YouVersion Logo
Search Icon

Matthew 21

21
1ကိုယ်တော်ယေရှု န ဗြိတော်ဒွေဟ ဂျေရုဆလင်ဗြို့နားဝိုရော့ခါမှာ သံလွင်တော်ပေါ်မှာရှေ့ဝို ဗက်ဖာဂေဗြို့ဝိုရော့လာလေရယ်။ အဲမိုနေရာမှာ ကိုယ်တော်ယေရှုဟ ဗြိတော်နှေ့ယော့ဝို ရှေ့ဟနေရင်ဦးဆုံး သွားခိုင်းပြီး 2"ရှေ့ဟ ဝါဝို သွားဂေ့လော့၊ အဲမိုနေရာဝို ရော့နချင့်ချင်း ကြိုးခယ်ရားဝို မြည်းမတဂေါ်န မြည်းငယ်ရားတဂေါ်ဝို တွီ့လိမယ်။ သူ့နို့ဝို ကြိုးဖြေပီး ငါ့ဆီဝိုယူလာဂေ့။ 3ယော့ယော့ဟ မေးရယ်ဆိုဝါ အဲမိုသူဝို "ကိုယ်တော်ဟ အယ်မိုမြည်းဒွေဝို လိုအပ်တော်မူရိဂျော့" ဆိုပီး ပြောလိုက်မယ်ဆိုဝါ အဲမိုလူဟ နန်းနို့ဝို ချင့်ချင်းပေးလိမယ်။ 4အယ်မိုကြောရာဟ ပရောဖက်ဒို့ ကြိုတံဟောပြောရစ်ဝို 5"ဂျေရုဆလင်ဗြို့မှာ ရှေ့ဝိုလူဒွေဝိုပြောလော့၊ "နန်းနို့ရဲ့ဘုရင်ဟ နန်းနို့ဆီကြွလာဇာဝိုကေ့လော့၊ သူဟ ကိုယ့်ကိုကိုယ်နှိခလသူဖြစ်ပြီး မြည်းငယ်ဝိုစီးပီး ကြွရော့လာချေပြီ" ဆိုဝို ဂါးဟ ပလဲ့ဇုံခဲ့လေပြီ" ဆိုပီး မိတော်မူရယ်။ 6အဲနော့ ဗြိဒွေဟ ကိုယ်တော်မိမှာတော်မူဝိုတိုင်း ဆော်ဝက်လေရယ်။ 7သူ့နို့ဟ မြည်းမဂီးန မြည်းငယ်ရားဝို ကိုယ်တော်ဆီဝို ယူဆော်လာပီး မြည်းငယ်ပေါ်မှာ ဝတ်ရုံဒွေခမ်းပေးခီမှာ ကိုယ်တော်ဟ အဲမိုပေါ်မှာ ထိုင်လေရယ်။ 8လူထုပရိသတ်များဂီးဟလဲ သူ့နို့ဝတ်ရုံဒွေဝို လမ်းပေါ်မှာ ခမ်းပေးဂေ့ပြီး ချို့ကလလောဝါ သစ်ရွက်သစ်ခတ်ဒွေဝို လမ်းပေါ်မှာ ခမ်းပေးဂေ့လေရယ်။ 9ကိုယ်တော်ရဲ့ရှေ့ဟနေသွားဝို လူထုပရိသတ်ဒွေန နော့ဟနေလိုက်ဝိုလူထုပရိသတ်ဒွေဟ "ဒါဝိဒ်ရဲ့သားတော်ဝို ချီးမွမ်းတော်မူပေရယ်၊ ဘုရားရှင်ရဲ့နာမတော်အားန ကြွလာတော်မူဝို ကိုယ်တော်ဟ မြင်ဂလာရှေ့ပေရယ်၊ ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးတော်ဒွေဝို ချီးမွမ်းပါရယ်။" ဆိုပီး ကြွေးကြော်ဂေ့လေရယ်။ 10ကိုယ်တော်ယေရှု ဂျေရုဆလင်ဗြို့ဝိုရော့ခါမှာ ဗြို့တဗြို့လုံး ရုတ်ရုတ်သဲသဲဖြစ်ပီး "အဲလူဟ ဟယ်သူနူး" ဆိုပီး မေးဂေ့လေရယ်။ 11အဲခါ လူထုပရိသတ်ဒွေဟ "အယ်လူဟ ဂါလိလဲပြည်နာဇရက်ဗြို့ဟလာဝို ပရောဖက် ယေရှုဖြစ်ရယ်" ဆိုပီး ပလန်ဖြေဂေ့လေရယ်။ 12ကိုယ်တော်ယေရှုဟ ဗိမာန်တော်ဝို ဝမ်ရော့ဝိုခီမှာ အဲမိုနေရာမှာ ရောဝယ်လုပ်နေဝို လူဒွေဂူလုံးဝို နှံထုခြင်း၊ ငွေဖလှယ်နေသူဒွေန ခိုရောဝယ်သူဒွေရဲ့ဘွဲဒွေဝို မှော့လှန်ပစ်ခြင်းဒို့ ပြုလုပ်လေရယ်။ 13ကိုယ်တော်ဟ အဲမိုလူဒွေဝို "ငါ့ရဲ့ဗိမာန်တော်ဝို ဝတ်ပြုဆုတောသူဒွေရဲ့ အီတော်ဆိုပီးခေါ်ဂေ့ဘေမဲ့ နန်းနို့ဟ အယ်မိုနေရာဝို ခိုးဒမလဒွေရဲ့ ပုန်းခိုရာနေရာဖြစ် ပြုလုပ်နေပေရယ်" ဆိုပီး မိတော်မူရယ်။ 14မျစ်မမြင်န ကိုယ်လက်အင်္ဂါချို့တဲ့ဝိုသူဒွေဟ ဗိမာန်တော်မှာရှေ့ဝို ကိုယ်တော်ယေရှုဆီဝို လာရော့ဂေ့ဝိုခါမှာ ကိုယ်တော်ဟလည်း အဲမိုသူဒွေဝို ကုသပေးလေရယ်။ 15မျစ်မမြင်န ကိုယ်လက်အင်္ဂါချို့တဲ့ဝိုသူဒွေဟ ဗိမာန်တော်မှာရှေ့ဝို ကိုယ်တော်ယေရှုဆီဝို လာရော့ဂေ့ဝိုခါမှာ ကိုယ်တော်ဟလည်း အဲမိုသူဒွေဝို ကုသပေးလေရယ်။ 16အဲခါ သူနို့ဟ ကိုယ်တော်ဝို "သားဂန်းရားဒွေ အော်ဟစ်ပြောနေဇာဝို ကြားပါသလော" ဆိုပီး မေးလေရာ ကိုယ်တော်ဟလည်း "ကြားပေရယ်၊ 'ဘုရားရှင်ဟ သားဂန်းရားဒွေန နို့စို့ရွယ်သားရားဒွေတွက် ချီးမွမ်းဂါးဒွေဝို သန်ပေးခဲ့ပြီးပြီ" ဆိုဝို ကျမ်းစာဝို နန်းနို့ ဖတ်ဖူးဂေ့ရလော" ဆိုပီး မိတော်မူလေရယ်။ 17အဲနော့ ကိုယ်တော်ယေရှုဟ သူနို့ဆီဟနေ ထွက်ခွာပီး ဗေသနိဗြို့ဝိုသွားပီး အဲမိုနေရာမှာ ညစ်ခီဝို ကူဆုံးစေရယ်။ 18နော့နေ့မိုးလန်းစောစောမှာ ကိုယ်တော်ဟ ဂျေရုဆလင်ဗြို့ဝို ကြွလာဝိုခီမှာ လမ်းခုလတ်မှာ ဗိုက်ဆာလာတော်မူလာလေရယ်။ 19ကိုယ်တော်ဟ လမ်းဘေးမှာရှေ့ဝို သဖန်းပမ်တစ်ပမ်ဝို ဗြင်တော်မူဝိုခါမှာ အဲမိုပမ်ရှေ့ရာဝို ကြွတော်မူရာ ဝက်ဒွေဟနေလွဲပီး ဟဲရာဇာမှမှေ့ဘဲရိတွက်ဂျော့ အဲမိုပမ်ဝို "ခုဟနေစပီး ဟယ်ခါမှ သီးထပ်မသီးပါစေန" ဆိုပီး မိတော်မူပြီးနော့ အဲမိုပမ်ဟ ချင့်ချင်းဘဲ့ ခြော့သွေ့ရားလေရယ်။ 20 ဗြိတော်ဒွေဟ အဲမိုဇာဝိုဗြင်ဝိုခါမှာ အံဩပီး "သဖန်းပမ်ဟ ချင့်ချင်းဘဲ့ ဟဲမျိုးညှိုးနွမ်းရားနူး" ဆိုပီး ပြောဂေ့လေရယ်။ 21ကိုယ်တော်ဟ သူ့နို့ဝို "နန်းနို့ဟ ယုံကြည်ခြင်းရှေ့ပီး သံသယကင်းမဲ့ရယ်ဆိုဝါ ငါဟ အယ်မိုသဖန်းပမ်ဝို ပြုမျိုး နန်းနို့လဲ လုပ်ဆော်နိုင်ဝို့ပြင် အယ်မိုတော်ဂိုမှ "ရွေ့ရားပြီး ပမ်လယ်ထဲဝို ကလလော့" ဆိုပီး ပြောနဂိုမှ အဲမိုတိုင်းဘဲ့ ဖြစ်လိမယ်။ 22နန်းနို့ ဟဲရာဝိုမဆို ယုံကြည်မှုရှေ့ရှေ့န ဆုတောမယ်ဆိုဝါ အဲမိုဇာဝို ရရှေ့ပေလိမယ်။" ဆိုပီး မိတော်မူလေရယ်။ 23ကိုယ်တော်ယေရှုဟ ဗိမာန်တော်ဝိုပလန်လာပီး ဟောပြောသွန်သန်နေခီမှာ ပုရောဟိတ်ကြီးကဲဒွေန ဂျူးလူမျိုးကြီးကဲဒွေဟ ကိုယ်တော်ဆီဝို ရော့လာဂေ့ပြီး "သင်ဟ အယ်မိုဇာဒွေဝို ဟဲရာခွမ့်အာဏာန ပြုနေနူး။ အဲမိုခွမ့်အာဏာဝို ဟယ်သူဟ သင့်ဝိုပေးနူး" ဆိုပီး မေးမြန်းဂေ့ရယ်။ 24ကိုယ်တော်ယေရှုဟလည်း "နန်းနို့ ငါမေးဝို မေးခွန်းဝို ဖြေနိုင်မယ်ဆိုဝါ အယ်မိုဇာဒွေဝို ဟဲရာခွမ့်အာဏာန ပြုလုပ်နေရယ်ဆိုဇာဝို နန်းနို့ဝို ငါပြောမယ်။ 25ယောဟန်ဝို ရေနှစ်မြင်ဂလာပေးဝို့ ခွမ့်အာဏာဝို ရွှေဗြို့တော်ဟ ပေးဇာလော၊ လူတစ်ဦးတစ်ယော့ဟ ပေးဇာလော" ဆိုပီး မေးမြန်းတော်မူရယ်။ အဲခါ သူ့နို့ချင်းချင်းဆွေးနွေးပြီး "နို့ဟ ရွှေဗြို့တော်ဟပေးရယ်ဆိုပီး ပြောရယ်ဆိုဝါ ကိုယ်တော်ဟ နို့ဝို ဟဲရာဂျော့ ယောဟန်ဝို ယုံကြည်ဂေ့ဘဲနူး" ဆိုပီး မေးလိမယ်။ 26အဲမျိုးမုဘဲန လူတစ်ဦးတစ်ယော့ဟ ပေးရယ်ဆိုပီးပြောရယ်ဆိုဝါ လူဒွေဟ ယောဟန်ဝို ပရောဖက် ဖြစ်ရယ်ဆိုပီး ယုံကြည်ဂေ့ရိတွက် အဲမိုသူဒွေဟ နို့ဝို တခုခုပြုလုပ်မှာဝို ကြော့ရရယ်။" ဆိုပီး သူ့နို့ချင်းချင်း ပြောဂေ့လေရယ်။ 27အဲမျိုးမုဘဲန လူတစ်ဦးတစ်ယော့ဟ ပေးရယ်ဆိုပီးပြောရယ်ဆိုဝါ လူဒွေဟ ယောဟန်ဝို ပရောဖက် ဖြစ်ရယ်ဆိုပီး ယုံကြည်ဂေ့ရိတွက် အဲမိုသူဒွေဟ နို့ဝို တခုခုပြုလုပ်မှာဝို ကြော့ရရယ်။" ဆိုပီး သူ့နို့ချင်းချင်း ပြောဂေ့လေရယ်။ 28ကိုယ်တော်ယေရှုဟ "နန်းနို့ဟ ဟဲမျိုးထံဂေ့မယ်နူး။ လူတယော့မှာ သားနှေ့ယော့ရှေ့ဇာမှာ အဲမိုလူဟ သားဂီးဆီသွားပီး "သား၊ ဗျစ်ခြံဝို အယ်နေ့သွားပီး လုပ်လုပ်လော့" ဆိုပီး ပြောလေရယ်။ 29အဲခါ သူ့သားဟ "ကျော် သွားရှင်ရ"ဆိုပီး ပလန်လည်ဖြေကြားပြီးနော့ စိပြောင်းရားရိတွက် ဗျစ်ခြံဝိုသွားလေရယ်။ 30အဲနော့ ဖခင်ဟ သားငယ်ဆီဝိုသွားပီး ရှေ့မှာပြောဝိုမျိုးဘဲ့ပြောဝိုခီမှာ အဲမိုသားဟ "ဟုတ်ကဲ့ အဖေ၊ ကျော်သွားပါမယ်" ဆိုပီး ပလန်ဖြေပေမဲ့လဲ သွားဘဲနနေလေရယ်။ 31အဲမိုသားနှေ့ယော့မှာ ဟယ်သူဟ သူ့နို့ဖ လိုဆန္ဒတိုင်း ဆော်ဝက်ခဲ့နူး" ဆိုပီး ကိုယ်တော်ယေရှုဟ မေးတော်မူဝိုခါမှာ သူနို့ဟ "ပထမသားဖြစ်ပါရယ်"ဆိုပီး ရှော့တံဝိုခီမှာ ကိုယ်တော်ဟလည်း "နန်းနို့ဝို ငါမှန်ပြောရမယ်ဆိုဝါ ခွန်ကော့ခံသူဒွေန ပြည့်တန်ဆာဒွေဟ ဘုရားရှင်ရဲ့သာသနာတော်တွမ်းဝို နန်းနို့ထက်ဦးဆုံး ဝမ်ရော့ဂေ့လိမယ်။ 32ဟဲဖြစ်ရိနူးဆိုဝါ ရေနှစ်မြင်ဂလာဆရာယောဟန်ဟ နန်းနို့ဆီလာရော့ပြီး လမ်းမှန်ဝိုပြသခဲ့ဘေမဲ့ နန်းနို့ဟ သူ့ဝိုယုံကြည်ဂေ့ရ။ အယ်ဘေမဲ့ ခွန်ကော့ခံသူဒွေန ပြည့်တန်ဆာဒွေဟလော သူ့ဝိုယုံကြည်ဂေ့လေရယ်။ နန်းနို့ဟ အဲမိုဇာဒွေဝိုဗြင်ဘေမဲ့ သူ့ဝိုယုံကြည်ပြီး နန်းနို့ရဲ့ပြစ်ဟနေ နော်ဒသံဝေဂရဇာမှေ့ဂေ့ရ။ 33နော့ထပ်ပုံဥပမာတခုဝို နားထော်ဂေ့လော့။ ခြံပိုင်ရှင်တယော့ဟ ဗျစ်ပမ်ဒွေစိုက်ပီး ခြံစည်းရိုးခတ်ပီး ခြံထဲမှာ ဗျစ်ရယ်ပြုလုပ်ဝို့ ကျင်းတူးပြီး မျှော်စင်ဝိုဆော့လေရယ်။ အဲနော့ အဲမိုခြံဝို ခြံငှားမားဒွေဝို ငှားရမ်းပီး တိုင်းတပါးဝို ခရီးထွက်ခဲ့လေရယ်။ 34ဗျစ်သီးဒွေရိသီးခီရော့ဝိုခါမှာ ပိုင်ရှင်ဟ သူ့ဝီစုဝို ရယူဝို့ သူ့စေခံဒွေဝို ခြံငှားမားဒွေဆီဝို စေလွှတ်လေရယ်။ 35အယ်ဘေမဲ့ အဲမိုခြံငှားမားဒွေဟ ပိုင်ရှင်ရဲ့စေခံဒွေဝို ချို့ဝို ရိုက်နှက်ပြီး ချို့ဝို သတ်ပီး ချို့ဝိုကလလော ဂဲနပေါ့ဂေ့လေရယ်။ 36အဲနော့ ပိုင်ရှင်ဟ စဒူးဟထက် ပိုပီးများပြားဝို ခြားစေခံဒွေဝို စေလွှတ်လိုက်ဝိုခီမှာ ခြံငှားမားဒွေဟ အဲမိုစေခံဒွေဝိုလည်း ဦးဒူးဟမျိုးဘဲ့ ပြုလုပ်ဂေ့လေရယ်။ 37နော့ဆုံးမှာ ပိုင်ရှင်ဟ သူ့သားဝိုစေလွှတ်ပြီး "ငါ့သားဝိုလော သူနို့သေချာဘော့ လေးစားဂေ့လိမယ်" ဆိုပီး တွီးလေရယ်။ 38အယ်ဘေမဲ့ ခြံငှားမားဒွေဟ ပိုင်ရှင်သားလာနေဇာဝိုဗြင်န သူ့နို့ချင်းချင်း ""အယ်မိုလူဟ မွီဆက်ခံဝို့လူဖြစ်ရယ်။ လာဂေ့၊ သူ့ဝိုသတ်ပီး သူ့မွီဝိုရယူဂေ့စို့" ဆိုပီး 39ပိုင်ရှင်သားဝိုဖမ်းဆီးပီး ဗျစ်ခြံပလန်ဝို ဆွဲခေါ်ပီး သတ်ပစ်ဂေ့လေရယ်။ 40အဲမျိုးဖြစ်မယ်ဆိုဝါ ဗျစ်ခြံပိုင်ရှင်ပလန်လာခီမှာ အဲမိုခြံငှားမားဒွေဝို ဟဲမျိုးလုပ်မယ်ထံနူး" ဆိုပီး မေးတော်မူရယ်။ 41သူနို့ဟ "ပိုင်ရှင်ဟ သေးချာဘော့ အဲမိုဆိုးယုတ်ဝိုသူဒွေဝို ဆုံးစီရင်လိမယ်။ အဲနော့ ဗျစ်ခြံဝို ရိသီးခီရော့တိုင်း သူ့ဝီစုဝိုပေးမဲ့ ခြားခြံငှားမားဒွေဝို ငှားရမ်းပါလိမယ်" ဆိုပီး ပလန်လည်ရှော့တံဂေ့လေရယ်။ 42အဲနော့ ကိုယ်တော်ယေရှုဟလည်း "တိုက်ဆော့ဝိုသူဒွေဟ ရေးပါရဆိုပီးထံဝို ပစ်ပယ်ရားဝိုကလော့ဟ ရေးပါဆုံးထော်ချော့ကလော့ဖြစ်လာရယ်။ အဲမို အံ့ဖွယ်မှုဒွေဝို ဘုရားရှင်ဟဖန်ဆင်းတော်မူရယ်" ဆိုဝို ကျမ်းစာဝို နန်းနို့ ဖတ်ဖူးဂေ့ရလော။ 43အဲဂျော့ နန်းနို့ဝို ငါပြောရမယ်ဆိုဝါ နန်းနို့ဆီဟ ဘုရားရှင်ရဲ့သာသနာတော်ဝို သီးယူပီး ကောမွန်ဝိုသီးပွမ့်ဒွေ ပြုလုပ်နိုင်ဝိုသူဆီဝို အပ်နှင်းတော်မူလိမယ်။ 44အဲမိုကလော့ပေါ်ဝို ကလဝို ဟယ်သူမဆို ပိုင်းပိုင်းကလိုးမှာဖြစ်ပြီး အဲမိုကလော့ဟ ဇုံတယော့ပေါ်ဝို ကလလာရင်လည်း အဲမိုလူဟ စိစိညစ်ညစ်ကြေရားလိမယ်" ဆိုပီး မိတော်မူလေရယ်။ 45ဂျူးပုရောဟိတ်ကြီးကဲဒွေ န ဖာရိရှဲဒွေဟ ကိုယ်တော်ရဲ့ပုံဥပမာဝိုကြားန သူ့နို့ကြောမိတော်မူဇာဝို သိဂေ့ရိတွက် 46ကိုယ်တော်ဝိုဖမ်းဆီးဝို့ ကြိုးစားဂေ့ဘေမဲ့ လူထုပရိသတ်ဒွေဟ ကိုယ်တော်ဝို ပရောဖက်ဘားဖြစ်န မှတ်ယူဂေ့ရိတွက် သူ့နို့ဟ လူဒွေဝို ကြော့ဂေ့ရယ်။

Currently Selected:

Matthew 21: ttpv-rv

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in