YouVersion Logo
Search Icon

ကမ္ဘာဦး 4

4
ကာ​ဣ​န​နှင့်​အာ​ဗေ​လ
1ထို​နောက်၊ လူ​အာ​ဒံ​သည် မ​ယား​ဧ​ဝ​နှင့်​ဆက်​ဆံ​သ​ဖြင့်၊ ဧ​ဝ​သည်​ပ​ဋိ​သ​န္ဓေ​စွဲ​ယူ​၍၊ ကာ​ဣ​န​ကို​ဖွား​မြင်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​၏​လူ​ကို​ငါ​ရ​ပြီ​ဟု ဆို​လေ​၏။ 2တစ်​ဖန် သူ့​ညီ​အာ​ဗေ​လ​ကို ဖွား​မြင်​လေ၏။ အာ​ဗေ​လ​ကား သိုး​ထိန်း​ဖြစ်၏။ ကာ​ဣ​န​ကား လယ်​လုပ်​သော​သူ​ဖြစ်​၏။ 3အ​ချိန်​စေ့​သော​အ​ခါ၊ ကာ​ဣ​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​ပူ​ဇော်​သ​ကာ​ဖို့၊ မြေ​အ​သီး​ကို​ဆောင်​ခဲ့​၏။ 4အာ​ဗေ​လ​သည်​လည်း၊ မိ​မိ​သိုး​စု​တွင် အ​ဦး​ဖွား​သော​သား​အ​ချို့​နှင့်၊ သိုး​ဆီ​ဥ​ကို​ဆောင်​ခဲ့၏။ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗေ​လ​နှင့် သူ၏​ပူ​ဇော်​သ​ကာ​ကို​ပ​မာ​ဏ ပြု​တော်​မူ၏။#ဟေ​ဗြဲ၊ ၁၁:၄။ 5ကာ​ဣ​န​နှင့် သူ၏​ပူ​ဇော်​သ​ကာ​ကို ပ​မာ​ဏ​ပြု​တော်​မ​မူ။ ထို​ကြောင့် ကာ​ဣ​န​သည်​အ​လွန်​စိတ်​ဆိုး၍ မျက်​နှာ​ပျက်​လေ​၏။ 6ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အ​ဘယ်​ကြောင့်​စိတ်​ဆိုး​သ​နည်း။ အ​ဘယ်​ကြောင့် မျက်​နှာ​ပျက်​သ​နည်း။ 7သင်​သည်​ကောင်း​မွန်​စွာ​ပြု​လျှင် အ​ခွင့်​မ​ရ​လော။ ကောင်း​မွန်​စွာ​မ​ပြု​လျှင်၊ အ​ပြစ်​ဖြေ​သော​ယဇ်​ကောင်​သည် တံ​ခါး​နား​မှာ​ဝပ်​လျက်​ရှိ၏။ သူ​သည်​သင်၏​အ​လို​သို့​လိုက်၍၊ သင်​သည်​သူ့​ကို​အုပ်​စိုး​ရ၏​ဟု ကာ​ဣ​န​ကို​မိန့်​တော်​မူ၏။
8ကာ​ဣ​န​က​လည်း လယ်​သို့​သွား​ကြ​ကုန်​အံ့​ဟု ညီ​အာ​ဗေ​လ​ကို​ခေါ်​၍၊ လယ်​သို့​ရောက်​သော​အ​ခါ၊ ညီ​အာ​ဗေ​လ​ကို​ရန်​ဘက်​ပြု၍​သတ်​လေ၏။#မ၊ ၂၃:၃၅။ လု၊ ၁၁:၅၁။ ၁​ယော၊ ၃:၁၂။ 9ထာ​ဝ​ရ​ဘု​ရား​က​လည်း သင့်​ညီ​အာ​ဗေ​လ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု ကာ​ဣ​န​ကို​မေး​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​မ​သိ​ပါ။ အ​ကျွန်ုပ်​သည် ညီ​ကို​စောင့်​ရ​သော​သူ​ဖြစ်​ပါ​သ​လော​ဟု လျှောက်​ဆို၏။ 10ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် အ​ဘယ်​သို့​ပြု​ပြီး​သ​နည်း။ သင်​ညီ​အ​သွေး၏​အ​သံ​သည် မြေ​ထဲ​က ငါ့​ကို​အော်​ဟစ်​လျက်​ရှိ​သည်​တ​ကား။ 11သို့​ဖြစ်၍ သင့်​ညီ၏​အ​သွေး​ကို​ခံ​ယူ​ခြင်း​ငှာ၊ မိ​မိ​ပါး​စပ်​ကို​ဖွင့်​သော မြေ​ကြီး၏​ကျိန်​ခြင်း​ကို သင်​သည်​ခံ​ရ​သော​ကြောင့်၊ 12ယ​ခု​မှ​စ၍​မြေ၌​လုပ်​သော​အ​ခါ ပ​က​တိ​အ​တိုင်း အ​သီး​အ​နှံ​ကို​မ​ရ ရ။ မြေ​ကြီး​ပေါ်​မှာ ပြေး​ရ​သော​သူ၊ အ​ရပ်​ရပ်​လည်​ရ​သော​သူ ဖြစ်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။ 13ကာ​ဣ​န​က​လည်း၊ အ​ကျွန်ုပ်​အ​ပြစ်​သည် မ​ဖြေ​နိုင်​အောင်​ကြီး​ပါ​သ​လော။ 14အ​ကျွန်ုပ်​ကို မြေ​ကြီး​ပြင်​မှ ယ​နေ့​နှင်​ထုတ်​တော်​မူ​ပြီ၊ မျက်​နှာ​တော်​ကို​လည်း မ​မြင်​ရ။ မြေ​ကြီး​ပေါ်​မှာ ပြေး​ရ​သော​သူ၊ အ​ရပ်​ရပ်​လည်​ရ​သော​သူ​ဖြစ်​ပါ​ရ​မည်။ တွေ့​သ​မျှ​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို​သတ်​ပါ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​ကို လျှောက်​ဆို​၏။ 15ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သို့​ဖြစ်၍ ကာ​ဣ​န​ကို​သတ်​သော​သူ​မည်​သည်​ကား၊ ခု​နစ်​ဆ​သော​အ​ပြစ်​ဒဏ်​ကို ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ ကာ​ဣ​န​ကို​တွေ့​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​သတ်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ၌​အ​မှတ်​ပေး​တော်​မူ​၏။
16ကာ​ဣ​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ထွက်​သွား၍၊ ဧ​ဒင်​ပြည်​အ​ရှေ့၊ နော​ဒ​ပြည်​တွင် နေ​လေ​၏။
ကာ​ဣ​န​၏​သား​စဉ်​မြေး​ဆက်
17ထို​အ​ခါ​ကာ​ဣ​န​သည် မိ​မိ​မ​ယား​နှင့် ဆက်​ဆံ​သ​ဖြင့်၊ သူ​သည်​ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍၊ သား​ဧ​နောက်​ကို​ဖွား​မြင်​လေ​၏။ ကာ​ဣ​န​သည်​လည်း မြို့​ကို​တည်၍ မိ​မိ​သား၏​အ​မည်​အ​လိုက်၊ ထို​မြို့​ကို​ဧ​နောက်​မြို့​ဟု သ​မုတ်​လေ၏။ 18ဧ​နောက်​သား​ကား၊ ဣ​ရဒ်၊ ဣ​ရဒ်​သား​ကား၊ မ​ဟု​ယေ​လ၊ မ​ဟု​ယေ​လ​သား​ကား၊ မ​သု​ရှ​လ၊ မ​သု​ရှ​လ​သား​ကား၊ လာ​မက်​တည်း။
19လာ​မက်​သည်၊ အာ​ဒ​နှင့် ဇိ​လ​အ​မည်​ရှိ​သော မိန်း​မ​နှစ်​ယောက်​နှင့် အိမ်​ထောင်​ဖက်​ပြု​၍၊ 20အာ​ဒ​သည် သား​ယာ​ဗ​လ​ကို​ဖွား​မြင်​လေ၏။ ထို​သား​ကား၊ တဲ၌​နေ​သော​သူ၊ သိုး​နွား​စ​သည်​တို့​ကို မွေး​သော​သူ​တို့၏ အ​ဘ​ဆ​ရာ​ဖြစ်​လေ​သ​တည်း။ 21ယု​ဗ​လ​အ​မည်​ရှိ​သော​ညီ​မူ​ကား၊ စောင်း​မျိုး၊ နှဲ​ခ​ရာ​မျိုး​တို့​ကို တီး​မှုတ်​တတ်​သော​သူ​အ​ပေါင်း​တို့၏ အ​ဘ​ဆ​ရာ​ဖြစ်​လေ​သ​တည်း။ 22ဇိ​လ​သည်​လည်း၊ သား​တု​ဗ​လ​ကာ​ဣ​န​ကို ဖွား​မြင်​လေ၏။ သူ​သည် ပန်း​တဉ်း​သ​မား၊ ပန်း​ပဲ​သ​မား​အ​ပေါင်း​တို့၏​ဆ​ရာ​ဖြစ်​လေ၏။ တု​ဗ​လ​ကာ​ဣ​န၏​နှ​မ​ကား၊ နေ​မ​အ​မည်​ရှိ၏။ 23လာ​မက်​က​လည်း၊ အာ​ဒ​နှင့် ဇိ​လ၊ ငါ​ပြော​သံ​ကို​မှတ်​ကြ​လော့။ လာ​မက်​မ​ယား​တို့၊ ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လော့။ ငါ့​ကို​ထိ​ခိုက်​သော လူ​တစ်​ယောက်​တည်း​ဟူ​သော၊ ငါ့​ကို​ညှဉ်း​ဆဲ​သော​လူ​ပျို​တစ်​ယောက်​ကို ငါ​သတ်​ခဲ့​ပြီ။ 24ကာ​ဣ​န​သည် ခု​နစ်​ဆ​သော​တ​ရား​ကို​ရ​လျှင်၊ အ​ကယ်၍​လာ​မက်​သည်၊ အ​ဆ​ခု​နစ်​ဆယ် ခု​နစ်​ဆ​သော​တ​ရား​ကို ရ​လိမ့်​မည်​ဟု မိ​မိ​မ​ယား​တို့​ကို​ပြော​ဆို၏။
ရှေ​သ​နှင့်​ဧ​နုတ်
25အာ​ဒံ​သည်​လည်း မိ​မိ​မ​ယား​နှင့် တစ်​ဖန်​ဆက်​ဆံ​ပြန်​လျှင်၊ မ​ယား​သည် သား​ကို​ဖွား​မြင်၍၊ ရှေ​သ​ဟူ​သော​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ကာ​ဣ​န​သတ်​သော အာ​ဗေ​လ​ကိုယ်​စား၊ တစ်​ပါး​သော​အ​နွယ်​ကို အ​ကျွန်ုပ်​အ​ဖို့ ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။ 26ရှေ​သ​သည်​လည်း သား​ကို​ရ​၍ ဧ​နုတ်​ဟူ​သော​အ​မည်​ဖြင့် မှည့်​လေ၏။ ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို​အ​မှီ​ပြု၍ ကိုး​ကွယ်​စ​ပြု​ကြ​လေ​၏၊

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy