YouVersion Logo
Search Icon

ဟေရှာယ 2

2
ထာ​ဝ​ရ​ငြိမ်း​ချမ်း​သာ​ယာ​မှု
(မိ​က္ခာ၊ ၄း၁-၃)
1ယု​ဒ​ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို ရည်​ဆောင်၍၊ အာ​မုတ်၏​သား​ဟေ​ရှာ​ယ​ခံ​ရ​သော ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား၊ 2နောက်​ဆုံး​သော​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တည် သော​တောင်​သည် တောင်​ကြီး​တောင်​ငယ်​တို့၏​ထိပ်​ပေါ်​မှာ ချီး​မြှောက်၍ တည်​လိမ့်​မည်။ ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် ထို​တောင်​သို့ စည်း​ဝေး​ကြ​လိမ့်​မည်။ 3များ​ပြား​သော​သူ​တို့​က​လည်း၊ လာ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​တောင်​တော်၊ ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင့်​အိမ်​တော်​သို့ တက်​သွား​ကြ​ကုန်​အံ့။ လမ်း​ခ​ရီး​တော်​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​တို့​သည် ခြေ​တော်​ရာ​သို့​လိုက်​သွား​ကြ​မည်​ဟု ခ​ရီး​သွား​လျက် ပြော​ဆို​ကြ​လိမ့်​မည်။ တ​ရား​တော်​သည် ဇိ​အုန်​တောင်​မှ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ပေါ်​ထွက်​လိမ့်​မည်။ 4ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တို့​တွင်​တ​ရား​စီ​ရင်၍၊ များ​ပြား​သော​လူ​တို့​ကို ဆုံး​မ​တော်​မူ​သ​ဖြင့်၊ သူ​တို့ ဓား​လက်​နက်​များ​ကို ထွန်​သွား​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လှံ​များ​ကို တံ​စဉ်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ထု​လုပ်​ကြ​လိမ့်​မည်။ တစ်​ပြည်​ကို​တစ်​ပြည် စစ်​မ​တိုက်၊ စစ်​အ​တတ်​ကို​လည်း နောက်​တစ်​ဖန် မ​သင်​ရ​ကြ။#ယော​လ၊ ၃:၁၀။
5အို​ယာ​ကုပ် အ​မျိုး​သား​တို့၊ လာ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​အ​လင်း​တော်၌ ကျင်​လည်​ကြ​ကုန်​အံ့။
မာ​န​ထောင်​လွှား​ခြင်း​ကို​ဖျက်​ဆီး​မည်
6အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် ယာ​ကုပ်​အ​မျိုး​သား​တည်း​ဟူ​သော ကိုယ်​တော်၏​လူ​တို့​ကို စွန့်​ပစ်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် အ​ရှေ့​ပြည်​အ​တတ်​နှင့် ကြွယ်​ဝ၍၊ ဖိ​လိ​တ္တိ​လူ​တို့​ကဲ့​သို့ အ​နာ​ဂ​တ္တိ​ဆ​ရာ​ဖြစ်​ကြ၏။ တစ်​ပါး​အ​မျိုး​သား​နှင့် အ​ပေါင်း​အ​ဖော် ပြု​ကြ၏။ 7သူ​တို့​ပြည်​သည် ရွှေ​ငွေ​နှင့်​ကြွယ်​ဝ၍၊ ဥ​စ္စာ​ပ​စ္စည်း အ​တိုင်း​မ​သိ​များ၏။ သူ​တို့​ပြည်​သည် မြင်း​နှင့် ကြွယ်​ဝ၍၊ မြင်း​ရ​ထား အ​တိုင်း​မ​သိ​များ၏။ 8သူ​တို့​ပြည်​သည် ရုပ်​တု​ဆင်း​တု​နှင့် ကြွယ်​ဝ၍၊ မိ​မိ​လက်​နှင့်​လုပ်​သော​အ​ရာ၊ မိ​မိ​လက်​ချောင်း​တို့​နှင့် ဖန်​ဆင်း​သော​အ​ရာ​ကို​ပင် သူ​တို့​သည် ဦး​ချ​ကြ​သည်​တ​ကား။ 9ထို​ကြောင့်၊ ယုတ်​သော​သူ​လည်း ဦး​နှိမ့်​ခြင်း၊ မြတ်​သော​သူ​လည်း ရှုတ်​ချ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သူ​တို့​အ​ပြစ်​ကို​လည်း ကိုယ်​တော်​သည် လွှတ်​တော်​မ​မူ​ရာ။
10ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို ခြောက်​လှန့်​အံ့​သော​ငှာ​ထ​တော်​မူ​သော ထို​အ​ခါ၊ ဘု​ရား​ကို​ကြောက်​ခြင်း​အ​ရှိန်၊ ဘုန်း​တန်​ခိုး အာ​နု​ဘော်​တော် အ​ရှိန်​ကြောင့်၊ ကျောက်​ထဲ​သို့ ဝင်​လော့။ မြေ​မှုန့်၌ ပုန်း၍​နေ​လော့။#ဗျာ၊ ၆:၁၅။ ၂​သက်၊ ၁:၉။ 11ထို​ကာ​လ၌ လူ​တို့၏​မော်​သော​မျက်​နှာ​ကို နှိမ့်​ရ​မည်။ လူ​တို့၏​မာ​န​ကို​လည်း ရှုတ်​ချ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ ချီး​မြှောက်​ခြင်း​သို့ ရောက်​တော်​မူ​လိမ့်​မည်။ 12ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​ကာ​လ​သည် ကြီး​မြင့်​သော​အ​ရာ​နှင့် မို​မောက်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဆီး​တား၍၊ သူ​တို့​သည် နှိမ့်​ချ​ခြင်း​ရှိ​ကြ​လိမ့်​မည်။ 13ကြီး​မြင့်​သော လေ​ဗ​နုန်​အာ​ရဇ်​ပင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ဗာ​ရှန်​သ​ပိတ်​ပင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ 14မြင့်​သော​တောင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ မို​မောက်​သော တောင်​ပို့​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ 15မြင့်​သော​ရဲ​တိုက်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ခိုင်​ခံ့​သော​မြို့​ရိုး​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ 16တာ​ရှု​သင်္ဘော အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ နှစ်​သက်​ဖွယ်​သော ရူ​ပါ​ရုံ​အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း ဆီး​တား​လိမ့်​မည်။ 17ထို​ကာ​လ၌ လူ​တို့၏​မာ​န​ကို​ရှုတ်​ချ၍၊ လူ​တို့၏​စိတ်​မြင့်​သော​သ​ဘော​ကို နှိမ့်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား တစ်​ပါး​တည်း​သာ ချီး​မြှောက်​ခြင်း​သို့ ရောက်​တော်​မူ​လိမ့်​မည်။ 18ရုပ်​တု​ဆင်း​တု​တို့​သည် ရှင်း​ရှင်း​ကွယ်​ပျောက်​ကြ​လိမ့်​မည်။ 19ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို ခြောက်​လှန့်​အံ့​သော​ငှာ​ထ​တော်​မူ​သော​အ​ခါ၊ ထို​ဘု​ရား​ကို ကြောက်​ခြင်း​အ​ရှိန်၊ ဘုန်း​တန်​ခိုး အာ​နု​ဘော်​တော်​အ​ရှိန်​ကြောင့် လူ​တို့​သည် ကျောက်​တွင်း၊ မြေ​တွင်း​ထဲ​သို့ ဝင်​ကြ​လိမ့်​မည်။ 20ထို​ကာ​လ၌ လူ​တို့​သည် မိ​မိ​တို့​ကိုး​ကွယ်​ဖို့ မိ​မိ​တို့​လုပ်​ဖူး​သော ငွေ​ရုပ်​တု၊ ရွှေ​ရုပ်​တု​တို့​ကို ပွေး​များ၊ လင်း​နို့​များ၌ ပစ်​ထား​ကြ​လိမ့်​မည်။ 21ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို ခြောက်​လှန့်​အံ့​သော​ငှာ ထ​တော်​မူ​သော​အ​ခါ၊ ထို​ဘု​ရား​ကို ကြောက်​ခြင်း​အ​ရှိန်၊ ဘုန်း​တန်​ခိုး အာ​နု​ဘော်​တော်​အ​ရှိန်​ကြောင့် ကျောက်​တွင်း၊ ချောက်​ကြား​ထဲ​သို့ ပြေး​ဝင်​ကြ​လိမ့်​မည်။ 22နှာ​ခေါင်း​နှင့် အ​သက်​ရှူ​တတ်​သော လူ​သ​တ္တ​ဝါ​ကို မ​ကိုး​စား​ကြ​နှင့်။ ထို​သို့​သော​သူ​ကို အ​ဘယ်​သို့ ပ​မာ​ဏ​ပြု​စ​ရာ​ရှိ​သ​နည်း။

Currently Selected:

ဟေရှာယ 2: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy