1
မဿဲ 16:24
TPV-RV (Thamma Pitakadaw)
TPV-RV
ထို့နောက် ကိုယ်တော်ယေရှုသည် သူ၏တပည့်တော်တို့အား “မည်သူမဆို ငါ၏တပည့်တော်ဖြစ်လိုသူသည် မိမိ၏အတ္တကိုစွန့်ပြီး မိမိ၏လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်းပြီး ငါ့နောက်သို့ လိုက်ရမည်။
Compare
Explore မဿဲ 16:24
2
မဿဲ 16:18
သင့်အား ငါဆိုသည်ကား သင်သည် ပေတရုဖြစ်၏။ ပေတရုဆိုသည်မှာ ကျောက်တုံးဟု အဓိပ္ပါယ်ရ၏။ ထို့ကြောင့် ဤကျောက်တုံးပေါ်တွင် ငါ၏အသင်းတော်ကို တည်ဆောက်မည်။ သေခြင်းတရားပင်လျှင် ဤအသင်းတော်အပေါ်၌ စိုးမိုးနိုင်မည်မဟုတ်။
Explore မဿဲ 16:18
3
မဿဲ 16:19
ငါသည် ရွှေမြို့တော်သာသနာတော်၏သော့များကို သင့်အား ပေး၍ မြေကြီးပေါ်၌ သင်တားမြစ်ထားသောအရာတို့သည် ရွှေမြို့တော်တွင်လည်း တားမြစ်ခြင်းကိုခံရမည်။ မြေကြီးပေါ်၌ သင်ခွင့်ပြုသောအရာတို့သည် ရွှေမြို့တော်တွင်လည်း ခွင့်ပြုခြင်းခံရမည်” ဟုမိန့်တော်မူ၏။
Explore မဿဲ 16:19
4
မဿဲ 16:25
အကြောင်းမူကား မည်သူမဆို မိမိအသက်ကိုမိမိ ကယ်တင်လိုလျှင် ဆုံးရှုံးရမည်ဖြစ်ပြီး ငါ၏အတွက်နှင့် မိမိအသက်ကိုမိမိ အဆုံးရှုံးခံနိုင်သောသူသည် ကယ်တင်ခြင်းခံရမည်ဖြစ်၏။
Explore မဿဲ 16:25
5
မဿဲ 16:26
လူသည် ကမ္ဘာမြေတစ်ခုလုံးကို ရရှိသော်လည်း မိမိ၏အသက်ကို ဆုံးရှုံးရလျှင် ထိုသူအတွက် မည်သည့်အကျိုးရှိမည်နည်း။ မိမိ၏အသက်ကို မည်သည့်အရာနှင့် လဲနိုင်မည်နည်း။
Explore မဿဲ 16:26
6
မဿဲ 16:15-16
ထိုအခါ ကိုယ်တော်က တပည့်တော်တို့အား “သင်တို့ကမူ ငါ့အား မည်သူဟုဆိုကြမည်နည်း” ဟုမေးတော်မူသဖြင့် ရှိမုန်ပေတရုကလည်း “ကိုယ်တော်သည် သက်ရှိထင်ရှားရှိတော်မူသော ဘုရားရှင်၏သားတော် ခရစ်တော်ပင်ဖြစ်သည်” ဟုပြန်လည်လျှောက်တင်လေ၏။
Explore မဿဲ 16:15-16
7
မဿဲ 16:17
ကိုယ်တော်ယေရှုကလည်း “ယောန၏သား ရှိမုန်၊ သင်သည် မင်္ဂလာရှိပေ၏။ မည်သူတစ်ဦးတစ်ယောက်မှ ဤအရာကို သင့်အား မပြသခဲ့သော်လည်း ရွှေမြို့တော်၌ရှိတော်မူသော အဖဘုရားရှင်သည် သင့်ကို ပြသတော်မူခဲ့ပြီ။
Explore မဿဲ 16:17
Home
Bible
Plans
Videos