YouVersion Logo
Search Icon

တရားသူကြီး 3

3
ခါ​နာန်​ပြည်​တွင်​ဆက်​လက်​နေ​ထိုင်​သူ​များ
1-2ခါ​နာန်​ပြည်၌ တိုက်​သော စစ်​မှု​ရှိ​သ​မျှ​တို့​ကို မ​သိ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို စုံ​စမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ စစ်​မှု​ကို​မ​သိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​စဉ်​အ​ဆက်​တို့​သည် စစ်​အ​တတ်​ကို​သင်၍ တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား ချန်​ထား​တော်​မူ​သော လူ​မျိုး​များ​ဟူ​မူ​ကား၊ 3ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​အ​စ​ရှိ​သော ခါ​န​နိ​လူ​အ​မျိုး​မျိုး၊ ဇိ​ဒုန်​လူ၊ ဗာ​လ​ဟေ​ရ​မုန်​တောင်​မှ​စ၍ ဟာ​မတ်​လမ်း​ဝ​တိုင်​အောင် လေ​ဗ​နုန်​တောင်​ပေါ်​မှာ​နေ​သော ဟိ​ဝိ​လူ​တို့​သည် ကျန်​ကြွင်း​ကြ၏။ 4ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် ဘိုး​ဘေး​တို့​ကို မှာ​ထား​တော်​မူ​သော ပ​ညတ်​များ​အ​တိုင်း​ကျင့်​မည် မ​ကျင့်​မည်​ကို​ထင်​ရှား​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​ကို စုံ​စမ်း​ဖို့​ရာ ဖြစ်​သ​တည်း။
5ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​တွင်​နေ၍၊ 6သူ​တို့​သ​မီး​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု​လျက်၊ မိ​မိ​တို့​သ​မီး​ကို​ပေး​စား​လျက်၊ သူ​တို့​ဘု​ရား​များ​ကို ဝတ်​ပြု​ကြ၏။
သြ​သံ​ယေ​လ
7ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​မေ့​လျော့​သ​ဖြင့်၊ ဗာ​လ​ဘု​ရား​များ၊ အာ​ရှ​ရ​ပင်​များ​ကို ဝတ်​ပြု​သော​ကြောင့်၊ 8ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​တော်​ထွက်၍၊ မေ​သော​ပေါ​တာ​မိ​ရှင်​ဘု​ရင်​ခု​ရှံ​ရိ​ရှ​သိမ်၌ ရောင်း​တော်​မူ​သ​ဖြင့်၊ ဣ​သ​ရေ​လ​လူ​တို့​သည် ရှစ်​နှစ်​ပတ်​လုံး ထို​ရှင်​ဘု​ရင်​ထံ၌​ကျွန်​ခံ​ရ​ကြ၏။ 9နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်​ကြ​သော​အ​ခါ၊ ကယ်​တင်​သော​သ​ခင်၊ ကာ​လက်​ညီ၊ ကေ​နတ်၏​သား​ဩ​သံ​ယေ​လ​ကို သူ​တို့​အ​ဖို့ ပေါ်​ထွန်း​စေ​တော်​မူ၏။ 10ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်​သို့ သက်​ရောက်​သ​ဖြင့်၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး၍ စစ်​ချီ​လေ၏။ မေ​သော​ပေါ​တာ​မိ​ရှင်​ဘု​ရင် ခု​ရှံ​ရိ​ရှ​သိမ်​ကို သူ့​လက်၌ ထာ​ဝ​ရ​ဘု​ရား​အပ်​တော်​မူ​သ​ဖြင့်၊ သူ​သည် ထို​ရှင်​ဘု​ရင်​ကို အောင်​လေ၏။ 11အ​နှစ်​လေး​ဆယ်​တိုင်​တိုင် တစ်​ပြည်​လုံး​ငြိမ်း​ပြီး​မှ၊ ကေ​နတ်၏​သား ဩ​သံ​ယေ​လ​သည် သေ​လေ၏။
ဧ​ဟု​ဒ
12တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့်၊ မော​ဘ​ရှင်​ဘု​ရင်​ဧ​ဂ​လုန်​ကို ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌ ခွန်​အား​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။ 13ထို​မင်း​သည် အ​မ္မုန်​အ​မျိုး​သား၊ အာ​မ​လက်​အ​မျိုး​သား​တို့​ကို စု​ဝေး​စေ​လျက်​ချီ​သွား၍၊ ဣ​သ​ရေ​လ​လူ​တို့​ကို လုပ်​ကြံ​ပြီး​မှ၊ စွန်​ပ​လွံ​မြို့​ကို သိမ်း​ယူ​သ​ဖြင့်၊ 14ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး မော​ဘ​ရှင်​ဘု​ရင် ဧ​ဂ​လုန်​မင်း​ထံ၌ ကျွန်​ခံ​ရ​ကြ၏။ 15နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သော​အ​ခါ၊ ကယ်​တင်​သော​သ​ခင်၊ လက်​ယာ​လက်​ကို​မ​သုံး​တတ်​သော ဗင်္ယာ​မိန်​အ​မျိုး၊ ဂေ​ရ​သား​ဧ​ဟု​ဒ​ကို ပေါ်​ထွန်း​စေ​တော်​မူ၏။ သူ့​လက်​တွင် ဣ​သ​ရေ​လ​လူ​တို့​သည် လက်​ဆောင်​ကို မော​ဘ​ရှင်​ဘု​ရင်​ဧ​ဂ​လုန်​ထံ​သို့ ပေး​လိုက်​ကြ၏။ 16ဧ​ဟု​ဒ​သည် အ​လျား​တစ်​တောင်​ရှိ​သော သန်​လျက်​ကို​လုပ်၍ လက်​ယာ​ပေါင်​အ​ဝတ်​တွင်း၌ စည်း​ထား​ပြီး​လျှင်၊ 17မော​ဘ​ရှင်​ဘု​ရင်​ဧ​ဂ​လုန်​ထံ​သို့ လက်​ဆောင်​ကို ဆောင်​ခဲ့​လေ၏။ ဧ​ဂ​လုန်​သည် အ​လွန်​ဝ​သော​သူ​ဖြစ်၏။ 18ဧ​ဟု​ဒ​သည် လက်​ဆောင်​ကို​ဆက်​ပြီး​လျှင်၊ လက်​ဆောင်​ကို ထမ်း​သော​သူ​တို့​ကို လွှတ်​လိုက်၍၊ 19ဂိ​လ​ဂါ​လ​မြို့​နား၌​ရှိ​သော ကျောက်​တိုင်​တို့​မှ ကိုယ်​တိုင်​ပြန်​လာ၍၊ ဘု​ရား​ကျွန်​တော်​သည် တိတ်​ဆိတ်​စွာ လျှောက်​စ​ရာ​အ​ကြောင်း​ရှိ​ပါ​သည်​ဟု ဆို​လျှင်၊ ရှင်​ဘု​ရင်​က၊ တိတ်​ဆိတ်​စွာ​နေ​ကြ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ အ​ထံ​တော်၌ ခ​စား​သော သူ​အ​ပေါင်း​တို့​သည် ထွက်​ကြ၏။ 20ထို​အ​ခါ ရှင်​ဘု​ရင်​သည် ကိုယ်​တိုင် တစ်​ယောက်​တည်း​နေ​တတ်​သော နွေ​နန်း​ဆောင်၌ ထိုင်​နေ​စဉ်၊ ဧ​ဟု​ဒ​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​နှင့်​ဆိုင်​သော ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ပါ​ပါ၏​ဟု လျှောက်​သော်၊ ရှင်​ဘု​ရင်​သည် ထ​လေ၏။ 21ဧ​ဟု​ဒ​သည် လက်​ဝဲ​လက်​ကို​ဆန့်​လျက် သန်​လျက်​ကို လက်​ယာ​ပေါင်​မှ​ထုတ်၍ ရှင်​ဘု​ရင်၏​ဝမ်း​ကို​ထိုး​သ​ဖြင့်၊ 22လက်​ကိုင်​အ​ရိုး​နှင့်​တ​ကွ သန်​လျက်​မြုပ်​ဝင်၍၊ ဝမ်း​ထဲ​က မ​နုတ်​နိုင်​အောင် ဆီ​ဥ​သည် သန်​လျက်​ကို​လွှမ်း​လျက်၊ ချေး​နု​လည်း ထွက်​လျက်​ရှိ​လေ၏။ 23ထို​အ​ခါ ဧ​ဟု​ဒ​သည် အ​ခန်း​ပြင်​သို့ ထွက်​ပြီး​လျှင် နန်း​တော်​တံ​ခါး​တို့​ကို ပိတ်၍ သော့​ခတ်​လေ၏။ 24ထွက်​သွား​သော​နောက်၊ ကျွန်​တော်​မျိုး​အ​ချို့​တို့​သည်​လာ၍ နန်း​တော်​တံ​ခါး၌ သော့​ခတ်​လျက်​ရှိ​သည်​ကို မြင်​လျှင်၊ စင်​စစ် နွေ​နန်း​ဆောင်၌ စက်​တော်​ခေါ်​သည်​ဟု​ဆို​လျက်၊ 25ရှက်​ကြောက်​သည်​တိုင်​အောင် ငံ့​နေ​ပြီး​မှ၊ သူ​တို့​အ​ရှင်​သည် တံ​ခါး​ကို မ​ဖွင့်​သော​ကြောင့်၊ သူ​တို့​သည် သော့​ကို​ယူ၍ ဖွင့်​ကြည့်​သော​အ​ခါ၊ မြေ​ပေါ်​မှာ​လဲ၍ သေ​လျက်​ရှိ​သော မိ​မိ​တို့​အ​ရှင်​ကို တွေ့​မြင်​ကြ၏။ 26ထို​သို့ သူ​တို့​သည် ငံ့​နေ​ကြ​စဉ်​တွင်၊ ဧ​ဟု​ဒ​သည် ဘေး​လွတ်​သ​ဖြင့်၊ ကျောက်​တိုင်​တို့​ကို​လွန်၍ စိ​ရပ်​ရွာ​သို့​ရောက်​ပြီး​မှ၊ 27ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ တံ​ပိုး​ကို​မှုတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ့​နောက်​သို့​လိုက်​လျက် တောင်​ပေါ်​က​ဆင်း​ကြ၏။ 28သူ​က​လည်း ငါ့​နောက်​သို့ လိုက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၏​ရန်​သူ မော​ဘ​လူ​တို့​ကို သင်​တို့​လက်၌ အပ်​တော်​မူ​မည်​ဟု ဆို​သည်​အ​တိုင်း၊ သူ့​နောက်​မှာ​ဆင်း၍ ယော်​ဒန်​မြစ်​ကူး​ရာ မော​ဘ​ပြည်​သို့​သွား​ရာ​လမ်း​ကို ဆီး​တား​သ​ဖြင့်၊ လူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ မ​ကူး​စေ​ရ။ 29ထို​အ​ခါ ခွန်​အား​ကြီး​သော မော​ဘ​စစ်​သူ​ရဲ​တစ်​ယောက်​မျှ မ​လွတ်​ဘဲ၊ လူ​တစ်​သောင်း​ကို​သတ်၍၊ 30မော​ဘ​အ​မျိုး​သည် ဣ​သ​ရေ​လ​အ​မျိုး​လက်၌​ရှုံး​သ​ဖြင့်၊ အ​နှစ်​ရှစ်​ဆယ်​တိုင်​တိုင် တစ်​ပြည်​လုံး ငြိမ်း​လေ၏။
ရှံ​ဂါ
31ဧ​ဟု​ဒ​နောက်​မှာ အာ​နတ်​သား​ရှံ​ဂါ​ပေါ်​ထွန်း၍၊ တုတ်​ချွန်​နှင့် ဖိ​လိ​တ္တိ​လူ​ခြောက်​ရာ​တို့​ကို သတ်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကယ်​လွှတ်​လေ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy