YouVersion Logo
Search Icon

ယောဘ 42

42
ယော​ဘ၏​နှိမ့်​ချ​ခြင်း​နှင့်​ကျေ​နပ်​ခြင်း
1ယော​ဘ​သည် ထာ​ဝ​ရ​ဘု​ရား​အား ပြန်​လျှောက်​သည်​ကား၊ 2ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို တတ်​နိုင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကြံ​အ​စည်​တော်​ကို အ​ဘယ်​သူ​မျှ မ​ဆီး​တား​နိုင်​ကြောင်း​ကို​လည်း​ကောင်း အ​ကျွန်ုပ်​သိ​ပါ၏။ 3ပ​ညာ​မ​ရှိ​ဘဲ အ​ကြံ​အ​စည်​တော်​ကို မိုက်​စေ​သော​သူ​ကား အ​ဘယ်​သူ​နည်း။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည် နား​မ​လည်​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ ကိုယ်​တိုင်​မ​သိ၊ အံ့​ဩ၍​မ​ကုန်​နိုင်​သော အ​ရာ​တို့​ကို​လည်း​ကောင်း ပြော​မိ​ပါ​ပြီ။#ယော​ဘ၊ ၃၈း၂။ 4နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ် လျှောက်​ပါ​မည်။ အ​ကျွန်ုပ်​မေး​လျှောက်​သော အ​ရာ​တို့​ကို သွန်​သင်​တော်​မူ​ပါ။#ယော​ဘ၊ ၃၈း၃။ 5သ​တင်း​တော်​ကို အ​ကျွန်ုပ်​သည်​နား​နှင့် ကြား​ဖူး​ပါ​ပြီ။ ယ​ခု​မူ​ကား၊ ကိုယ်​တော်​ကို မျက်​စိ​နှင့် မြင်​ရ​ပါ၏။ 6ထို​ကြောင့် အ​ကျွန်ုပ်​သည် ကိုယ်​ကို​ရွံ​ရှာ​ပါ၏။ မြေ​မှုန့်​နှင့် မီး​ဖို​ပြာ၌​ထိုင်၍ နောင်​တ​ရ​ပါ၏​ဟု လျှောက်​လေ၏။
7ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် ယော​ဘ​အား​မိန့်​တော်​မူ​ပြီး​မှ၊ တေ​မန်​အ​မျိုး​သား ဧ​လိ​ဖတ်​အား​လည်း သင်​နှင့် သင်၏​အ​ဆွေ​ခင်​ပွန်း​နှစ်​ယောက်​ကို ငါ​အ​မျက်​ထွက်၏။ အ​ကြောင်း​မူ​ကား၊ ငါ့​ကျွန်​ယော​ဘ​သည် ငါ့​အ​ကြောင်း​အ​ရာ​တို့​ကို ဟုတ်​မှန်​စွာ​ပြော​သ​ကဲ့​သို့ သင်​တို့​သည်​မ​ပြော။ 8သို့​ဖြစ်၍ နွား​ထီး​ခု​နစ်​ကောင်​နှင့် သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို ယူ​ပြီး​လျှင်၊ ငါ့​ကျွန်​ယော​ဘ​ထံ​သို့ သွား၍၊ မိ​မိ​တို့​မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ကြ​လော့။ ငါ့​ကျွန်​ယော​ဘ​သည် သင်​တို့​အ​ဖို့ ဆု​တောင်း​ရ​မည်။ သူ၏​မျက်​နှာ​ကို ငါ​ထောက်​မည်။ သို့​မ​ဟုတ် ငါ့​ကျွန်​ယော​ဘ​သည် ငါ့​အ​ကြောင်း​အ​ရာ​တို့​ကို ဟုတ်​မှန်​စွာ​ပြော​သ​ကဲ့​သို့၊ သင်​တို့​သည် မ​ပြော​သော​အ​ပြစ်​နှင့် အ​လျောက် ငါ​စီ​ရင်​မည်​ဟု မိန့်​တော်​မူ၏။ 9ထို​သို့ ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း တေ​မန်​အ​မျိုး​သား ဧ​လိ​ဖတ်၊ ရှု​အာ​အ​မျိုး​သား ဗိ​လ​ဒဒ်၊ နေ​မတ်​အ​မျိုး​သား ဇော​ဖာ​တို့​သည် သွား၍​ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ယော​ဘ၏​မျက်​နှာ​ကို ထောက်​တော်​မူ၏။
ယော​ဘ​ပြန်​လည်​ကြွယ်၀​ခြင်း
10ယော​ဘ​သည် အ​ဆွေ​ခင်​ပွန်း​တို့​အ​ဖို့ ဆု​တောင်း​ပြီး​မှ၊ သူ​ခံ​ရ​သော​ဒု​က္ခ​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် ပယ်​ရှင်း၍၊ အ​ရင်​ထက် နှစ်​ဆ​သော​ဥ​စ္စာ​ကို ပေး​တော်​မူ၏။ 11ထို​အ​ခါ သူ၏​ညီ​အစ်​ကို​နှ​မ​များ၊ အ​ရင်​သိ​ကျွမ်း​သော​သူ​များ၊ အ​ပေါင်း​တို့​သည် သူ့​ထံ​သို့​လာ၍ သူ၏​အိမ်၌ သူ​နှင့်​အ​တူ စား​သောက်​ကြ၏။ သူ့​အ​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား ရောက်​စေ​တော်​မူ​သော ဒု​က္ခ​ဆင်း​ရဲ​ရှိ​သ​မျှ​ကို အောက်​မေ့၍ သူ​နှင့်​အ​တူ ညည်း​တွား​ခြင်း​နှင့် နှစ်​သိမ့်​စေ​ခြင်း​ကို ပြု​ကြ၏။ ထို​သူ​အ​ပေါင်း​တို့​သည်​လည်း၊ ငွေ​တစ်​ပြား​စီ​နှင့် ရွှေ​နား​တောင်း​တစ်​ဖက်​စီ ပေး​ကြ၏။
12ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ဘ၏​ရှေ့​ဖြစ်​ဟန်​ကို ကောင်း​ချီး​ပေး​တော်​မူ​သည်ထက်၊ နောက်ဖြစ်ဟန်ကိုသာ၍ ကောင်းချီးပေးတော်မူသ​ဖြင့်၊ သူ​သည် သိုး​တစ်​သောင်း​လေး​ထောင်၊ ကု​လား​အုတ်​ခြောက်​ထောင်၊ နွား​ရှဉ်း​တစ်​ထောင်၊ မြည်း​မ​တစ်​ထောင်​ကို ရ​တတ်၏။ 13သား​ခု​နစ်​ယောက်​နှင့် သ​မီး​သုံး​ယောက်​ကို​လည်း ရ​ပြန်၏။ 14သ​မီး​ကြီး​ကား၊ ယေ​မိ​မ၊ သ​မီး​လတ်​ကား ကေ​ဇိ၊ သ​မီး​ငယ်​ကား ကေ​ရင်္ဟ​ပ္ပုတ် အ​မည်​ရှိ​သ​တည်း။ 15တစ်​ပြည်​လုံး၌ ယော​ဘ၏ သ​မီး​ကဲ့​သို့ လှ​သော​မိန်း​မ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ သူ​တို့၏​အ​ဘ​သည် သူ​တို့​မောင်​များ​နှင့် အ​ညီ​အ​မျှ သူ​တို့​အား​အ​မွေ​ဥ​စ္စာ​ကို ဝေ​ပေး​လေ၏။
16ထို​နောက် ယော​ဘ​သည် အ​နှစ်​တစ်​ရာ​လေး​ဆယ် အ​သက်​ရှင်၍ မိ​မိ​သား၊ မြေး၊ မြစ်​တို့​ကို​ပင် မြင်​ရ​ပြီး​မှ၊ 17အ​သက်​ကြီး​ရင့်၍ နေ့​ရက်​ကာ​လ​နှင့်​ကြွယ်​ဝ​သော်၊ အ​နိ​စ္စ ရောက်​လေ၏။
ယော​ဘ​ဝ​တ္တု​ပြီး၏။

Currently Selected:

ယောဘ 42: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy