YouVersion Logo
Search Icon

ဟေရှာယအနာဂတ္တိကျမ်း 65

65
ထာဝရဘုရား တုံ့ပြန်တော်မူခြင်း
1ထာဝရဘုရား​က “​ငါ့​ကို​မ​မေးမြန်း​သော​သူ​တို့​ထံ ငါ့ကိုယ်ငါ ထင်ရှား​ပြ​၏​။ ငါ့​ကို​မ​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့ရှိ​ကြ​၏​။ ငါ့​နာမ​ကို​မ​ခေါ်​သော​လူမျိုး​အား ‘​ဤ​နေရာ​တွင် ငါ​ရှိ​၏​။ ဤ​နေရာ​တွင် ငါ​ရှိ​၏​’#ရော 10:20။​ဟု ငါ​ဆို​၏​။ 2မိမိ​တို့​အကြံအစည်​အတိုင်း မ​ကောင်း​သော​လမ်း​၌​လျှောက်လှမ်း​လျက် ဆန့်ကျင်​ပုန်ကန်​တတ်​သော လူမျိုး​တို့​ထံသို့ တစ်နေ့လုံး ငါ့​လက်​ကို ကမ်း​လျက်​နေ​၏​။#ရော 10:21။ 3ဤ​လူမျိုး​တို့​သည် ငါ့​ရှေ့မှောက်​တွင် ဥယျာဉ်​များ​ထဲ၌ ယဇ်ပူဇော်​၍ အုတ်​ယဇ်ပလ္လင်​ပေါ်တွင် နံ့သာပေါင်း​ကို​မီးရှို့​ခြင်း​ဖြင့် ငါ့​အမျက်​ကို အစဉ်​နှိုးဆော်​ကြ​၏​။ 4သူ​တို့​သည် သင်္ချိုင်း​များ​တွင်​ထိုင်​ကြ​၏​။ ကွယ်​ရာ​အရပ်​တို့​၌ ညအိပ်​ကြ​၏​။ ဝက်​သား​ကို​စား​ကြ​၏​။ သူ​တို့​ခွက်​များ​ထဲ၌ ရွံရှာဖွယ်​အသားပြုတ်ရည်​ရှိ​၏​။ 5သူ​တို့​က ‘​တသီးတခြား​နေ​လော့​။ ငါ​သည် သင့်​ထက်​သန့်ရှင်း​၏​။ ငါ့​အနီး​သို့​မ​လာ​နှင့်​’​ဟု ပြောဆို​ကြ​၏​။ ဤ​သူ​တို့​သည် ငါ့​နှာခေါင်း​ထဲမှ မီးခိုး​၊ တစ်နေ့လုံး​တောက်လောင်​နေ​သော​မီး​နှင့်​တူ​၏​။ 6ကြည့်ရှု​လော့​။ ထို​အရာ​တို့​ကို ငါ့​ရှေ့မှောက်​တွင်​ရေးမှတ်​ထား​ပြီ​။ ငါ​သည် တိတ်ဆိတ်​စွာ​မ​နေ​ဘဲ ပြန်ပေးဆပ်​စေ​မည်​။ သူ​တို့​ကို အပြည့်အဝ#65:6 တိုက်ရိုက်ပြန်ဆိုလျှင် “ရင်ခွင်၌”။ ပြန်ပေးဆပ်​စေ​မည်​။ 7တောင်ကြီး​များ​ပေါ်တွင် နံ့သာပေါင်း​ကို​မီးရှို့​၍ တောင်ငယ်​များ​ပေါ်တွင် ငါ့​ကို​စော်ကားပြုမူ​ကြ​သော သင်​တို့​၏​ဒုစရိုက်​များ​နှင့် သင်​တို့​ဘိုးဘေး​တို့​၏​ဒုစရိုက်​များ​ကို အတူတကွ ငါ​ပြန်ပေးဆပ်​စေ​မည်​။ ထို့ကြောင့် ငါ​သည် သူ​တို့​၏​ယခင်​လုပ်ရပ်​တို့​ကို အကုန်အစင်#65:7 တိုက်ရိုက်ပြန်ဆိုလျှင် “ရင်ခွင်၌”။​စစ်ဆေး​မည်​”​ဟု မိန့်​တော်မူ​၏​။ 8ထာဝရဘုရား​က “​စပျစ်ဝိုင်​အသစ်​ထွက်​နိုင်​သေး​သော စပျစ်ခိုင်​ကို တွေ့ရှိ​သောအခါ ‘​မ​ဖျက်ဆီး​နှင့်​၊ ကောင်းချီးမင်္ဂလာ​ရှိ​သည်​’​ဟု လူ​တို့​ပြောဆို​တတ်​၏​။ ငါ​သည်​လည်း ငါ့​အစေအပါး​တို့​ကို​ထောက်၍ ထို့အတူ​ပြု​မည်​။ ငါ​သည် အကုန်အစင်​မ​ဖျက်ဆီး​။ 9ယာကုပ်​မှ သားမြေး​များ​ကို​ထွန်းကား​စေ​၍ ယုဒ​အမျိုးအနွယ်​မှ ငါ့​တောင်​များ​ပိုင်ဆိုင်​မည့်​သူ​ကို ငါ​ထွက်ပေါ်​စေ​မည်​။ ငါ​ရွေးချယ်​သော​သူ​များ​သည် အမွေဆက်ခံ​၍ ငါ​၏​အစေအပါး​များ​သည် ထို​အရပ်​၌​နေ​ကြ​လိမ့်မည်​။ 10ငါ့​ကို​ရှာဖွေ​သော ငါ​၏​လူ​တို့​အတွက် ရှာရုန်​လွင်ပြင်​သည် သိုး​စားကျက်​ဖြစ်​မည်​။ အာခေါ်​ချိုင့်ဝှမ်း​သည် နွားအုပ် လဲလျောင်း​ရာ​အရပ်​ဖြစ်​မည်​။ 11သို့သော် ထာဝရဘုရား​ကို​စွန့်ပယ်​သော​သူ​များ​၊ ငါ​၏​သန့်ရှင်း​သော​တောင်​ကို မေ့လျော့​သော​သူ​များ​၊ ဂါဒ​ဘုရား​ရှေ့ စားပွဲ​ခင်း​သော​သူ​များ​၊ မေနိ​ဘုရား​ရှေ့ ရောစပ်​ထား​သော​ဝိုင်​ကို ခွက်​ထဲသို့ ဖြည့်​ပေး​သော​သူ​များ​ဖြစ်​ကြ​သော သင်​တို့​အတွက် 12ဓားဘေး​ကို ငါ​စီမံ​ထား​ပြီ​။ သင်​တို့​အားလုံး​သည် သတ်ဖြတ်သူ​ရှေ့​၌ လည်စင်း​ပေး​ရ​လိမ့်မည်​။ အကြောင်းမူကား ငါ​ခေါ်​သောအခါ သင်​တို့​မ​ထူး​။ ငါ​မိန့်​သောအခါ သင်​တို့​နား​မ​ထောင်​။ ငါ့​မျက်မှောက်​၌ မကောင်းမှု​ကို​ပြု​၍ ငါ​မ​နှစ်သက်​သော​အရာ​ကို သင်​တို့​ရွေးချယ်​သောကြောင့်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။ 13ထို့ကြောင့် အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ့​အစေအပါး​တို့​စား​ရ​သော်လည်း သင်​တို့​ဆာလောင်မွတ်သိပ်​ကြ​လိမ့်မည်​။ ငါ့​အစေအပါး​တို့​သောက်​ရ​သော်လည်း သင်​တို့​ရေငတ်​ကြ​လိမ့်မည်​။ ငါ့​အစေအပါး​တို့​ဝမ်းမြောက်​ရ​သော်လည်း သင်​တို့​အရှက်ကွဲ​ကြ​လိမ့်မည်​။ 14ကြည့်ရှု​လော့​။ ငါ့​အစေအပါး​တို့​သည် ရွှင်လန်း​သော​စိတ်​နှင့် သီချင်းဆို​ကြ​လိမ့်မည်​။ သင်​တို့​မူကား နာကျင်​သော​စိတ်​နှင့် အော်ဟစ်​ကြ​၍ ကြေကွဲ​သော​စိတ်​နှင့် ညည်းတွားမြည်တမ်း​ကြ​လိမ့်မည်​။ 15သင်​တို့​၏​နာမည်​သည် ငါ​ရွေးချယ်​သော​သူ​တို့ ကျိန်ဆဲစရာ​အဖြစ် ကျန်ရစ်​မည်​။ အရှင်​ထာဝရဘုရား​သည် သင့်​ကို​ကွပ်မျက်​တော်မူ​မည်​။ မိမိ​၏​အစေအပါး​များ​ကို​ကား အခြား​နာမည်​ဖြင့် ခေါ်​တော်မူ​မည်​။ 16မြေကြီး​ပေါ်၌ မိမိကိုယ်မိမိ ကောင်းချီးပေး​သော​သူ​သည် သစ္စာရှိ​သော​ဘုရားသခင်​ကို​အမှီပြု​၍ ကောင်းချီးပေး​လိမ့်မည်​။ မြေကြီး​ပေါ်၌​ကျိန်ဆို​သော​သူ​သည်​လည်း သစ္စာရှိ​သော​ဘုရားသခင်​ကို​တိုင်တည်​၍ ကျိန်ဆို​လိမ့်မည်​။ အကယ်စင်စစ် ယခင်​ဆင်းရဲဒုက္ခ​တို့​ကို ငါ​မေ့လျော့​ပြီ​။ ငါ့​မျက်မှောက်​မှ ကွယ်ပျောက်​ပြီ​။
အသစ်တစ်ဖန် ဖန်ဆင်းတော်မူခြင်း
17ကြည့်ရှု​လော့​။ ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​ကို ငါ​ဖန်ဆင်း​မည်​။ အတိတ်မှ​အဖြစ်အပျက်​တို့​ကို မှတ်မိ​တော့​မည်​မ​ဟုတ်​။ စိတ်​ထဲ​ဝင်လာ​တော့​မည်​မ​ဟုတ်​။#ဟေရှာ 66:22၊ ၂ပေ 3:13။ 18ကြည့်ရှု​လော့​။ ဂျေရုဆလင်​မြို့​ကို ပျော်ရွှင်ဖွယ်​ရာ​မြို့​အဖြစ်​၊ မြို့သား​တို့​ကို ဝမ်းမြောက်​သော​သူ​များ​အဖြစ် ငါ​ဖန်ဆင်း​သည်​ဖြစ်၍ ငါ​ဖန်ဆင်း​သော​အရာ​၌ အစဉ်ထာဝရ​ဝမ်းမြောက်​ရွှင်လန်း​ကြ​လော့​။ 19ငါ​သည်​လည်း ဂျေရုဆလင်​မြို့​ကြောင့် ရွှင်လန်း​မည်​။ ငါ​၏​လူ​တို့​ကြောင့် ဝမ်းမြောက်​မည်​။ ထို​မြို့​၌ ငိုကြွေးသံ​၊ အော်ဟစ်သံ​ကို ကြား​ရ​တော့​မည်​မ​ဟုတ်​။ 20ထို​အရပ်​၌ ရက်​အနည်းငယ်​သာ​အသက်ရှင်​ပြီး​သေ​သွား​သော နို့စို့ကလေး​၊ သက်တမ်းစေ့​မ​နေ​ရ​သော လူကြီး ဟူ၍​ရှိ​တော့​မည်​မ​ဟုတ်​။ အသက်​တစ်ရာ​အရွယ်​၌​ကွယ်လွန်​သော​သူ​ကို လူငယ်​ဟု​သာ​မှတ်​ရ​မည်​။ အသက်​တစ်ရာ​မ​နေ​ရ​သော​သူ​သည် ကျိန်​ခြင်း​ခံရ​သော​သူ​ဖြစ်​၏​။ 21သူ​တို့​သည် အိမ်​ကို​ဆောက်​ပြီး နေထိုင်​ကြ​မည်​။ စပျစ်ခြံ​ကို​လည်း​စိုက်​ပြီး အသီး​ကို​စား​ကြ​မည်​။ 22သူ​တို့​ဆောက်​သော​အိမ်​၌ အခြားသူ နေ​ရ​မည်​မ​ဟုတ်​။ သူ​တို့​စိုက်​သော​စပျစ်သီး​ကို​လည်း အခြားသူ​စား​ရ​မည်​မ​ဟုတ်​။ ငါ့​လူ​တို့​၏​သက်တမ်း​သည် သစ်ပင်​၏​သက်တမ်း​တမျှ ရှည်​မည်​။ ငါ​ရွေးချယ်​သော​သူ​တို့​သည် သူ​တို့​လက်​ဖြင့်​လုပ်ဆောင်​သော​အရာ​ကို ရေရှည်အကျိုး​ခံစား​ရ​မည်​။ 23သူ​တို့​၏​ကြိုးစားအားထုတ်​မှု​သည် အချည်းနှီး​ဖြစ်​မည်​မ​ဟုတ်​။ သူ​တို့​မွေးဖွား​သော​သားသမီး​များ ဒုက္ခရောက်​မည်​မ​ဟုတ်​။ အကြောင်းမူကား သူ​တို့​သည် ထာဝရဘုရား​၏​ကောင်းချီးမင်္ဂလာ​ကို​ခံစား​ရ​သော​အမျိုးအနွယ် ဖြစ်​လိမ့်မည်​။ သူ​တို့​နှင့်အတူ သူ​တို့​သားမြေး​တို့​လည်း ကောင်းချီးမင်္ဂလာ​ခံစား​ရ​လိမ့်မည်​။ 24သူ​တို့​မ​ခေါ်​မီ ငါ​ထူး​မည်​။ သူ​တို့​တောင်းလျှောက်​နေစဉ် ငါ​နားထောင်​မည်​။ 25ဝံပုလွေ​နှင့်​သိုးကလေး​တို့ အတူ​အစာ​စား​ကြ​မည်​။ ခြင်္သေ့​သည် နွား​ကဲ့သို့ ကောက်ရိုး​ကို​စား​မည်​။ မြွေ​သည် မြေမှုန့်​ကို​စား​မည်​။ ငါ​၏​သန့်ရှင်း​သော​တောင်​တစ်တောင်လုံး​ကို ထိခိုက်​ဖျက်ဆီး​ကြ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy