၂ ရာဇဝင်ချုပ် 3
3
ဗိမာန်တော်စတင်တည်ဆောက်
1-2ယေရုရှလင်မြို့တွင်၊ မောရိတောင်ပေါ်မှာ ခမည်းတော်ဒါဝိဒ်အား ထာဝရဘုရား ထင်ရှားတော်မူရာအရပ်၊ ယေဗုသိလူအရောန၏ကောက်နယ်တလင်းကို ဒါဝိဒ်ပြင်ဆင်ခဲ့ပြီးသောအရပ်၌ ရှောလမုန်သည် နန်းစံလေးနှစ်၊ ဒုတိယလ၊ နှစ်ရက်နေ့တွင် ထာဝရဘုရား၏အိမ်တော်ကို တည်စပြုတော်မူ၏။#က၊ ၂၂:၂၂။ 3ရှောလမုန်သည် ဘုရားသခင်၏အိမ်တော်ကို တည်ဆောက်ခြင်းအမှု၌ သွန်သင်ခြင်းကို ခံသည်နှင့်အညီ၊ သံတောင်အားဖြင့် အလျားသည် အတောင်ခြောက်ဆယ်၊ အနံအတောင်နှစ်ဆယ် ရှိ၏။ 4အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့်ညီ၍ အလျား အတောင်နှစ်ဆယ်၊ အမြင့် အတောင်တစ်ရာနှစ်ဆယ် ရှိ၏။ ရွှေစင်နှင့် မွမ်းမံလျက်ရှိ၏။ 5အိမ်တော်အတွင်းအမိုးကို ထင်းရှူးပျဉ်ပြားဖြင့် ပြီးစေလျက် စွန်ပလွံပင်များနှင့် ကြိုးများတို့ကိုထု၍ ရွှေစင်နှင့်မွမ်းမံလေ၏။ 6အိမ်တော်၌ အသရေတင့်တယ်စေခြင်းငှာ ကျောက်မြတ်တို့ကို စီချယ်၏။ မွမ်းမံသောရွှေသည် ပါရဝိမ်ရွှေဖြစ်၏။ 7အိမ်တော်၏ထုပ်၊ လျောက်၊ တိုင်၊ ထရံ၊ တံခါးရွက်တို့ကို ရွှေနှင့်မွမ်းမံ၍ ထရံပေါ်မှာ ခေရုဗိမ်အရုပ်များကို ထုလေ၏။
8အလွန်သန့်ရှင်းရာ ဌာနတော်ကိုလည်း အိမ်တော်အနံနှင့်ညီစွာ အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်လုပ်၍ ရွှေစင်အခွက် ခြောက်ထောင်နှင့် မွမ်းမံလေ၏။#ထွ၊ ၂၆:၃၃-၃၄။ 9ရွှေမှိုအချိန်ကား အကျပ်ငါးဆယ်ရှိ၏။ အထက်ခန်းတို့ကိုလည်း ရွှေနှင့်မွမ်းမံ၏။ 10အလွန်သန့်ရှင်းသောအခန်း၌ ခေရုဗိမ်နှစ်ပါးကို ထုလုပ်၍ ရွှေနှင့်မွမ်းမံ၏။ 11ခေရုဗိမ်အတောင်တို့သည် အတောင်နှစ်ဆယ်ရှည်၏။ 12အတောင်တစ်ဖက်လျှင် အလျားငါးတောင်စီရှိ၍၊ ခေရုဗိမ်နှစ်ပါးတို့သည် အတောင်ချင်းထိလျက်၊ အတောင်တစ်ဖက်စီ အိမ်တော်ထရံကို မှီလျက်ရှိကြ၏။ 13ထိုခေရုဗိမ်တို့သည် အတွင်းသို့ မျက်နှာပြုလျက်၊ မတ်တတ်နေ၍ အတောင်တို့ကိုဖြန့်သဖြင့် အတောင်နှစ်ဆယ်ကျယ်၏။#ထွ၊ ၂၅:၁၈-၂၀။
14ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ကုလားကာကိုလည်း လုပ်လေ၏။#ထွ၊ ၂၆:၃၁။
ကြေးနီတိုင်နှစ်ခု
(၃ရာ၊ ၇:၁၅-၂၂)
15အရှည်သုံးဆယ်ငါးတောင်ရှိသော တိုင်နှစ်တိုင်ကိုလည်း လုပ်၍ အိမ်တော်ရှေ့မှာ စိုက်ထားလေ၏။ တိုင်အပေါ်မှာတင်သော တိုင်ထိပ်သည် အမြင့်ငါးတောင်စီရှိ၏။ 16ဗျာဒိတ်ဌာနတော်၌ ရှိသကဲ့သို့ ကြိုးများကိုလည်းလုပ်၍ တိုင်ထိပ်အပေါ်မှာထား၏။ သလဲသီးအလုံးတစ်ရာတို့ကိုလည်းလုပ်၍ ကြိုးပေါ်မှာ ဆွဲထား၏။ 17ထိုထိုင်တို့ကို ဗိမာန်တော်ရှေ့မှာ လက်ယာဘက် လက်ဝဲဘက်၌ စိုက်ထား၍၊ လက်ယာတိုင်ကို ယာခိန်၊ လက်ဝဲတိုင်ကို ဗောဇအမည်ဖြင့် မှည့်လေ၏။
Currently Selected:
၂ ရာဇဝင်ချုပ် 3: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.