YouVersion Logo
Search Icon

၁ ရှင်ယောဟန် 2

2
ငါ​တို့​အ​မှု​ဆောင်​သ​ခင်
1ချစ်​သား​တို့၊ သင်​တို့​သည် ဒု​စ​ရိုက်​ကို​မ​ပြု​စေ​ခြင်း​ငှာ ဤ​အ​ရာ​များ​ကို သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ ဖြောင့်​မတ်​တော်​မူ​သော အ​ရှင်​ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော ငါ​တို့​အ​မှု​ဆောင်​သ​ခင်​သည် ခ​မည်း​တော်​ထံ၌ ရှိ​တော်​မူ၏။- 2ထို​သ​ခင်​သည် ငါ​တို့၏​အ​ပြစ်​မ​က၊ လော​ကီ​သား​အ​ပေါင်း​တို့၏ အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​တော်​မူ၏။- 3ထို​သ​ခင်​ကို ကိုယ်​တိုင်​သိ​ကျွမ်း​သည်​ကို အ​ဘယ်​သို့ သိ​ရ​သ​နည်း​ဟူ​မူ​ကား၊ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လျှင် သိ​ရ​သ​တည်း။- 4ထို​သ​ခင်​ကို ငါ​သိ၏​ဟု ပ​ညတ်​တော်​တို့​ကို မ​စောင့်​ဘဲ​လျက် ဆို​သော​သူ​သည် မု​သား​ကို​သုံး​သော​သူ​ဖြစ်၍ ထို​သူ၌ သ​စ္စာ​မ​ရှိ။- 5ထို​သ​ခင်၏​စ​ကား​တော်​ကို နား​ထောင်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​မေ​တ္တာ​နှင့် အ​မှန်​ပြည့်​စုံ၏။ ငါ​တို့​သည် ထို​သ​ခင်၌​ရှိ​ကြောင်း​ကို ထို​သို့​အား​ဖြင့်​သိ​ရ​ကြ၏။- 6ထို​သ​ခင်၌​ငါ​တည်၏​ဟု​ဆို​သော​သူ​သည်၊ ထို​သ​ခင်​ကျင့်​တော်​မူ​သည်​နည်း​တူ ကျင့်​ရ​မည်။
ပ​ညတ်​သစ်
7ချစ်​သူ​တို့၊ သင်​တို့​အား ငါ​ရေး​ထား​သော ပ​ညတ်​သည် ပ​ညတ်​သစ်​မ​ဟုတ်။ ရှေ့​ဦး​စွာ​က​ပင် သင်​တို့၌​ရှိ​သော ပ​ညတ်​ဟောင်း​ဖြစ်၏။ ပ​ညတ်​ဟောင်း​ကား၊ ရှေ့​ဦး​စွာ​က​ပင် သင်​တို့​ကြား​ရ​သော ဒေ​သ​နာ​တော်​ဖြစ်၏။- 8တစ်​ဖန်​တုံ၊ ပ​ညတ်​သစ်​ကို သင်​တို့​အား ငါ​ရေး​ထား၏။ ထို​သ​ခင်​အား​ဖြင့်​လည်း​ကောင်း၊ သင်​တို့​အား​ဖြင့်​လည်း​ကောင်း၊ အ​သစ်​မှန်​ပေ၏။ အ​ကြောင်း​မူ​ကား၊ မှောင်​မိုက်​ပျောက်​လွင့်၍ မှန်​သော​အ​လင်း​သည် ထွန်း​တောက်​လျက်​ရှိ၏။- 9မိ​မိ​ညီ​အစ်​ကို​ကို မုန်း​လျက်​ပင်၊ ငါ​သည် အ​လင်း၌​ရှိ၏​ဟု ဆို​သော​သူ​သည် ယ​ခု​တိုင်​အောင် မှောင်​မိုက်၌ ရှိ​သေး၏။- 10မိ​မိ​ညီ​အစ်​ကို​ကို ချစ်​သော​သူ​သည် အ​လင်း၌ တည်​နေ၏။ ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​သည် ထို​သူ၌​မ​ရှိ။- 11မိ​မိ​ညီ​အစ်​ကို​ကို မုန်း​သော​သူ​သည် မှောင်​မိုက်၌​ရှိ၏။ မှောင်​မိုက်၌​လည်း ကျင်​လည်​သွား​လာ၏။ မှောင်​မိုက်​ကြောင့် သူ၏​မျက်​စိ မ​မြင်​နိုင်​သ​ဖြင့်၊ အ​ဘယ်​အ​ရပ်​သို့ ကိုယ်​သွား​သည်​ကို ကိုယ်​မ​သိ။- 12ချစ်​သား​တို့၊ သင်​တို့​သည် ထို​သ​ခင်၏ နာ​မ​တော်​အား​ဖြင့် အ​ပြစ်​များ​နှင့် ကင်း​လွတ်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။- 13အ​ဘ​တို့၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ရှိ​တော်​မူ​သော​သူ​ကို သိ​သော​ကြောင့်၊ သင်​တို့​အား​ငါ​ရေး၍ ပေး​လိုက်၏။ လူ​ပျို​တို့၊ သင်​တို့​သည် မာရ်​နတ်​ကို​အောင်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်၏။ သူ​ငယ်​တို့၊ သင်​တို့​သည် ခ​မည်း​တော်​ကို​သိ​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။- 14အ​ဘ​တို့၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ရှိ​တော်​မူ​သော​သူ​ကို သိ​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။ လူ​ပျို​တို့၊ သင်​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ၍၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တော်၌ မှီ​ဝဲ​ဆည်း​ကပ်​သ​ဖြင့် မာရ်​နတ်​ကို အောင်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။- 15လော​က​ကို​လည်း​ကောင်း၊ လော​က၌​ရှိ​သော​အ​ရာ​တို့​ကို​လည်း​ကောင်း၊ မ​ချစ်​ကြ​နှင့်။ လော​က​ကို ချစ်​သော​သူ​မည်​သည်​ကား၊ ခ​မည်း​တော်​ကို ချစ်​ခြင်း​မေ​တ္တာ​မ​ရှိ။- 16လော​က၌​ရှိ​သ​မျှ​သော အ​ရာ​တည်း​ဟူ​သော ကိုယ်​ကာ​ယ​တပ်​မက်​ခြင်း၊ မျက်​စိ​တပ်​မက်​ခြင်း၊ လော​ကီ​စည်း​စိမ်၌ ဝါ​ကြွား​ခြင်း​တို့​သည် ခ​မည်း​တော်​နှင့်​မ​စပ်​ဆိုင်၊ လော​က​နှင့်​သာ စပ်​ဆိုင်​ကြ၏။- 17လော​က​နှင့် လော​ကီ​တပ်​မက်​ခြင်း​သည် ရွေ့​သွား​ကွယ်​ပျောက်​တတ်၏။ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ကျင့်​သော​သူ​မူ​ကား၊ နိ​စ္စ​ထာ​ဝ​ရ​တည်၏။
ခ​ရစ်​တော်​၏​ရန်​သူ
18ချစ်​သား​တို့၊ ယ​ခု​ကာ​လ​သည် နောက်​ဆုံး​သော​ကာ​လ​ဖြစ်၏။ ခ​ရစ်​တော်၏ ရန်​သူ​တည်း​ဟူ​သော အ​န္တိ​ခ​ရစ် ပေါ်​လာ​ကြောင်း​ကို သင်​တို့​ကြား​ရ​သည်​အ​တိုင်း၊ ယ​ခု​ပင် အ​န္တိ​ခ​ရစ်​အ​များ​ရှိ​ကြ၏။ ထို​ကြောင့်၊ ယ​ခု​ကာ​လ​သည် နောက်​ဆုံး​သော​ကာ​လ​ဖြစ်​သည်​ကို သိ​ရ၏။- 19ထို​သူ​တို့​သည် ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။ သို့​သော်​လည်း အ​ထက်​က ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြ။ ငါ​တို့​နှင့်​စပ်​ဆိုင်​လျှင် ငါ​တို့​နှင့်​အ​တူ နေ​ကြ​လိမ့်​မည်။ ထို​သူ​အ​ပေါင်း​တို့​သည် ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြောင်း​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။- 20သင်​တို့​သည် သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၏​လက်​မှ ဘိ​သိက်​ကျေး​ဇူး​တော်​ကို ခံ​ရ၍၊ ခပ်​သိမ်း​သော အ​ရာ​တို့​ကို သိ​ကြ၏။- 21သ​မ္မာ​တ​ရား​ကို သင်​တို့​မ​သိ​သော​ကြောင့်၊ ငါ​ရေး၍ ပေး​လိုက်​သည်​မ​ဟုတ်။ သင်​တို့​သည် သ​မ္မာ​တ​ရား​ကို​လည်း​ကောင်း၊ မု​သား​ရှိ​သ​မျှ​တို့​သည် သ​မ္မာ​တ​ရား​နှင့် မ​စပ်​ဆိုင်​သည်​ကို​လည်း​ကောင်း၊ သိ​သော​ကြောင့် ငါ​ရေး၍​ပေး​လိုက်၏။- 22မု​သား​ကို​သုံး​သော​သူ​ကား အ​ဘယ်​သူ​နည်း။ ယေ​ရှု​သည် ခ​ရစ်​တော်​မ​ဟုတ်​ဟု ငြင်း​ပယ်​သော​သူ ဖြစ်​သ​တည်း။ ခ​မည်း​တော်​နှင့် သား​တော်​ကို ငြင်း​ပယ်​သော​သူ​သည် အ​န္တိ​ခ​ရစ်​ဖြစ်၏။- 23သား​တော်​ကို ငြင်း​ပယ်​သော​သူ​မည်​သည်​ကား၊ ခ​မည်း​တော်​ကို​မ​သိ။ သား​တော်​ကို ဝန်​ခံ​သော​သူ​မည်​သည်​ကား၊ ခ​မည်း​တော်​ကို​သိ၏။- 24ထို​ကြောင့်၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ကြား​ရ​သော ဒေ​သ​နာ​ကို သင်​တို့၌ တည်​စေ​ကြ​လော့။ ထို​ဒေ​သ​နာ​သည် သင်​တို့၌​တည်​လျှင်၊ သင်​တို့​သည် သား​တော်၌​လည်း​ကောင်း၊ ခ​မည်း​တော်၌​လည်း​ကောင်း၊ တည်​ရ​ကြ​လိမ့်​မည်။
25ငါ​တို့​အား ပေး​တော်​မူ​သော က​တိ​တော်​မူ​ကား၊ ထာ​ဝ​ရ​အ​သက်​ကို ဝန်​ခံ​တော်​မူ​သော က​တိ​တော်​ပေ​တည်း။- 26သင်​တို့​ကို လှည့်​ဖြား​သော​သူ​တို့၏​အ​ကြောင်း​ကို ဤ​သို့ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။- 27သို့​သော်​လည်း သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၏​လက်​မှ သင်​တို့​ခံ​ရ​သော ဘိ​သိက်​ကျေး​ဇူး​တော်​သည် သင်​တို့၌ ရှိ​သည်​ဖြစ်၍၊ အ​ဘယ်​သူ​မျှ သင်​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး​စ​ရာ အ​ကြောင်း​မ​ရှိ။ ထို​ဘိ​သိက် ကျေး​ဇူး​တော်​သည် ဖြစ်​ယောင်​ဆောင်​သည် မ​ဟုတ်၊ အ​မှန်​ဖြစ်​လျက် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သင်​တို့​အား သွန်​သင်​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​သည် သား​တော်၌ တည်​နေ​ကြ​လော့။- 28ချစ်​သား​တို့၊ သား​တော်​သည်​ထင်​ရှား ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လျှင်၊ ရဲ​ရင့်​ရ​သော​အ​ခွင့် ရှိ၍၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း သား​တော်၌ တည်​နေ​ကြ​လော့။
29ဘု​ရား​သ​ခင်​သည် ဖြောင့်​မတ်​တော်​မူ​သည်​ကို သင်​တို့​သည်​သိ​လျှင်၊ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ကျင့်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင် ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ ဖြစ်​သည်​ကို သိ​ရ​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy