YouVersion Logo
Search Icon

မိက္ခာ 7

7
အ​ကျင့်​စာ​ရိ​တ္တ​ပျက်​ခြင်း
1ငါ​သည် အ​မင်္ဂ​လာ​ရှိ၏။ နွေ​ကာ​လ၌ ဆွတ်​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့​လည်း​ကောင်း၊ လိုက်၍ ကောက်​သော စ​ပျစ်​သီး အ​ကျန်​အ​ကြွင်း​ကဲ့​သို့​လည်း​ကောင်း ငါ​ဖြစ်၏။ စား​စ​ရာ​ဖို့ စ​ပျစ်​သီး​ပြွတ် မ​ရှိ။ အ​ဦး​မှည့်​သော သင်္ဘော​သ​ဖန်း​သီး​ကို ငါ​တောင့်​တ​ရ၏။ 2ကောင်း​သော​ပြည်​သား​အ​ပေါင်း​တို့​သည် ကွယ်​ပျောက်​ကြ​ပြီ။ ဖြောင့်​မတ်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခပ်​သိမ်း​သော​သူ​တို့​သည် လူ​အ​သက်​ကို သတ်​ခြင်း​ငှာ ချောင်း၍ ကြည့်​တတ်​ကြ၏။ အ​ချင်း​ချင်း တစ်​ယောက်​ကို တစ်​ယောက် ကျော့​ကွင်း​နှင့် ဖမ်း​တတ်​ကြ၏။ 3ဒု​စ​ရိုက်​ကို ကြိုး​စား၍​ပြု​ခြင်း​ငှာ အ​သင့်​ရှိ​ကြ၏။ မင်း​သည် လက်​ဆောင်​ကို တောင်း​တတ်၏။ တ​ရား​သူ​ကြီး​သည် တံ​စိုး​ကို စား​တတ်၏။ သူ​တစ်​ပါး​ထက်​ကြီး​သော​သူ​သည် မ​တ​ရား​သော လော​ဘ​ကို ထင်​ရှား​စေ​တတ်၏။ ထို​သို့​အ​မှု​ကို ရှုပ်​စေ​ခြင်း​ငှာ ပြု​တတ်​ကြ၏။ 4အ​ကောင်း​ဆုံး​သော သူ​သည် ဆူး​ပင်​ကဲ့​သို့ ဖြစ်၏။ အ​ဖြောင့်​ဆုံး​သော သူ​သည် ဆူး​ခြံ​ထက်​ခက်​လှ၏။ သင်၏​ကင်း​စောင့်​တို့​သည် သ​တိ​ပေး​သော​နေ့၊ သင်​စစ်​ကြော​ခြင်း​ကို ခံ​ရ​သော နေ့​ရက်​သည် ရောက်​လာ​ပြီ။ နှိပ်​စက်​နှောင့်​ယှက်​ရာ​ကာ​လ ဖြစ်၏။ 5အ​ဆွေ​ခင်​ပွန်း​ကို မ​ယုံ​နှင့်။ လမ်း​ပြ​သော​သူ​ကို အ​မှီ​မ​ပြု​နှင့်။ သင့်​ရင်​ခွင်၌ အိပ်​သော​မ​ယား​ကို မ​ယုံ​မူ၍၊ သင့်​နှုတ်​တံ​ခါး​ကို ပိတ်​ထား​လော့။ 6အ​ကြောင်း​မူ​ကား၊ သား​သည် အ​ဘ၏​အ​သ​ရေ​ကို ဖျက်​လိမ့်​မည်။ သ​မီး​သည် အ​မိ​ကို​လည်း​ကောင်း၊ ချွေး​မ​သည် ယော​က္ခ​မ​ကို​လည်း​ကောင်း ရန်​ဘက်​ပြု​လိမ့်​မည်။ ကိုယ်​အိမ်​သူ​အိမ်​သား​တို့​သည်​လည်း ကိုယ်​ရန်​သူ​ဖြစ်​ကြ​လိမ့်​မည်။#မ၊ ၁၀:၃၅-၃၆။ လု၊ ၁၂:၅၃။
7ငါ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​မည်။ ငါ့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​ခို​လှုံ​မည်။ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​စ​ကား​ကို နား​ထောင်​တော်​မူ​မည်။
အ​လင်း​နှင့်​ကယ်​တင်​ခြင်း
8အ​ချင်း​ရန်​သူ၊ ငါ့​အ​ပေါ်​မှာ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း မ​ရှိ​နှင့်။ ငါ​လဲ​သော်​လည်း ထ​ဦး​မည်။ မှောင်​မိုက်၌ ထိုင်​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​လင်း​ဖြစ်​တော်​မူ​လိမ့်​မည်။ 9ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ အ​မျက်​တော်​ကို ခံ​ရ၏။ ငါ့​အ​မှု​ကို စစ်​ကြော၍ တ​ရား​ဆုံး​ဖြတ်​တော် မ​မူ​မီ​တိုင်​အောင် ငါ​ခံ​ရ၏။ ငါ့​ကို အ​လင်း​ထဲ​သို့​ထုတ်၍ နေ​ရာ​ပေး​တော်​မူ​သော​အား​ဖြင့် ဖြောင့်​မတ်​ခြင်း ပါ​ရ​မီ​တော်​ကို ငါ​မြင်​ရ​လိမ့်​မည်။ 10သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကား၊ အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု​မေး​သော ငါ့​ရန်​သူ​သည် ထို​အ​မှု​ကို မြင်၍ ရှက်​ကြောက်​လိမ့်​မည်။ သူ၌ ငါ့​စိတ်​ပြေ​လိမ့်​မည်။ သူ​သည် လမ်း​မှာ ရွှံ့​ကဲ့​သို့ ကျော်​နင်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။
11သင်၏​မြို့​ရိုး​တည်​သော​ကာ​လ​သည် ရောက်​လိမ့်​မည်။ အ​မိန့်​တော်​အ​ရှိန် ကုန်​လိမ့်​မည်။ 12ထို​ကာ​လ၌ အာ​ရှု​ရိ​ပြည်​နှင့် အဲ​ဂု​တ္တု​မြို့​များ​မှ​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​နှင့် မြစ်​ကြီး​စပ်​ကြား အ​ရပ်​မှ​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​နား​အ​ရပ်​ရပ်၊ တောင်​ခြေ​ရင်း အ​ရပ်​ရပ်​တို့​မှ​လည်း​ကောင်း၊ သင့်​ထံ​သို့ လာ​ကြ​လိမ့်​မည်။ 13ထို​သို့ မ​ဖြစ်​မီ ပြည်​သူ​ပြည်​သား​ပြု​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် ပြည်​တော်​သည် လူ​ဆိတ်​ညံ​လျက် ရှိ​ရ​လိမ့်​မည်။
ဣ​သ​ရေ​လ​တို့​အ​ပေါ်​သ​နား​ခြင်း
14ကိုယ်​တော်၏ လူ​တည်း​ဟူ​သော အ​ပေါင်း​အ​ဖော်​မ​ရှိ​ဘဲ၊ တော​တွင် က​ရ​မေ​လ​တောင်​ပေါ်​မှာ နေ​ရ​သော အ​မွေ​တော်​သိုး​စု​ကို သိုး​ထိန်း​နှင်​တံ​နှင့် ထိန်း​တော်​မူ​ပါ။ ရှေး​ကာ​လ၌ ရှိ​သ​ကဲ့​သို့၊ ဗာ​ရှန်​ပြည်​နှင့် ဂိ​လဒ်​ပြည်၌ ကျက်​စား​သော အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ 15သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​သော​နေ့၌ မြင်​သည်​အ​တိုင်း၊ တစ်​ဖန် အံ့​ဩ​ဖွယ်​သော​အ​မှု​တို့​ကို ငါ​ပြ​မည်။ 16လူ​အ​မျိုး​မျိုး​တို့​သည် ငါ၏​လူ​တို့၌​ရှိ​သ​မျှ​သော တန်​ခိုး​ကို​မြင်၍ မိန်း​မော​တွေ​ဝေ​လျက်၊ မိ​မိ​တို့​နှုတ်​ကို လက်​နှင့်​ပိတ်၍ နား​ပင်း​ကြ​လိမ့်​မည်။ 17မြွေ​ကဲ့​သို့ မြေ​မှုန့်​ကို​လျက်၍၊ တီ​ကဲ့​သို့​တွင်း​ထဲ​က တုန်​လှုပ်​လျက် ထွက်​ကြ​လိမ့်​မည်။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ သင့်​ကို​လည်း​ကောင်း ကြောက်​ရွံ့​ကြ​လိမ့်​မည်။
18အ​ပြစ်​မှ လွှတ်​တော်​မူ​ထ​သော၊ ကျန်​ကြွင်း​သော အ​မွေ​တော်​လူ​တို့၏ လွန်​ကျူး​ခြင်း​များ​ကို သည်း​ခံ​တော်​မူ​ထ​သော၊ က​ရု​ဏာ၌ မွေ့​လျော်​သော​ကြောင့် အ​စဉ်​အ​မျက်​ထွက်​တော်​မ​မူ​သော ကိုယ်​တော်​ကဲ့​သို့ အ​ဘယ်​ဘု​ရား ရှိ​ပါ​သ​နည်း။ 19ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို တစ်​ဖန်​သ​နား၍၊ အ​ကျွန်ုပ်​တို့၏ ဒု​စ​ရိုက်​ရှိ​သ​မျှ​တို့​ကို ကျော်​နင်း​တော်​မူ​လိမ့်​မည်။ အ​ကျွန်ုပ်​တို့၏ အ​ပြစ်​အ​လုံး​စုံ​တို့​ကို နက်​နဲ​သော ပင်​လယ်​ထဲ​သို့ ချ​ပစ်​တော်​မူ​လိမ့်​မည်။ 20ရှေး​ကာ​လ​မှ​စ၍ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ ယာ​ကုပ်၌ သ​စ္စာ​စောင့်​ခြင်း၊ အာ​ဗြ​ဟံ​အား က​ရု​ဏာ​ကျေး​ဇူး​ပြု​ခြင်း​ကို စီ​ရင်​တော်​မူ​လိမ့်​မည်။
ပ​ရော​ဖက်​မိ​က္ခာ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

Currently Selected:

မိက္ခာ 7: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy