YouVersion Logo
Search Icon

ဟဗက္ကုတ် 2

2
ထာ​ဝ​ရ​ဘု​ရား​ဖြေ​ကြား​ခြင်း
1ငါ​သည် ငါ့​လင့်​စင်​ပေါ်​မှာ ရပ်​လျက်၊ ရဲ​တိုက်၌ အ​မြဲ​နေ​လျက်၊ ငါ့​အား အ​ဘယ်​သို့​မိန့်​တော်​မူ​မည်​ကို​လည်း​ကောင်း၊ အ​ပြစ်​တင်​လျှင် အ​ဘယ်​သို့ ပြန်​လျှောက်​ရ​မည်​ကို​လည်း​ကောင်း ငါ​စောင့်၍ နေ​စဉ်​တွင်၊ 2ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဖတ်​သော​သူ​သည် ပြေး​လျက် ဖတ်​နိုင်​အောင်၊ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို သင်​ပုန်း​ပေါ်​မှာ အ​က္ခ​ရာ​တင်၍ ရေး​မှတ်​လော့။ 3ထို​ရူ​ပါ​ရုံ​သည် ချိန်း​ချက်​သော အ​ချိန်​နှင့်​ဆိုင်၍ အ​မှု​ကုန်​ရ​သော​ကာ​လ​ကို ဆို​လို၏။ မု​သား​နှင့် ကင်း​လွတ်၏။ ဆိုင်း​သော်​လည်း မျှော်​လင့်​လော့။ နောက်​မ​ကျ​ဘဲ ဧ​ကန်​အ​မှန်​ရောက်​လိမ့်​မည်။#ဟေ​ဗြဲ၊ ၁၀:၃၇။ 4စိတ်​မြင့်​သော​သူ​သည် သ​ဘော​မ​ဖြောင့်။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ မိ​မိ​ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်။#ရော၊ ၁:၁၇။ ဂ​လ၊ ၃:၁၁။ ဟေ​ဗြဲ၊ ၁၀:၃၈။
သစ္စာမဲ့သူတို့၏​ကြ​မ္မာ​ဆိုး
5ထို​မှ​တစ်​ပါး၊ စ​ပျစ်​ရည်​နှင့်​ပျော်​မွေ့​သော​သူ​သည် သ​စ္စာ​ပျက်​တတ်၏။ မာ​န​ထောင်​လွှား​သော​သူ​သည် ကိုယ်​နေ​ရာ၌ မ​နေ​နိုင်​ဘဲ၊ မိ​မိ​လော​ဘ​ကို မ​ရ​ဏ​နိုင်​ငံ​ကဲ့​သို့ ကျယ်​စေ​လျက်၊ သေ​မင်း​ကဲ့​သို့ မ​ပြေ​နိုင်​သော စိတ်​ရှိ​လျက်၊ တိုင်း​သူ​နိုင်​ငံ​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို မိ​မိ​ထံ​သို့​ဆွဲ​ငင်၍ စု​ဝေး​စေ၏။ 6ထို​သူ​အ​ပေါင်း​တို့​သည် သူ​တစ်​ဖက်၌ ပုံ​စ​ကား​နှင့် ကဲ့​ရဲ့​သော နိ​မိတ်​စ​ကား​ကို သုံး​ဆောင်​လျက်၊ ကိုယ်​မ​ပိုင်​သော ဥ​စ္စာ​ကို ဆည်း​ပူး​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​အ​ပေါ်​မှာ ကြွေး​များ​ကို တင်​စေ​ပါ​လိမ့်​မည်​နည်း​ဟု မြွက်​ဆို​ကြ​မည် မ​ဟုတ်​လော။ 7သင့်​ကို​ကိုက်​သော သူ​တို့​သည် ချက်​ချင်း​ထ​ကြ​မည် မ​ဟုတ်​လော။ နှောင့်​ယှက်​သော​သူ​တို့​သည် နိုး​ကြ​မည် မ​ဟုတ်​လော။ သင်​သည် သူ​တို့​လု​ယူ​ရာ ဖြစ်​လိမ့်​မည်။ 8သင်​သည် များ​စွာ​သော​လူ​မျိုး​တို့​ကို လု​ယူ​သော​ကြောင့်၊ ကျန်​ကြွင်း​သော လူ​မျိုး​အ​ပေါင်း​တို့​သည် သင့်​ကို လု​ယူ​ကြ​လိမ့်​မည်။ လူ​အ​သက်​ကို သတ်​သော​အ​ပြစ်၊ ပြည်​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ညှဉ်း​ဆဲ​သော​အ​ပြစ်​ကြောင့် ပြု​ကြ​လိမ့်​မည်။
9မိ​မိ​အ​သိုက်​ကို မြင့်​သော အ​ရပ်၌​တင်၍ ဘေး​ဒဏ်​လက်​မှ မိ​မိ​လွတ်​စေ​ခြင်း​ငှာ၊ မ​ကောင်း​သော​အ​ဓ​မ္မ​စီး​ပွား​ကို မိ​မိ​အ​မျိုး​အ​ဖို့ ရှာ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ 10သင်​သည် လူ​များ​တို့​ကို လုပ်​ကြံ​သော​အား​ဖြင့် ကိုယ်​အ​မျိုး​ကို အ​ရှက်​ကွဲ​စေ​ခြင်း​ငှာ ကြံ​စည်၍၊ ကိုယ်​အ​သက်​ကို ပြစ်​မှား​ပြီ။ 11အ​ကယ်​စင်​စစ် ကျောက်​တစ်​လုံး​သည် ကျောက်​ထ​ရံ​ထဲ​က ဟစ်​ခေါ်၍၊ ထုပ်​တစ်​ချောင်း​သည် သစ်​သား​စု​ထဲ​က ထူး​လေ၏။ 12လူ​အ​သက်​ကို သတ်​သော​အ​ပြစ်​နှင့် ရွာ​ကို တည်​သော​သူ၊ အ​ဓ​မ္မ​အ​မှု​နှင့် မြို့​ကို ခိုင်​ခံ့​စေ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ 13လူ​များ​တို့​သည် မီး​ထဲ​မှာ လုပ်​ဆောင်၍၊ အ​မျိုး​မျိုး​တို့​သည် အ​ချည်း​နှီး​သော အ​မှု၌ ပင်​ပန်း​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​ပြီ။ 14အ​ကြောင်း​မူ​ကား၊ ပင်​လယ်​ရေ​သည် မိ​မိ​နေ​ရာ​ကို လွှမ်း​မိုး​သ​ကဲ့​သို့၊ မြေ​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​ကို သိ​ကျွမ်း​ခြင်း​ပ​ညာ​နှင့် ပြည့်​စုံ​လိမ့်​မည်။#ဟေ​ရှာ၊ ၁၁:၉။ 15မိ​မိ​အိမ်​နီး​ချင်း၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​ကို မြင်​လို၍၊ သူ့​ကို​ယစ်​မူး​စေ​ခြင်း​ငှာ သေ​ရည်​သေ​ရက်​ကို လောင်း၍ သောက်​စေ​သော သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ 16သင်​သည် အ​သ​ရေ​ပျက်၍ အ​ရှက်​ကွဲ​ခြင်း​နှင့် ဝ​လိမ့်​မည်။ ကိုယ်​တိုင်​သောက်၍ အ​ဝတ်​ချွတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ လက်​ယာ​လက်​တော်၌​ရှိ​သော ဖ​လား​သည် သင့်​ဆီ​သို့​ရောက်၍၊ ရွံ​ရှာ​ဖွယ်​သော အော့​အန်​ခြင်း​သည် သင့်​အ​သ​ရေ​ကို လွှမ်း​မိုး​လိမ့်​မည်။ 17လေ​ဗ​နုန်​တောင်​ကို အ​နိုင်​အ​ထက်​ပြု​သော အ​ပြစ်၊ တိ​ရ​စ္ဆာန်​များ​ကို ကြောက်​မက်​ဖွယ်​သော​အ​ခြင်း​အ​ရာ​နှင့် ဖျက်​ဆီး​သော​အ​ပြစ်​သည် သင့်​ကို လွှမ်း​မိုး​လိမ့်​မည်။ လူ​အ​သက်​ကို သတ်​သော​အ​ပြစ်၊ ပြည်​သူ​မြို့​သား အ​ပေါင်း​တို့​ကို ညှဉ်း​ဆဲ​သော အ​ပြစ်​ရှိ၏။
18ထု​လုပ်​သော ရုပ်​တု​သည် အ​ဘယ်​အ​ကျိုး​ကို ပေး၍၊ လက်​သ​မား​သည် ထု​လုပ်​ရ​သ​နည်း။ သွန်း​သော​ရုပ်​တု​နှင့် မိ​စ္ဆာ​ဆ​ရာ​သည် အ​ဘယ်​အ​ကျိုး​ကို​ပေး၍၊ လုပ်​သော​သူ​သည် မိ​မိ​အ​လုပ်​ကို မှီ​ခို​လျက်၊ စ​ကား​အ​သော ရုပ်​တု​တို့​ကို လုပ်​ရ​သ​နည်း။ 19သစ်​သား​အား၊ နိုး​တော်​မူ​ပါ​ဟူ၍​လည်း​ကောင်း၊ စ​ကား​အ​သော ကျောက်​အား၊ ထ​တော်​မူ​ပါ ဟူ၍​လည်း​ကောင်း ဆို​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ ထို​အ​ရာ​သည် သွန်​သင်​လိမ့်​မည်​လော။ ရွှေ​ငွေ​နှင့် မွမ်း​မံ​လျက်​ရှိ၏။ အ​တွင်း၌ အ​သက်​အ​လျှင်း​မ​ရှိ​ပါ​တ​ကား။ 20ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ သန့်​ရှင်း​သော​ဗိ​မာန်​တော်၌ ရှိ​တော်​မူ၏။ မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ရှေ့​တော်၌ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy