1
မဿဲ 18:20
TPV-RV (Thamma Pitakadaw)
TPV-RV
အကြောင်းမူကား ငါ၏အမည်နာမကို အမှီပြု၍ လူနှစ်ဦး သို့မဟုတ် သုံးဦးစုဝေးကြသောအခါ ငါသည်သူတို့နှင့်အတူ ရှိတော်မူမည်ဖြစ်၏” ဟုမိန့်တော်မူ၏။
Compare
Explore မဿဲ 18:20
2
မဿဲ 18:19
ထို့နောက် သင်တို့အား ငါအမှန်ဆိုသည်ကား ကမ္ဘာမြေကြီးပေါ်တွင် သင်တို့တွင် လူနှစ်ဦးသည် သဘောတူညီ၍ ဆုတောင်းကြလျှင် သူတို့တောင်းသမျှကို ရွှေမြို့တော်မှာရှိတော်မူသော ငါ၏အဖဘုရားရှင်သည် သူတို့အတွက် ဆောင်ရွက်ပေးမည်ဖြစ်၏။
Explore မဿဲ 18:19
3
မဿဲ 18:2-3
ထိုအခါ ကိုယ်တော်ယေရှုသည် ကလေးငယ်တစ်ဦးကို ခေါ်၍ သူတို့၏အလယ်၌ရပ်စေပြီး “သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့သည် ဤကလေးငယ်ကဲ့သို့မဖြစ်လျှင် ရွှေမြို့တော်၏သာသနာတော်ကို မည်သည့်အခါမှ ဝင်ရောက်နိုင်မည်မဟုတ်။
Explore မဿဲ 18:2-3
4
မဿဲ 18:4
ထို့ကြောင့် ဤကလေးငယ်ကဲ့သို့ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ရွှေမြို့တော်၏သာသနာတော်တွင် အကြီးမြတ်ဆုံးဖြစ်၏။
Explore မဿဲ 18:4
5
မဿဲ 18:5
ငါ့၏အမည်နာမကြောင့် ဤကလေးငယ်ကိုလက်ခံသောသူသည် ငါ့ကိုယုံကြည်လက်ခံသောသူဖြစ်၏။
Explore မဿဲ 18:5
6
မဿဲ 18:18
သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့ကို ကမ္ဘာမြေကြီးပေါ်တွင် ချည်နှောင်ထားသည့်အရာများသည် ရွှေမြို့တော်တွင်လည်း ချည်နှောင်ခြင်းခံရမည်ဖြစ်၏။ ကမ္ဘာမြေကြီးပေါ်တွင် ဖြေလွှတ်ခဲ့သမျှတို့သည် ရွှေမြို့တော်မှာဖြေလွှတ်ခြင်းကို ခံကြရမည်ဖြစ်၏။
Explore မဿဲ 18:18
7
မဿဲ 18:35
သင်တို့တစ်ဦးစီသည် မိမိညီအစ်ကိုကို စိတ်နှလုံးသားထဲမှ ခွင့်မလွှတ်လျှင် ရွှေမြို့တော်၌ရှိတော်မူသော အဖဘုရားရှင်သည်လည်း သင်တို့ကို ထိုနည်းအတိုင်းပင် ပြုတော်မူလိမ့်မည်” ဟုမိန့်တော်မူ၏။
Explore မဿဲ 18:35
8
မဿဲ 18:6
သို့သော် ငါ့ကိုယုံကြည်လက်ခံသော ဤကလေးသူငယ်များထဲမှ တစ်ယောက်ယောက်ကို အပြစ်လုပ်မိသောသူသည် ကြီးမားသောကျောက်တုံးကို လည်ပင်းမှာဆွဲ၍ပင်လယ်ထဲသို့ ပစ်ချခံရခြင်းသည်သာ ပို၍ကောင်းပေလိမ့်မည်။
Explore မဿဲ 18:6
9
မဿဲ 18:12
လူတစ်ဦးတွင် သိုးအကောင်တစ်ရာရှိပြီး ထိုသိုးများထဲမှတစ်ကောင် ပျောက်သွားလျှင် သူသည် မည်သို့လုပ်ဆောင်မည်ဟု သင်တို့ထင်သနည်း။ သူသည် သိုးကိုးဆယ့်ကိုးကောင်ကို တောင်ကုန်းပေါ်တွင် ထားခဲ့ပြီး ပျောက်ဆုံးသွားသော သိုးတစ်ကောင်ကို သွားရောက်ရှာဖွေမည်ဖြစ်၏။
Explore မဿဲ 18:12
Home
Bible
Plans
Videos