YouVersion Logo
Search Icon

ရောမ 2

2
ဖြောင့်​မတ်​သော​တ​ရား​စီ​ရင်​ခြင်း
1သူ​တစ်​ပါး​ကို စစ်​ကြော​စီ​ရင်​တတ်​သော​သူ၊ သင်​သည် ကိုယ်​အ​ပြစ်​ကို မ​ဖုံး​နိုင်​ရာ။ အ​ကြောင်း​မူ​ကား၊ သင်​သည်​စစ်​ကြော​စီ​ရင်​သော အ​မှု​ကို​ပင် ကိုယ်​တိုင်​ပြု​သည်​ဖြစ်၍၊ သူ​တစ်​ပါး​ကို စစ်​ကြော​စီ​ရင်​သည်​တွင် ကိုယ်​အ​ပြစ်​ရှိ​ကြောင်း​ကို စီ​ရင်​ဆုံး​ဖြတ်​ရာ​ရောက်၏။-#မ၊ ၇:၁။ လု၊ ၆:၃၇။ 2ဘု​ရား​သ​ခင်​သည် ထို​သို့​ပြု​သော​သူ​တို့​ကို စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​သည် သ​မ္မာ​တ​ရား​နှင့် ညီ​သည်​ကို ငါ​တို့​သိ​ကြ၏။- 3ထို​သို့​သော​အ​မှု​ကို ကိုယ်​တိုင်​ပြု​လျက်​ပင်၊ သူ​တစ်​ပါး​ပြု​သည်​ကို စစ်​ကြော​စီ​ရင်​သော​သူ၊ သင်​သည် ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​ခြင်း​နှင့် လွတ်​မည်​ဟု ထင်​မှတ်​သ​လော။- 4ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် သင့်​ကို နောင်​တ​လမ်း​သို့ သွေး​ဆောင်​သည်​ကို မ​သိ​မ​မှတ်​ဘဲ၊ ကြွယ်​ဝ​စွာ ကျေး​ဇူး​ပြု​တော်​မူ​ခြင်း၊ သည်း​ခံ​တော်​မူ​ခြင်း၊ စိတ်​ရှည်​တော်​မူ​ခြင်း​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​သ​လော။- 5ထို​သို့​ပြု​လျှင် စိတ်​ခိုင်​မာ၍ နောင်​တ​မ​ရ​သည်​နှင့်​အ​ညီ ဒေါ​သ​နေ့​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ တ​ရား​တော်​ထင်​ရှား​သော​နေ့၌ ကိုယ်​ခံ​စ​ရာ​ဖို့ အ​မျက်​ဒေါ​သ​ကို ဆည်း​ပူး​သ​လော။- 6ဘု​ရား​သ​ခင်​သည် လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့ အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​လ​တ္တံ့၊-#ဆာ၊ ၆၂:၁၂။ သု၊ ၂၄:၁၂။ 7ကောင်း​သော​အ​ကျင့်​ကို အ​မြဲ​ကျင့်၍၊ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ မ​ဖောက်​ပြန်​သော ဇာ​တိ​ကို​လည်း​ကောင်း၊ ရှာ​သော​သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​တော်​မူ​လ​တ္တံ့၊- 8ငြင်း​ဆန်​သော​သ​ဘော​ရှိ၍၊ သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​ဘဲ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​ကို​ကား၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​ထွက်​တော်​မူ​လ​တ္တံ့၊- 9ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌​ဟေ​လ​သ​လူ၊ ဆိုး​ညစ်​သော​အ​မှု​ကို ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​ကို ခံ​ရ​ကြ​လ​တ္တံ့၊- 10ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌​ဟေ​လ​သ​လူ၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​ရှိ​သ​မျှ​တို့​သည် ဘုန်း​အ​သ​ရေ​ချမ်း​သာ​ကို ခံ​စား​ရ​ကြ​လ​တ္တံ့။- 11ဘု​ရား​သ​ခင်​သည် အ​ဘယ်​သူ၏​မျက်​နှာ​ကို​မျှ မှတ်​တော်​မ​မူ။#တ​ရား၊ ၁၀:၁၇။
12ပ​ညတ်​တ​ရား​ကို မ​သိ​ဘဲ​ပြစ်​မှား​သော သူ​တို့​သည် ပ​ညတ်​တ​ရား​မဲ့​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ ပ​ညတ်​တ​ရား​ကို သိ​လျက်​ပင် ပြစ်​မှား​သော​သူ​တို့​သည် ပ​ညတ်​တ​ရား၏​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။- 13အ​ကြောင်း​မူ​ကား၊ တ​ရား​နာ​သော​သူ​သည် ဘု​ရား​သ​ခင်​ရှေ့၌ ဖြောင့်​မတ်​သည်​မ​ဟုတ်။ တ​ရား​ကို ကျင့်​သော​သူ​သာ​လျှင် ဖြောင့်​မတ်​ရာ​သို့ ရောက်​လိမ့်​မည်။- 14သာ​သ​နာ​ပ​လူ​တို့​သည် ပ​ညတ်​တ​ရား​တော်​ကို မ​သိ​ဘဲ၊ ကိုယ်​အ​လို​အ​လျောက် တ​ရား​တော်​ကို ကျင့်​သော​အ​ခါ၊ သူ​တို့​သည် ပ​ညတ်​တ​ရား​တော်​ကို မ​သိ​ဘဲ၊ ကိုယ်​ကျင့်​တ​ရား​ကို အ​မှီ​ပြု​သ​ဖြင့်​လည်း​ကောင်း၊- 15ကိုယ်​ကို​ကိုယ်​သိ​သော​စိတ်​နှ​လုံး​သည် သက်​သေ​ခံ​သ​ဖြင့်​လည်း​ကောင်း၊ အ​ချင်း​ချင်း ဆွေး​နွေး​ဆင်​ခြင်၍ အ​ပြစ်​တင်​လျက်၊ လွှတ်​လျက်​နေ​သ​ဖြင့်​လည်း​ကောင်း၊ မိ​မိ​တို့​စိတ်​နှ​လုံး​ထဲ၌ မှတ်​သား​သော တ​ရား၏​အ​ကျိုး​ကို ထင်​ရှား​စွာ ပြ​ကြ၏။- 16ငါ​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​အ​တိုင်း၊ ဘု​ရား​သ​ခင်​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် လူ​တို့၏ မ​ထင်​ရှား​သော အ​မှု​အ​ရာ​တို့​ကို စစ်​ကြော စီ​ရင်​တော်​မူ​သော​နေ့၌ ထို​သို့​စီ​ရင်​တော်​မူ​လ​တ္တံ့။
ယု​ဒ​အ​မျိုး​သား​နှင့်​ပ​ညတ်​တ​ရား
17သင်​သည် ယု​ဒ​လူ​ဟု​သ​မုတ်​ခြင်း​ကို ခံ​သော​သူ၊ ပ​ညတ်​တ​ရား​တော်​ကို ကိုး​စား​သော​သူ၊ ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ဝါ​ကြွား​သော​သူ၊- 18အ​လို​တော်​ကို​သိ​သော​သူ၊ ပ​ညတ်​တ​ရား​တော်​ကို လေ့​ကျက်​သ​ဖြင့် ခြား​နား​သော​အ​ရာ​တို့​ကို ပိုင်း​ခြား​တတ်​သော​သူ​ဖြစ်​သည်​နှင့်၊- 19လူ​ကန်း​တို့​အား လမ်း​ပြ​သော​သူ၊ မှောင်​မိုက်၌ နေ​သော​သူ​တို့​ကို လင်း​စေ​သော​သူ၊- 20လူ​မိုက်​တို့​ကို ဆုံး​မ​တတ်​သော​သူ၊ သူ​ငယ်​တို့​ကို နည်း​ပေး​သော​သူ၊ ပ​ညတ်​တ​ရား​တော်​အား​ဖြင့် ပ​ညာ​ကို​လည်း​ကောင်း၊ သ​မ္မာ​တ​ရား​ကို​လည်း​ကောင်း ရိပ်​မိ​သော​သူ​ဖြစ်​သည်​ဟူ၍၊ ကိုယ်​ကို ထင်​မှတ်​တတ်​သည်​မှန်​လျှင်၊- 21သူ​တစ်​ပါး​ကို​ဆုံး​မ​လျက်​ပင် ကိုယ်​ကို မ​ဆုံး​မ​သ​လော။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်​ဟု တ​ရား​ဟော​လျက်​ပင် ကိုယ်​တိုင်​ခိုး​သ​လော။- 22သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်​ဟု​ဆို​လျက်​ပင် ကိုယ်​တိုင်​ပြစ်​မှား​သ​လော။ ရုပ်​တု​ကို​စက်​ဆုပ်​ရွံ​ရှာ​လျက်​ပင် ဗိ​မာန်​တော်​ကို လု​ယူ​ဖျက်​ဆီး​သ​လော။- 23ပ​ညတ်​တ​ရား​တော်​ကို​အ​မှီ​ပြု၍ ဝါ​ကြွား​လျက်​ပင် ထို​တ​ရား​ကို လွန်​ကျူး၍ ဘု​ရား​သ​ခင်၏ ဂုဏ်​အ​သ​ရေ​တော်​ကို ရှုတ်​ချ​သ​လော။- 24အ​ကြောင်း​မူ​ကား၊ ကျမ်း​စာ၌ လာ​သည်​နှင့်​အ​ညီ၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်​တို့​အ​ကျင့်​ကို ထောက်၍ ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို ကဲ့​ရဲ့​တတ်​ကြ၏။-#ဟေ​ရှာ၊ ၅၂:၅။
25သင်​သည် ပ​ညတ်​တ​ရား​ကို ကျင့်​လျှင်၊ အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် အ​ကျိုး​ရှိ၏။ ပ​ညတ်​တ​ရား​ကို လွန်​ကျူး​လျှင်၊ သင်၏​အ​ရေ​ဖျား​လှီး​ခြင်း​သည် အ​ရေ​ဖျား​မ​လှီး​ဘဲ ဖြစ်​ပြန်၏။- 26ထို​မှ​တစ်​ပါး၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​သည် တ​ရား၌​ပါ​သော​ပ​ညတ်​တို့​ကို စောင့်​ရှောက်​လျှင်၊ ထို​သူ၏ အ​ရေ​ဖျား​မ​လှီး​ဘဲ​အ​ဖြစ်​ကို အ​ရေ​ဖျား​လှီး​ခြင်း​အ​ဖြစ်​ကဲ့​သို့ မှတ်​ရ​သည်​မ​ဟုတ်​လော။- 27အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​သည်​လည်း ကိုယ်​အ​လို​အ​လျောက် ပ​ညတ်​တ​ရား​ကို ကျင့်​လျှင်၊ ကျမ်း​စာ​နှင့် အ​ရေ​ဖျား​လှီး​ခြင်း​ရှိ​လျက်​ပင် ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သော​သင်​ကို တ​ရား​တွေ့၍ အ​ရှုံး​ခံ​စေ​မည်​မ​ဟုတ်​လော။- 28အ​ကြောင်း​မူ​ကား၊ အ​ပြင်​အား​ဖြင့်​သာ ယု​ဒ​လူ​ဖြစ်​သော​သူ​သည် ယု​ဒ​လူ​မှန်​မ​ဟုတ်။ အ​ပြင်​အား​ဖြင့်​သာ ကိုယ်​အ​သား၌ အ​ရေ​ဖျား​လှီး​ခြင်း​သည် အ​ရေ​ဖျား​လှီး​ခြင်း အ​မှန်​မ​ဟုတ်။- 29အ​တွင်း​အား​ဖြင့် ယု​ဒ​လူ​ဖြစ်​သော​သူ​သည် ယု​ဒ​လူ​မှန်၏။ အ​ရေ​ဖျား​လှီး​ခြင်း​လည်း ကျမ်း​ဟောင်း​တ​ရား​အား​ဖြင့် မ​ဟုတ်​ဘဲ၊ ဝိ​ညာဉ်​တော်​တ​ရား​အား​ဖြင့် စိတ်​နှ​လုံး​နှင့် စပ်​ဆိုင်၏။ ထို​သို့​အ​ရေး​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ၏​အ​ချီး​အ​မွမ်း​သည် လူ​အ​လို​နှင့် မ​ဆိုင်၊ ဘု​ရား​သ​ခင့်​အ​လို​တော်​နှင့် ဆိုင်​သ​တည်း။#တ​ရား၊ ၃၀:၆။

Currently Selected:

ရောမ 2: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy