မဿဲ 23
23
သူတော်ကောင်းယောင်ဆောင်သောသူတို့အား ရှုတ်ချတော်မူခြင်း
1ထို့နောက် ကိုယ်တော်ယေရှုသည် တပည့်တော်တို့နှင့် လူထုပရိသတ်တို့အား မိန့်တော်မူသည်မှာ 2“ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများသည် မောရှေ၏ပညတ်တရားတို့အား ကျွမ်းကျင်ကြသူများဖြစ်၏။ 3ထို့ကြောင့် သူတို့သွန်သင်ပြောဆိုသမျှတို့အား လိုက်နာကျင့်သုံးကြလော့၊ သို့သော် သူတို့ပြုမူကြသကဲ့သို့ မပြုမူကြနှင့်၊ အကြောင်းမူကား သူတို့သည် မောရှေ၏ကျမ်းများကို ဟောပြောနေကြသော်လည်း လိုက်နာကျင့်သုံး၍ ပြုမူနေထိုင်ခြင်းမရှိကြ။ 4သူတို့သည် လေးလံသောဝန်ထုပ်ဝန်ပိုးများကို ထုပ်ပိုးပြီးနောက် လူအများ၏ပခုံးပေါ်သို့ တင်ပေးတတ်ကြသော်လည်း ထိုဝန်ထုပ်များကို သူတို့ကိုယ်တိုင်သယ်ရန် လက်ကိုပင်မမြှောက်လိုကြပေ။
5သူတို့သည် မိမိတို့ပြုလုပ်သည့်အရာအားလုံးကို လူအများမြင်သာစေရန် ဟန်ပြလောက်ပင် လုပ်ဆောင်ပြတတ်ကြ၏။ အဆောင်လက်ဖွဲ့များကို ကြီးမားစွာပြုလုပ်၍ ဝတ်ဆင်ကြပြီး ရှည်လျားသော ပန်းဖွားများပါရှိသည့် ဝတ်ရုံများကိုလည်း ဝတ်ဆင်တတ်ကြ၏။ 6စားသောက်ပွဲများတွင် အထူးဧည့်သည်များအတွက်သာ ပြင်ဆင်ထားသည့် ထိုင်ခုံများနှင့် ဓမ္မာရုံများတွင် အရေးကြီးသည့် ပုဂ္ဂိုလ်များသာထိုင်သည့် ထိုင်ခုံများကိုလည်း ကြိုက်နှစ်သက်ကြပြီး 7ဈေးများတွင်လည်း လူတို့၏ လေးလေးစားစား နှုတ်ဆက်ခံရခြင်း၊ သူတို့အား ‘ဆရာ’ ဟုအခေါ်ခံရခြင်းကိုလည်း လွန်စွာပင် သဘောကျတတ်ကြ၏။ 8သို့သော် သင်တို့မူကား ‘ဆရာ’ ဟုခေါ်ခြင်းကို မခံယူကြနှင့်၊ အကြောင်းမူကား ‘ဆရာ’ ဆိုသည်မှာ တစ်ပါးတည်းသာရှိ၍ သင်တို့အားလုံးသည် ညီအစ်ကိုမောင်နှမများပင် ဖြစ်ကြ၏။ 9ဤကမ္ဘာမြေပေါ်ရှိ မည်သူ့ကိုမှ အဖဟုမခေါ်ကြနှင့်၊ အကြောင်းမူကား သင်တို့တွင် ရွှေမြို့တော်၌ ရှိတော်မူသော အဖဘုရားရှင်တစ်ပါးတည်းသာရှိ၏။ 10သင်တို့သည် လူအများက ခေါင်းဆောင်ဟု ခေါ်ဝေါ်ခြင်းအား မခံယူကြနှင့်၊ အကြောင်းမူကား သင်တို့၏ခေါင်းဆောင်သည် ကယ်တင်ရှင်မေရှိယ တစ်ပါးတည်းသာဖြစ်ပါ၏။ 11သင်တို့ထဲတွင် အကြီးမြတ်ဆုံးသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။ 12မိမိကိုယ်မိမိ ချီးမြောက်သောသူသည် နှိမ့်ချခံရမည်ဖြစ်ပြီး မိမိကိုယ်မိမိနှိမ့်ချသောသူသည် ချီးမြောက်ခြင်းကို ခံကြရလိမ့်မည်။
13သူတော်ကောင်းယောင်ဆောင်ကြသော ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာတို့၊ သင်တို့သည် အလွန်ပင် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား ရွှေမြို့တော်၏သာသနာတော်သို့ ဝင်မည့်တံခါးအား လူတို့၏ရှေ့တွင် ကာဆီးပိတ်ထားပြီး သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်မည့်သူများကိုလည်း ဝင်ခွင့်မပေးကြပေ။ 14သူတော်ကောင်းယောင်ဆောင်ကြသော ဖာရိရှဲများနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည် အလွန်ပင် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် မုဆိုးမများ၏ပစ္စည်းဥစ္စာနှင့် အိမ်များကို လှည့်ဖြားပြီး မတရားသိမ်းယူကြ၍ ရှည်လျားစွာ ဟန်ပြဆုတောင်းပေးတတ်ကြ၏။ ထို့ကြောင့် သင်တို့သည် ပို၍ကြီးလေးသော ပြစ်ဒဏ်စီရင်ခြင်းကို ခံကြရမည်ဖြစ်၏။ 15သူတော်ကောင်းယောင်ဆောင်ကြသော ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာအပေါင်းတို့၊ သင်တို့သည် အလွန်ပင် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် လူအများအား သင်တို့၏အဖွဲ့ဝင်များဖြစ်လာစေရန် ကုန်းမြေနှင့်ပင်လယ်များကိုဖြတ်ကျော်ပြီး လှည့်လည်စည်းရုံးကြ၏။ သင်တို့၏အဖွဲ့ဝင်များဖြစ်လာကြသောအခါ ထိုလူတို့အား သင်တို့ထက် နှစ်ဆပို၍ဆိုးသော ငရဲသားများ ဖြစ်စေကြ၏။ 16မျက်မမြင်လမ်းပြအပေါင်းတို့၊ သင်တို့သည် အလွန်ပင်အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် လူတို့အား ‘ပေးထားသည့် ကတိတစ်ခုအတွက် ဗိမာန်တော်၏အမည်နာမနှင့် တိုင်တည်ပြောဆိုခြင်းများသည် အဓိပ္ပါယ်မရှိ အချည်းနှီးပင်ဖြစ်၏။ သို့သော် ဗိမာန်တော်တွင်ရှိသောရွှေကို တိုင်တည်၍ပြောဆိုလျှင် ပေးထားသည့်ကတိအတိုင်း ပြုလုပ်ပေးရမည်’ ဟုသွန်သင်ပေးကြ၏။ 17မိုက်မဲသော မျက်မမြင်အပေါင်းတို့၊ မည်သည့်အရာသည် ပို၍ကြီးမြတ်သနည်း၊ ရွှေသည်လော၊ သို့မဟုတ် ရွှေကိုမြင့်မြတ်စေသည့် ဗိမာန်တော်လော။ 18ထို့နောက် သင်တို့သည် ‘ပူဇော်ဆုတောင်းရာ ပလ္လင်တော်တွင် တိုင်တည်ပြောဆိုလျှင် အကျုံးမဝင်၊ ပလ္လင်ပေါ်တွင်ရှိသော လှူဖွယ်ပစ္စည်းကို တိုင်တည်ပြောဆိုလျှင် တိုင်တည်ပြောဆိုသည့်အတိုင်း လုပ်ပေးရမည့် တာဝန်ရှိသည်’ ဟုသွန်သင်ပေးကြ၏။ 19မျက်မမြင်အပေါင်းတို့၊ မည်သည့်အရာက ပို၍ကြီးမြတ်သနည်း၊ ပလ္လင်ပေါ်တွင်ရှိသောလှူဖွယ်ပစ္စည်းများဖြစ်သလော၊ သို့မဟုတ် လှူဖွယ်ပစ္စည်းများအား သန့်ရှင်းစင်ကြယ်စေသည့် ပလ္လင်တော်လော။ 20ထို့ကြောင့် ပူဇော်ဆုတောင်းသောပလ္လင်တော်ကို တိုင်တည်ပြောဆိုသည့်သူသည် ပလ္လင်တော်အပါအဝင် ပလ္လင်တော်အပေါ်ရှိ ရှိသမျှအရာတို့အား တိုင်တည်ပြောကြ၏။ 21ထိုနည်းတူပင် ဗိမာန်တော်ကို တိုင်တည်ပြောဆိုသောသူတို့သည်လည်း ဗိမာန်တော်နှင့် ဗိမာန်တော်တွင် ကိန်းဝပ်အုပ်စိုးတော်မူနေသော ဘုရားရှင်ကိုလည်း တိုင်တည်ပြောဆိုရာရောက်၏။ 22ကောင်းကင်အား တိုင်တည်၍ပြောဆိုကြသောသူတို့သည်လည်း ဘုရားရှင်၏ပလ္လင်တော်နှင့် ပလ္လင်တော်ပေါ်တွင် ထိုင်တော်မူနေသည့် ဘုရားရှင်ကိုလည်း တိုင်တည်ပြောဆိုရာရောက်၏။ 23သူတော်ကောင်းယောင်ဆောင်ကြသော ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာအပေါင်းတို့၊ သင်တို့သည် အလွန်ပင်အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါး၊ ဇီယာတို့အား ဆယ်ဖို့တစ်ဖို့ပေးလှူကြသော်လည်း ပညတ်တရားများထဲမှ ပို၍အရေးကြီးသော တရားမျှတမှု၊ သနားဂရုဏာထားမှု၊ သစ္စာတရားစောင့်သိမှု စသည်တို့အား ချန်လှပ်ထားကြ၏။ ထိုအရာများကို ပြုလုပ်ရမည်ဖြစ်သော်လည်း ပညတ်တရားထဲတွင်ရှိသော အရေးကြီးသည့်အရာတို့ကိုလည်း ချန်လှပ်မထားသင့်ပါ။ 24မျက်မမြင်လမ်းပြအပေါင်းတို့၊ သင်တို့သည် ဖြုတ်ကောင်ကို မျိုမချမိစေရန် ရေကိုစစ်ပြီး သောက်သော်လည်း ကုလားအုပ်တစ်ကောင်ကိုတော့ မျိုချကြ၏။
25သူတော်ကောင်းယောင်ဆောင်ကြသော ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာအပေါင်းတို့၊ သင်တို့သည် အလွန်ပင် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ခွက်နှင့်ပန်းကန်များ၏ အပြင်ဘက်အား သန့်ရှင်းအောင် ဆေးကြောကြသော်လည်း အတွင်းစိတ်ထဲတွင် မတရားလုယူခြင်းများ၊ တစ်ကိုယ်ကောင်းဆန်ခြင်းများနှင့် ပြည့်နှက်နေကြ၏။ 26မျက်မမြင်ဖာရိရှဲတို့၊ ခွက်၏အတွင်းဘက်ကိုသာ ဦးစွာသန့်ရှင်းစေရန် ဆေးကြောကြလော့၊ ထိုသို့ပြုလျှင် ခွက်၏အပြင်ဘက်သည်လည်း သန့်ရှင်းလာလိမ့်မည်ဖြစ်၏။ 27သူတော်ကောင်းယောင်ဆောင်ကြသော ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာအပေါင်းတို့၊ သင်တို့သည် အလွန်ပင်အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ထုံးဖြူသုတ်ထားသော သင်္ချိုင်းဂူများနှင့်တူ၏။ ထိုသင်္ချိုင်းဂူတို့သည် အပြင်ဘက်တွင်သာ လှပတင့်တယ်ပြီး ထင်ရှားနေသော်လည်း အတွင်းဘက်တွင်မူ လူတို့၏အရိုးများနှင့်ညစ်ညမ်းသောအရာများဖြင့် ပြည့်နှက်နေကြ၏။ 28ထိုကဲ့သို့ပင် သင်တို့သည်လည်း အပြင်ပန်းတွင် လူတို့အပေါ် ကောင်းမွန်ဖြောင့်မတ်သကဲ့သို့ ရှိနေကြသော်လည်း အတွင်းစိတ်ထဲတွင်မူ ကောက်ကျစ်မှု၊ လျှို့ဝှက်မှုများ၊ သူတော်ကောင်းယောင်ဆောင်မှုများနှင့် ပြည့်နှက်နေကြ၏။ 29သူတော်ကောင်းယောင်ကြသော ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာအပေါင်းတို့၊ သင်တို့သည် အလွန်ပင်အမင်္ဂလာရှိကြပေ၏။ အကြောင်းမူကား သင်တို့သည် အရိယာသူတော်စင်တို့၏ သင်္ချိုင်းဂူများကို ကောင်းကောင်းမွန်မွန် တည်ဆောက်ပေးကြပြီး ဖြောင့်မတ်သောသူများ၏ သင်္ချိုင်းဂူများအား အလှဆင်ပြီး 30‘ငါတို့၏ဘိုးဘေးများလက်ထက်တုန်းက ငါတို့သာရှိနေခဲ့လျှင် အရိယာသူတော်စင်များအား သတ်သည့်အခါ မည်သည့်အခါမျှ ပါမည်မဟုတ်’ ဟုပြောဆိုကြ၏။ 31ဤသို့ဖြင့် သင်တို့သည် အရိယာသူတော်စင်များအား သတ်ခဲ့ကြသောသူများ၏ မျိုးဆက်များဖြစ်သည်ဆိုသည်ကို သင်တို့ကိုယ်တိုင် ဝန်ခံနေကြခြင်းပင်ဖြစ်၏။ 32သင်တို့သည် သင်တို့ဘိုးဘေးများ စတင်ခဲ့သောအရာများကို ပြီးမြောက်စေရန် ပြုလုပ်ကြလော့။
33မြွေဆိုးတို့၊ မြွေဆိုးအမျိုးအနွယ်တို့၊ သင်တို့သည် ငရဲ၌ အပြစ်စီရင်ခံရမည့်နေ့မှ မည်သို့လွတ်မြောက်နိုင်ကြမည်နည်း။ 34ငါ၏တရားစကားကို သင်တို့ကို သွန်သင်ပေးရမည့် အရိယာသူတော်စင်များ၊ ပညာရှိများနှင့် ကျမ်းတတ်ဆရာအချို့အား လက်ဝါးကပ်တိုင်ပေါ်တွင် သံမှိုဖြင့်ရိုက်ပြီးသတ်ကြ၍ အချို့တို့အား အခြားသောနည်းများဖြင့် သတ်ပစ်ခဲ့ကြ၏။ အချို့သောသူတို့အား ဝတ်ပြုဆုတောင်းကျောင်းများနှင့် ဓမ္မာရုံများတွင် ဒဏ်ခတ်ရိုက်နှက်ကြပြီးလျှင် တစ်မြို့မှတစ်မြို့သို့ လိုက်လံပြီး ညှဉ်းဆဲကြလိမ့်မည်ဖြစ်၏။ 35ထို့ကြောင့် သင်တို့၏ ဘိုးဘေးများသတ်ခဲ့သော အာဗေလ၏သွေးမှအစပြု၍ ဗိမာန်တော်ထဲရှိ ပူဇော်ပလ္လင်၏ဘေးတွင် အသေခံခဲ့သော ဗာရခိ၏သားဖြစ်သည့် ဇာခရိ၏သွေးအထိ မြေကြီးပေါ်တွင် သွန်းလောင်းခဲ့ရသော သွေးကြွေးများသည် သင်တို့အပေါ်သို့ ကျရောက်မည်ဖြစ်ပြီး ဘုရားရှင်သည် သင်တို့အား အပြစ်ပေးလိမ့်မည်ဖြစ်၏။ 36သင်တို့အား ငါအမှန်ဆိုသည်ကား ဤတရားစီရင်မှုများသည် ယခုအသက်ရှင်နေသော မျိုးဆက်များ၏အပေါ်သို့ ကျရောက်လိမ့်မည်ဖြစ်သည်။
ဂျေရုဆလင်မြို့အတွက် ငိုကြွေးတော်မူခြင်း
37အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ သင်သည် အရိသူတော်စင်များနှင့် ဘုရားရှင်စေလွှတ်တော်မူသော ပုဂ္ဂိုလ်တို့အား ကျောက်ခဲဖြင့်ပစ်ပေါက်သည့်မြို့၊ ကြက်မသည် ကြက်ကလေးများအား သူ၏အတောင်အောက်တွင် စုသိမ်းသကဲ့သို့ ငါသည်လည်း သင်၏လူအားလုံးကို စုသိမ်းရန် အလိုရှိခဲ့သော်လည်း သင်သည် ငါ့အားအလိုမရှိ။ 38ကြည့်ကြလော့၊ သင်တို့၏အိမ်သည် မကြာမီတွင် လူသူကင်းမဲ့သည့်အရပ်ဖြစ်လာလိမ့်မည်။ 39ဤအရာတို့အား စိတ်ထဲတွင် စွဲမြဲစွာမှတ်ထားကြလော့။ ဘုရားရှင်၏နာမတော်နှင့် ကြွလာတော်မူသည့် အရှင်သည် မင်္ဂလာရှိပါပေ၏’ ဟုသင်တို့မပြောမည်တိုင်အောင် ယခုမှစ၍ သင်တို့သည်ငါ့အား တွေ့မြင်ရလိမ့်မည်မဟုတ်” ဟုမိန့်တော်မူ၏။
Currently Selected:
မဿဲ 23: TPV-RV
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: