ 20ညနေခင်းအချိန်သို့ရောက်သောအခါ ကိုယ်တော်သည် သာဝကတစ်ဆယ့်နှစ်ဦးနှင့်အတူ ညစာသုံးဆောင်ရန် စားပွဲ၌ထိုင်တော်မူ၏။ 21ညစာသုံးဆောင်တော်မူနေစဉ်တွင် ကိုယ်တော်က “သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့ထဲမှတစ်ဦးသည် ငါ့ကို သစ္စာဖောက်လိမ့်မည်” ဟုမိန့်တော်မူ၏။ 22ကိုယ်တော် ထိုသို့မိန့်တော်မူသည်ကို ကြားသောအခါ တပည့်တော်တို့သည် လွန်စွာစိတ်မကောင်းဖြစ်လျက် “ကိုယ်တော်၊ အကျွန်ုပ်တော့မဖြစ်နိုင်ပါ” ဟုတစ်ဦးပြီးတစ်ဦး ပြောဆိုကြလေ၏။ 23ကိုယ်တော်ကလည်း “ငါနှင့်အတူ ပန်းကန်တစ်ခုထဲတွင် အတူတူနှိုက်စားသည့်သူသည် ငါ့အား သစ္စာဖေါက်လိမ့်မည်ဖြစ်၏။ 24လူ့သားတော်သည် ကျမ်းစာထဲတွင် ရေးသားထားသည့်အတိုင်း သေရမည်ဖြစ်၏။ သို့သော် လူ့သားတော်အား သစ္စာဖောက်သောသူအတွက် လွန်စွာမှပင် ဆိုးရွားလိမ့်မည်ဖြစ်၏။ ထိုသူအတွက် မွေးဖွားလာခြင်းမရှိသည်ကပင် ပို၍ကောင်းလိမ့်မည်” ဟုမိန့်တော်မူ၏။ 25ထိုအခါ ကိုယ်တော်အား သစ္စာဖေါက်မည့်သူဖြစ်သည့် ယုဒဣရှာကာရုဒ်က “ဆရာ၊ အကျွန်ုပ်လော” ဟုမေးလျှောက်ရာ ကိုယ်တော်ကလည်း “သင်ပြောသည့်အတိုင်းပင်ဖြစ်၏” ဟု မိန့်တော်မူ၏။
ကတိသစ္စာပြုစားပွဲ
26ထို့နောက် သူတို့စားသောက်နေကြစဉ်တွင် ကိုယ်တော်ယေရှုသည် မုန့်အားကိုင်၍ ဘုရားရှင်၏ဂုဏ်ကျေးဇူးကို ချီးမွမ်းတော်မူပြီး ထိုမုန့်ကိုဖဲ့၍ တပည့်တော်တို့အားပေးကာ “ယူ၍စားကြလော့၊ ဤမုန့်သည် ငါ၏ခန္ဓာဖြစ်၏” ဟုမိန့်တော်မူ၏။ 27ထို့နောက် ခွက်ကိုလည်းယူ၍ ဘုရားရှင်၏ဂုဏ်ကျေးဇူးကို ချီးမွမ်းပြီးလျှင် တပည့်တော်တို့အားပေးလျက် “သင်တို့အားလုံး ဤခွက်ကိုယူ၍သောက်ကြလော့။ 28ဤအရာသည် အပြစ်တရားများအား ခွင့်လွှတ်ရန်အတွက် လူတို့အားပေးထားခဲ့သည့် ကတိတော်အတိုင်း သွန်းလောင်းသော ငါ၏အသွေးတော်ဖြစ်၏။ 29သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားရှင်၏ရွှေမြို့တော်တွင် သင်တို့နှင့်အတူတူ သောက်ရမည့်အချိန်မတိုင်မီအထိ ယခုအချိန်မှစပြီး ဤစပျစ်ရည်ကို ငါသည်လုံးဝသောက်တော့မည်မဟုတ်” ဟုမိန့်တော်မူလေ၏။ 30ထို့နောက် သူတို့သည် ချီးမွမ်းသီချင်းများသီဆိုပြီး သံလွင်တောင်ပေါ်သို့ တက်သွားကြလေ၏။
ပေတရုငြင်းပယ်မည့်အကြောင်းကို ကြိုတင်မိန့်ဆိုခြင်း
31သံလွင်တောင်သို့ သွားရာလမ်းတွင် ကိုယ်တော်ယေရှုက “‘ငါသည် သိုးထိန်းကိုသတ်ပြီဖြစ်၍ သိုးတို့သည် ကွဲလွင့်သွားကြရလိမ့်မည်’ ဟုကျမ်းစာ၌တွင် ရေးသားထားသည်ဖြစ်သောကြောင့် ဤည၌ သင်တို့အားလုံးသည် ငါ့အားထားခဲ့၍ ထွက်ပြေးကြလိမ့်မည်။ 32သို့သော် ငါသည် အသက်ပြန်ရှင်ပြီးနောက် ဂါလိလဲပြည်သို့ သင်တို့၏ရှေ့မှနေ၍ ဦးစွာကြွသွားနှင့်မည်” ဟုမိန့်တော်မူ၏။ 33ထိုအခါ ပေတရုက “ကိုယ်တော့်အား တပည့်တော်အားလုံးမှ ထားခဲ့ကြမည်ဆိုလျှင်ပင် ကျွန်ုပ်သည် မည်သည့်အခါတွင်မျှ ကိုယ်တော့်အားထားခဲ့ပြီး ထွက်ပြေးမည်မဟုတ်” ဟုပြန်လည်လျှောက်တင်၏။ 34ကိုယ်တော်ကလည်း “သင့်အား ငါအမှန်ဆိုသည်ကား ဤညတွင် ကြက်မတွန်မီ သင်သည် ငါ့အားမသိပါဟု သုံးကြိမ်တိုင်တိုင် ငြင်းပယ်လိမ့်မည်” ဟုမိန့်တော်မူ၏။ 35ထိုအခါ ပေတရုကလည်း “ကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ သေရမည်ဆိုလျှင်ပင် ကိုယ်တော့်အား လုံးဝငြင်းပယ်မည်မဟုတ်ပါ” ဟုလျှောက်တင်လေ၏။
ဂေသရှေမန်ဥယျာဉ်တွင် ဆုတောင်းတော်မူခြင်း
36ထို့နောက် ကိုယ်တော်ယေရှုသည် တပည့်တော်တို့နှင့်အတူ ဂေသရှေမန်ဟုခေါ်သောအရပ်သို့ ရောက်တော်မူ၏။ ကိုယ်တော်က တပည့်တော်တို့အား “ငါသည် ထိုအရပ်၌ သွား၍ဆုတောင်းနေချိန်၌ သင်တို့သည် ဤနေရာတွင် ထိုင်နေကြလော့” ဟုမိန့်တော်မူပြီး 37ပေတရုနှင့် ဇေဗေဒဲ၏သားနှစ်ယောက်ကို ခေါ်၍ကြွတော်မူ၏။ ကိုယ်တော်သည် ဝမ်းနည်းခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတို့ဖြစ်နေသဖြင့် 38သူတို့အား “ငါ၏စိတ်နှလုံးသည် သေလုမတတ် လွန်စွာစိုးရိမ်ပူပန်နေရ၏။ ဤနေရာတွင် ငါနှင့်အတူ သတိဝိရိယဖြင့် စောင့်နေကြလော့” ဟုမိန့်တော်မူပြီးလျှင်
39ကိုယ်တော်သည် ရှေ့သို့အနည်းငယ်မျှ ကြွတော်မူပြီး ဒူးထောက်လျက် “အို အဖဘုရားရှင်၊ ဖြစ်နိုင်လျှင် ဤဆင်းရဲဒုက္ခအပေါင်းမှ ကျော်လွန်စေတော်မူပါ။ သို့သော် ကျွန်ုပ်၏ အလိုဆန္ဒအတိုင်းမဟုတ်ဘဲ အဖဘုရားရှင်၏အလိုတော်အတိုင်းသာ ဖြစ်စေတော်မူပါ” ဟုဆုတောင်းတော်မူ၏။
40ထို့နောက် တပည့်တော်တို့ရှိရာသို့ ပြန်လာသောအခါ သူတို့သည် အိပ်ပျော်နေကြသည်ကို မြင်သည့်အတွက် ကိုယ်တော်က ပေတရုအား “သင်တို့သည် တစ်နာရီမျှပင် ငါနှင့်အတူ သတိနှင့်မစောင့်နိုင်ကြသလော။ 41ဖြားယောင်းသွေးဆောင်ရာနောက်သို့ မကျရောက်စေရန် သတိနှင့်စောင့်ပြီး ဆုတောင်းနေကြလော့။ သင်တို့သည် စိတ်အားထက်သန်နေကြသော်လည်း ကိုယ်ကာယပိုင်းတွင် လွန်စွာပျော့ညံ့ကြ၏”ဟု မိန့်တော်မူ၏။
42တဖန် ကိုယ်တော်သည် နောက်တစ်ကြိမ်ထွက်ခွာသွားပြီး “အို အဖဘုရားရှင်၊ ဖြစ်နိုင်လျှင် ဤဆင်းရဲဒုက္ခအပေါင်းမှ ကျော်လွန်စေတော်မူပါ။ သို့သော် ကျွန်ုပ်၏ အလိုဆန္ဒအတိုင်းမဟုတ်ဘဲ အဖဘုရားရှင်၏အလိုတော်အတိုင်းသာ ဖြစ်စေတော်မူပါ” ဟုထပ်မံဆုတောင်းတော်မူ၏။
43ထို့နောက် တဖန်ပြန်လာသောအခါ တပည့်တော်တို့သည် မျက်စိများလေးလံသဖြင့် အိပ်ပျော်နေကြသည်ကိုမြင်လျှင် 44နောက်တဖန်ပြန်ထွက်သွား၍ ယခင်ကဆုတောင်းသည့်အတိုင်း တတိယအကြိမ် ထပ်မံ၍ ဆုတောင်းတော်မူ၏။ 45ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့ထံပြန်လာ၍ “သင်သို့သည် ယခုချိန်ထိအိပ်ပျော်နေ၍ အနားယူနေကြသေးသလော။ ကြည့်ကြလော့။ လူ့သားတော်အား ဒုစရိုက်သမားများ၏လက်ထဲသို့ အပ်နှံခံရရန် အချိန်ရောက်လာပြီ။ 46ထကြ၊ သွားကြစို့။ ငါ့အား သစ္စာဖောက်သောသူသည် ရောက်လာတော့မည်” ဟုမိန့်တော်မူ၏။
ယုဒ၏အနမ်း
47ထိုသို့ ကိုယ်တော်မိန့်တော်မူနေစဉ်တွင်ပင် သာဝကတစ်ဆယ့်နှစ်ဦးထဲမှ တစ်ဦးဖြစ်သူ ယုဒရှာကာရုဒ်သည် ရောက်လာခဲ့၏။ သူနှင့်အတူ ဂျူးပုရောဟိတ်အကြီးအကဲများနှင့် ဂျူးလူမျိုးခေါင်းဆောင်များက စေလွှတ်လိုက်သည့် များစွာသောလူအုပ်ကြီးသည်လည်း တုတ်၊ ဓါးများကိုင်ဆောင်လျက် လိုက်ပါလာလေ၏။ 48သစ္စာဖောက်သူက လူတို့အား “ငါနမ်းလိုက်သောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဖမ်းကြလော့” ဟုဆိုလျက် အချက်ပြအမှတ်အသားပေးထား၏။ 49ထို့ကြောင့် ယုဒသည် ကိုယ်တော့်ထံသို့ ချက်ချင်းပင် ချဉ်းကပ်၍ “ဆရာ” ဟုခေါ်လျက် ကိုယ်တော့်အား နမ်း၍နှုတ်ဆက်လေ၏။
50ကိုယ်တော်က “မိတ်ဆွေ၊ သင်ရောက်လာရသည့် အကြောင်းအရင်းကို ဆောင်ရွက်လော့” ဟုမိန့်တော်မူ၏။ ထိုအခါ ယုဒနှင့်အတူပါလာကြသူတို့သည် ချဉ်းကပ်၍ ကိုယ်တော့်ကို ဖမ်းဆီးချုပ်နှောင်ထားလိုက်ကြ၏။ 51ထိုစဉ် ကိုယ်တော်နှင့်အတူရှိနေသောသူများထဲမှ တစ်ဦးသည် ဓါးကိုဆွဲထုတ်၍ အကြီးဆုံးဂျူးပုရောဟိတ်၏အစေအပါးတစ်ဦးအား ခုတ်လိုက်ရာ ထိုသူ၏နားရွက်သည် ပြတ်သွားလေ၏။
52ကိုယ်တော်က ထိုသူအား “သင်၏ဓါးကို သူ့နေရာသူ ပြန်ထားလော့။ အကြောင်းမူကား ဓါးကိုင်ကြသောသူတို့သည် ဓါးဖြင့်ပင် သေကြေပျက်စီးရလိမ့်မည်။ 53ငါ၏ဖခမည်းတော်ထံ တောင်းလျှောက်လိုက်လျှင် သူသည် စစ်တပ်တစ်ဆယ့်နှစ်တပ်ထက် ပိုများသော နတ်စစ်သည်များအား စေလွှတ်ပေးလိမ့်မည်ဆိုသည်ကို သင်တို့မသိကြသလော။ 54ထိုသို့ဆိုပါက ဤသို့ဖြစ်ပျက်ရမည်ဟု ရေးသားဖေါ်ပြထားသည့် ကျမ်းစာထဲမှအကြောင်းအရာများသည် မည်သို့ပြည့်စုံမှန်ကန်တော့မည်နည်း” ဟုမိန့်တော်မူ၏။ 55ထို့နောက် ကိုယ်တော်က လူအစုအဝေးတို့အား “သင်တို့သည် ဓါးပြအား ဖမ်းဆီးသကဲ့သို့ တုတ်၊ ဓါးများကိုင်ဆောင်၍ ငါ့အားဖမ်းဆီးရန်လာကြသလော။ ငါသည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်ထဲတွင် သွန်သင်ဟောပြောနေစဉ်က သင်တို့သည်လည်းရှိနေခဲ့ကြသော်လည်း ငါ့အား မဖမ်းဆီးခဲ့ကြ။ 56သို့သော် ဤအဖြစ်အပျက်များအားလုံး ဖြစ်ပျက်ရခြင်းသည် ကျမ်းစာထဲတွင် ရေးသားထားသည့် အကြောင်းအရာများ ပြည့်စုံမှန်ကန်စေရန်ပင်ဖြစ်၏” ဟုမိန့်တော်မူ၏။ ထို့နောက် တပည့်တော်များအားလုံးတို့သည်လည်း ကိုယ်တော်အား ထားခဲ့၍ ထွက်ပြေးသွားကြလေ၏။
တရားလွှတ်တော်သို့ရောက်တော်မူခြင်း
57ကိုယ်တော်အား လာရောက်ဖမ်းဆီးကြသောသူတို့သည် ကျမ်းတတ်ဆရာများနှင့် ဂျူးလူမျိုးခေါင်းဆောင်များ စုဝေးလျက်ရှိသော အကြီးဆုံးဂျူးပုရောဟိတ်ကယာဖ၏ နေအိမ်သို့ ကိုယ်တော်အား ခေါ်ဆောင်သွားကြ၏။ 58ပေတရုသည်လည်း အကြီးဆုံးဂျူးပုရောဟိတ်၏ခြံဝင်းအထိ ကိုယ်တော်၏နောက်သို့ မလှမ်းမကမ်းမှ လိုက်သွားကာ မည်သို့ဖြစ်ပျက်မည်ကိုသိလို၍ အထဲသို့ဝင်ပြီး အစောင့်တပ်သားများနှင့်အတူ ထိုင်နေလေ၏။ 59ဂျူးပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်အဖွဲ့ဝင်အားလုံးတို့သည် ကိုယ်တော်အား သေဒဏ်ချမှတ်နိုင်ရန် ကိုယ်တော်အား ဆန့်ကျင်၍ထွက်ဆိုမည့် မမှန်မကန်သက်သေများကို ရှာဖွေကြလေ၏။ 60မမှန်မကန်သက်သေထွက်ဆိုရန် များစွာသောလူတို့ လာရောက်ကြသော်လည်း သေဒဏ်ချမှတ်နိုင်သည်အထိ မုသားသက်သေထွက်ဆိုနိုင်သောသူကို မတွေ့ရကြပေ။ နောက်ဆုံးတွင် လူနှစ်ဦးသည် ရောက်လာပြီးလျှင် 61“ဤသူသည် ‘ဘုရားရှင်၏ဗိမာန်တော်ကို ဖျက်ဆီးပြီးသုံးရက်အတွင်းပြီးအောင် ပြန်တည်ဆောက်နိုင်၏’ ဟုပြောဆိုခဲ့ပါ၏” ဟူ၍ သက်သေထွက်ဆိုကြ၏။
62ထိုအခါ အကြီးဆုံးဂျူးပုရောဟိတ်သည် ထ၍ ကိုယ်တော်ယေရှုအား “သင့်ကိုစွပ်စွဲပြောဆိုနေကြသည်များအား အဘယ်ကြောင့် ချေပပြောဆိုခြင်းမပြုဘဲ နေရသနည်း။ သူတို့သည် သင့်အား စွပ်စွဲပြောဆိုနေခြင်းများသည် မည်သို့နည်း” ဟုမေးလေ၏။ 63သို့သော် ကိုယ်တော်က ပြန်လည်ဖြေကြားခြင်းမရှိဘဲ တိတ်ဆိတ်စွာနေတော်မူ၏။ ထိုအခါ အကြီးဆုံးဂျူးပုရောဟိတ်က “သက်တော်ထင်ရှားရှိတော်မူသည့် ဘုရားရှင်၏အမည်နာမတော်ကို တိုင်တည်၍ သင့်အား ငါအမိန့်ပေးမည်။ သင်သည် ဘုရားရှင်၏သားတော် ခရစ်တော် ဟုတ်မဟုတ်ဆိုသည်အား ဖြေကြားလော့” ဟုမေးလေ၏။ 64ကိုယ်တော်ကလည်း “သင်ပြောသည့်အတိုင်းပင်ဖြစ်၏။ ထို့အပြင် သင်တို့အား ငါအမှန်ဆိုသည်ကား လူ့သားတော်သည် ဘုန်းတန်ခိုးတော်နှင့်ပြည့်စုံတော်မူသော အရှင်၏လက်ယာဘက်တွင် ထိုင်ပြီး ကောင်းကင်ရှိ မိုးတိမ်များအားစီးကာ ကြွလာမည်ကို သင်တို့သည် မြင်တွေ့ကြရတော့မည်” ဟုပြန်လည်မိန့်ဆိုတော်မူ၏။
65ထိုအခါ အကြီးဆုံးဂျူးပုရောဟိတ်သည် မိမိ၏ဝတ်ရုံကို ဆုတ်ဖြဲလျက် “ဤလူသည် ဘုရားရှင်ကို စော်ကား၍ ပြောဆိုနေပြီ။ နောက်ထပ် မည်သည့်သက်သေများ လိုအပ်သေးသနည်း။ ဘုရားရှင်အား စော်ကားပြောဆိုနေသည်ကို သင်တို့ ယခုပင်ကြားလိုက်ရပြီမဟုတ်လော။ 66သင်တို့ မည်သို့ထင်မြင်ကြသနည်း” ဟုပြောဆိုသော် အခြားသူများကလည်း “ဤလူကို သေဒဏ်ပေးသင့်၏” ဟုပြန်လည်ဖြေကြလေ၏။
67ထို့နောက် သူတို့သည် ကိုယ်တော်၏မျက်နှာတော်ကို တံထွေးဖြင့်ထွေးပြီး ကိုယ်တော်အား ထိုးနှက်ကြလေ၏။ တစ်ချို့လူတို့သည် ကိုယ်တော်ကို ရိုက်နှက်လျက် 68“ခရစ်တော်ဆိုသောသူ၊ သင့်အားရိုက်နှက်သည့်သူသည် မည်သူဆိုသည်အား ဟောကြည့်လော့” ဟုပြောဆိုကြလေ၏။
ပေတရု ငြင်းပယ်ခြင်း
69ထိုစဉ် ပေတရုသည် အိမ်အပြင်ဘက် ခြံဝင်းထဲတွင် ထိုင်နေလေ၏။ ထိုအခါ အစေခံအမျိုးသမီးတစ်ဦးသည် သူ၏အနီးသို့ ချဉ်းကပ်လာ၍ “သင်သည်လည်း ဂါလိလဲနယ်သား ယေရှုနှင့်အတူရှိခဲ့၏” ဟုပြောဆိုလေ၏။ 70ထိုအခါ ပေတရုက “သင်မည်သည်ကို ပြောနေသည်ကို ငါမသိပေ” ဟုလူအများ၏ရှေ့တွင် ငြင်းဆိုလေ၏။
71ထို့နောက် ဝင်းတံခါးရှိရာဘက်သို့ ထွက်သွားလေရာ အခြားအမျိုးသမီးအစေခံတစ်ဦးကလည်း “ဤလူသည် နာဇရက်မြို့သား ယေရှုနှင့်အတူရှိနေခဲ့သူပင်ဖြစ်၏” ဟုပြောဆိုပြန်၏။ 72ပေတရုကလည်း “သင်ပြောသည့်လူကို ငါသည်အမှန်ပင် မသိပေ” ဟုကျိန်ဆို၍ ငြင်းဆန်လေ၏။
73ထို့နောက် တခဏအကြာတွင် အနီးရှိရပ်နေသောသူတို့သည် ပေတရုထံ ချဉ်းကပ်ကာ “သင်သည်လည်း ဤလူများထဲမှ တစ်ဦးဆိုသည်မှာ အသေအချာပင်ဖြစ်၏။ အကြောင်းမူကား သင်၏ပြောပုံဆိုပုံများသည် ဂါလိလဲနယ်မှဖြစ်ကြောင်း လွန်စွာသိသာ၏” ဟုပြောဆိုကြပြန်၏။ 74ပေတရုကလည်း “သင်တို့ပြောနေသည့်သူအား ငါသည် အမှန်ပင်မသိပေ” ဟုကျိန်ဆိုပြီး ပြောဆိုနေစဉ်တွင် ချက်ချင်းပင်ကြက်တွန်လေ၏။ 75ထိုအခါ ပေတရုသည် “ကြက်မတွန်ခင် သင်သည် ငါ့အား သုံးကြိမ်တိုင်တိုင် ငြင်းပယ်လိမ့်မည်” ဟုကိုယ်တော်ယေရှုမိန့်တော်မူခဲ့သော စကားကိုသတိရသွားပြီး အပြင်ဘက်သို့ထွက်၍ ဝမ်းနည်းကြေကွဲစွာဖြင့်ငိုကြွေးလေ၏။
Currently Selected:
မဿဲ 26: TPV-RV
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: