YouVersion Logo
Search Icon

ဧသတာ 2

2
ဧ​သ​တာ​မိ​ဖု​ရား​ဖြစ်​လာ​ခြင်း
1တစ်​ဖန် ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် စိတ်​တော်​ပြေ​သော​အ​ခါ၊ ဝါ​ရှ​တိ​ကို​လည်း​ကောင်း၊ သူ​ပြု​သော​အ​မှု​နှင့် သူ့​တစ်​ဖက်၌​စီ​ရင်​သော အ​မှု​ကို​လည်း​ကောင်း အောက်​မေ့​တော်​မူ၏။ 2အ​ထံ​တော်၌ ခ​စား​သော ကျွန်​တော်​တို့​က​လည်း၊ အ​ဆင်း​လှ​သော သ​မီး​က​ညာ​တို့​ကို အ​ရှင်​မင်း​ကြီး​အ​ဖို့ ရှာ​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ။ 3အ​ဆင်း​လှ​သော သ​မီး​က​ညာ​အ​ပေါင်း​တို့​ကို ရှု​ရှန်​နန်း​တော်​တွင် အ​ပျို​တော်​နေ​ရာ​သို့ စု​ဝေး​စေ၍၊ နန်း​တော်​မိန်း​မ​စိုး၊ အ​ပျို​တော်​အုပ်​ဟေ​ဂဲ၌ အပ်​စေ​ခြင်း​ငှာ၊ နိုင်​ငံ​တော် အ​တိုင်း​တိုင်း​အ​ပြည်​ပြည် မင်း​အ​ရာ​ရှိ​တို့​ကို ခန့်​ထား​တော်​မူ​ပါ။ စင်​ကြယ်​စေ​ခြင်း​ငှာ ဆေး​မျိုး​ကို အပ်​ပေး​တော်​မူ​ပါ။ 4နှစ်​သက်​တော်​မူ​သော သ​မီး​က​ညာ​ကို မိ​ဖု​ရား​ဝါ​ရှ​တိ​အ​ရာ၌ ခန့်​ထား​တော်​မူ​ပါ​ဟု လျှောက်​သော​စ​ကား​ကို ရှင်​ဘု​ရင်​နှစ်​သက်၍ ထို​သို့ စီ​ရင်​တော်​မူ၏။
5ထို​ကာ​လ​တွင် ရှု​ရှန်​မြို့​တော်၌၊ ဗင်္ယာ​မိန်​အ​မျိုး ကိ​ရှ၊ ရှိ​မိ၊ ယာ​ဣ​ရ​တို့​မှ ဆင်း​သက်​သော မော်​ဒ​ကဲ​အ​မည်​ရှိ​သော ယု​ဒ​လူ​တစ်​ယောက်​ရှိ၏။ 6ထို​သူ​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ သိမ်း​သွား​သော ယု​ဒ​ရှင်​ဘု​ရင် ယေ​ခေါ​နိ​မှ​စ၍၊ ဖမ်း​ဆီး​သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​လူ​စု၌ ပါ​သ​တည်း။#၄​ရာ၊ ၂၄:၁၀-၁၆။ ၆​ရာ၊ ၃၆:၁၀။ 7ထို​သူ​သည် ဘ​ထွေး​သ​မီး ဟ​ဒဿ​တည်း​ဟူ​သော ဧ​သ​တာ​ကို မွေး​မြူ၏။ ထို​သ​တို့​သ​မီး​သည် မိ​ဘ​မ​ရှိ၊ ပုံ​ပြင်​ယဉ်​ကျေး၍ အ​သွေး​အ​ဆင်း​လည်း လှ၏။ မိ​ဘ​သေ​သော​အ​ခါ၊ မော်​ဒ​ကဲ​သည် ယူ၍ ကိုယ်​သ​မီး​ကဲ့​သို့ မှတ်​သ​တည်း။
8ရှင်​ဘု​ရင် အ​မိန့်​တော်​ကို​ထုတ်၍ ကျော်​သော​အ​ခါ၊ အ​ပျို​များ​တို့​ကို ရှု​ရှန်​နန်း​တော်​သို့ စု​ဝေး​စေ၍၊ မိန်း​မ​စိုး​ဟေ​ဂဲ၌ အပ်​ရာ​တွင်၊ ဧ​သ​တာ​ကို​လည်း နန်း​တော်​သို့ ခေါ်​ဆောင်၍ ဟေ​ဂဲ၌ အပ်​ကြ၏။ 9ဧ​သ​တာ​သည် ဟေ​ဂဲ​စိတ်​နှင့်​တွေ့၍ မျက်​နှာ​ရ​သ​ဖြင့်၊ ဟေ​ဂဲ​သည် စင်​ကြယ်​စေ​သော​ဆေး​မျိုး​နှင့် ပေး​ရ​သော အ​ဝတ်​အ​စား​ကို အ​လျင်​အ​မြန်​ပေး၏။ နန်း​တော်၌ ရွေး​ကောက်​သော ကျွန်​မ​ခု​နစ်​ယောက်​တို့​ကို​လည်း ပေး၍၊ ဧ​သ​တာ​နှင့် သူ၏​ကျွန်​မ​တို့​ကို အ​ပျို​တော်​နန်း​တွင် အ​မြတ်​ဆုံး​သော​နေ​ရာ၌ ချီး​မြှောက်​လေ၏။ 10ဧ​သ​တာ​သည် မိ​မိ​အ​မျိုး​နှင့် မိ​မိ​ဆွေ​ညာ​တ​ကာ​ကို မ​ဖော်​မ​ပြ​မည်​အ​ကြောင်း၊ မော်​ဒ​ကဲ သ​တိ​ပေး​သည်​အ​တိုင်း မ​ဖော်​မ​ပြ​ဘဲ နေ၏။ 11ဧ​သ​တာ​သည် အ​ဘယ်​သို့​ရှိ​သည်​ကို​လည်း​ကောင်း၊ သူ၌ အ​ဘယ်​သို့ ပြု​ကြ​လိမ့်​မည်​ကို​လည်း​ကောင်း၊ မော်​ဒ​ကဲ​သည် သိ​ခြင်း​ငှာ အ​ပျို​တော်​နန်း​ဝင်း​ရှေ့​မှာ နေ့​တိုင်း​သွား​လာ၏။
12ထို​အ​ပျို​တော်​တို့ ထုံး​စံ​အ​တိုင်း၊ တစ်​နှစ်​စေ့​သော​အ​ခါ တစ်​ယောက်​နောက်​တစ်​ယောက် အ​လှည့်​သင့်​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​ထံ​သို့ ဝင်​ရ၏။ ခြောက်​လ​ပတ်​လုံး မု​ရန်​ဆီ၊ ခြောက်​လ​ပတ်​လုံး နံ့​သာ​မျိုး အ​စ​ရှိ​သော စင်​ကြယ်​စေ​သော ဆေး​မျိုး​ကို​သုံး၍၊ စင်​ကြယ်​ခြင်း​အ​မှု ပြီး​သည်​တိုင်​အောင် ထို​မျှ​ကာ​လ​ကို လွန်​စေ​ရ၏။ 13ထို​နောက်​မှ အ​ပျို​တော်​သည် ရှင်​ဘု​ရင်​ထံ​သို့ ဝင်​ချိန်​ရောက်​သော​အ​ခါ၊ အ​လို​ရှိ​သ​မျှ​တို့​ကို တောင်း၍၊ အ​ပျို​တော်​နန်း​မှ ရှင်​ဘု​ရင်​နန်း​တော်​သို့ ယူ​သွား​ရ၏။ 14ညဉ့်​ဦး​အ​ချိန်၌​ဝင်၍ နံ​နက်​အ​ချိန်၌ နန်း​တော်​မိန်း​မ​စိုး၊ မောင်း​မ​မိဿံ​အုပ်၊ ရှာ​ရ​ဂါ​ဇ​စောင့် ဒု​တိ​ယ​မိန်း​မ​နန်း​သို့ ပြန်​ရ၏။ ရှင်​ဘု​ရင်​ချစ်၍ နာ​မည်​အား​ဖြင့် ခေါ်​တော်​မ​မူ​လျှင် နောက်​တစ်​ဖန် အ​ထံ​တော်​သို့​မ​ဝင်​ရ။
15မိ​မိ​သ​မီး​ကဲ့​သို့ မော်​ဒ​ကဲ​မွေး​မြူ​သော ဘ​ထွေး အ​ဘိ​ဟဲ​လ​သ​မီး ဧ​သ​တာ​သည် အ​လှည့်​သင့်၍၊ ရှင်​ဘု​ရင်​ထံ​သို့ ဝင်​ရ​သော​အ​ခါ၊ နန်း​တော်​မိန်း​မ​စိုး၊ အ​ပျို​တော်​အုပ် ဟေ​ဂဲ​စီ​ရင်​သော အ​ရာ​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ မ​တောင်း၊ ဧ​သ​တာ​ကို တွေ့​မြင်​သ​မျှ​သော​သူ​တို့​သည် ချစ်​တတ်​ကြ၏။ 16ထို​သို့ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် နန်း​စံ​ခု​နစ်​နှစ်၊ တေ​ဗက်​အ​မည်​ရှိ​သော ဒ​သ​မ​လ​တွင်၊ ဧ​သ​တာ​ကို နန်း​တော်၌ သိမ်း​တော်​မူ​ပြီး​လျှင်၊ 17အ​ခြား​သော သ​မီး​က​ညာ​အ​ပေါင်း​တို့​ထက် ဧ​သ​တာ​သည် စိတ်​တော်​ကို​နူး​ညွတ်​စေ၍၊ အ​ထံ​တော်၌ မျက်​နှာ​ရ​သ​ဖြင့်၊ ရှင်​ဘု​ရင်​သည် အ​ခြား​သော မိန်း​မ​တ​ကာ​တို့​ကို ချစ်​သည်​ထက် ဧ​သ​တာ​ကို​သာ၍ ချစ်​သော​ကြောင့်၊ သူ့​ခေါင်း​ပေါ်​မှာ ရာ​ဇ​သ​ရ​ဖူ​ကို​တင်၍ မိ​ဖု​ရား​ဝါ​ရှ​တိ​အ​ရာ၌ ချီး​မြှောက်​တော်​မူ၏။ 18ထို​အ​ခါ ရှင်​ဘု​ရင်​သည် ဧ​သ​တာ​ပွဲ​ဟူ၍ ကြီး​သော​ပွဲ​ကို မှူး​တော်​မတ်​တော် ကျွန်​တော်​တို့​အ​ဖို့ လုပ်​သ​ဖြင့်၊ နိုင်​ငံ​တော်​တိုင်း​ပြည်​တို့​ကို မင်း​မှု​လွှတ်၍၊ စည်း​စိမ်​တော်​နှင့်​လျော်​စွာ ဆု​ချ​တော်​မူ၏။
ဘု​ရင်​အ​သက်​ကို​မော်​ဒ​ကဲ​ကယ်​ခြင်း
19သ​မီး​က​ညာ​တို့​သည် ဒု​တိ​ယ​အ​ချိန်၌ စု​ဝေး​သော​အ​ခါ၊ မော်​ဒ​ကဲ​သည် နန်း​တော်၌ တံ​ခါး​မှူး​ဖြစ်၏။ 20ဧ​သ​တာ​သည် မော်​ဒ​ကဲ​ထံ မွေး​မြူ​ခြင်း​ကို​ခံ၍ နေ​စဉ်​အ​ခါ၊ သူ၏​စ​ကား​ကို နား​ထောင်​သည်​နည်း​တူ နား​ထောင်​သေး​သည်​ဖြစ်၍၊ မော်​ဒ​ကဲ​သ​တိ​ပေး​သည်​အ​တိုင်း၊ မိ​မိ​အ​မျိုး၊ မိ​မိ​ဆွေ​ညာ​တ​ကာ​တို့​ကို မ​ဖော်​မ​ပြ​ဘဲ နေ​သ​တည်း။
21ထို​ကာ​လ​တွင်၊ မော်​ဒ​ကဲ​သည် နန်း​တော်၌ တံ​ခါး​မှူး​ဖြစ်​စဉ်၊ ဗိ​ဂ​သန်​နှင့် တေ​ရက်​တည်း​ဟူ​သော နန်း​တော်​မိန်း​မ​စိုး၊ တံ​ခါး​စောင့် နှစ်​ယောက်​တို့​သည် ဒေါ​သ​စိတ်​ရှိ၍ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​ကို လုပ်​ကြံ​မည်​ဟု အား​ထုတ်​ကြ၏။ 22ထို​အ​မှု​ကို မော်​ဒ​ကဲ​သိ၍ မိ​ဖု​ရား​ဧ​သ​တာ​အား ဖော်​ပြ၏။ ထို​သို့ မော်​ဒ​ကဲ​ဖော်​ပြ​ကြောင်း​ကို ဧ​သ​တာ​သည် ရှင်​ဘု​ရင်​အား လျှောက်​လေ၏။ 23ထို​အ​မှု​ကို စစ်​ကြော၍ အ​မှန်​သိ​သော​အ​ခါ၊ ထို​သူ​နှစ်​ယောက်​တို့​ကို သစ်​ပင်၌ လည်​ဆွဲ​ချ​ပြီး​မှ၊ ရှင်​ဘု​ရင်​ရှေ့၊ နန်း​တော်​မှတ်​စာ၌ ရေး​မှတ်​သ​တည်း။

Currently Selected:

ဧသတာ 2: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy