အရှင်ယေရှုဘုရား၏ ပုံဥပမာများနမူနာ

ကြီးစွာသောပွဲပုံဥပမာ
မိတ်ဆွေသည် အရှင်ယေရှုဘုရားအားဖြင့် ဘုရားသခင်၏ မိသားစုတော်ထဲသို့ ခေါ်သွင်းခံရခြင်းသည် အလွန်မြင့်မြတ်လှသော အခွင့်ထူးဖြစ်ကြောင့် ဤပုံဥပမာအားဖြင့် သိရစေသည်။ အကယ်၍၊ အရှင်ယေရှဘုရားသည် ကျွန်တာ်တို့ကို မလိုဘဲ ကျွန်တော်တို့သည် အရှင်ယေရှုဘုရားကို လိုအပ်သည်တည်းဟူးသော သမ္မာတရားကို ထောက်လျက် မိမိအတ္တကို လျော့လိုက်ပါ။
ဤပွဲတော်ကြီးသို့ လာရောက်သည့် မူရင်းဧည့်သည်များသည် ယုဒလူမျိုးဖြစ်ခဲ့သည်။ ဤဖိတ်ကြားမှုကို ဥပေက္ခာပြုသောတချို့ရှိသလို၊ အမျက်ဒေါသထွက်မိသောတချို့လည်း ရှိကြခဲ့ပါသည်။ ထို့ကြောင့်၊ အိမ်ရှင်သည် မြို့လမ်းမလမ်းကြားသို့ အသော့သွားချေ။ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်သွင်းချေဟု အစေအပါကို ဆိုခဲ့သည်။
ကျွန်တော်တို့သည် ကျွန်တော်တို့၏ ကယ်တင်ရှင်မြတ် အရှင်ယေရှုဘုရား၏ ခေါ်တော်မူခြင်းကျေးဇူးတော်ကို ဥပေက္ခမပြုဘဲ၊ မထီမဲ့မြင်မပြုဘဲလျက်၊ အစဉ်အမြဲ အံံ့ဩသင့်ပြီး၊ အလေးထားလျက် ကျေးဇူးတော်ကို ချီးမွမ်းရမည်ဖြစ်သည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဤအစီစဉ်တွင်၊ အရှင်ယေရှုဘုရား၏ ပုံဥပမာများကို ဖော်ပြထားသလို အနက်ကိုလည်း ဖော်ပြထားပါလိမ့်မည်။ ဤအစီစဉ်တွင်၊ အနာယူနေ့များ ရှိပြီး ဘုရားသခင်၏ မဟာတန်ခိုးတော်နှင့် မေတ္တာကရုဏာတော်အကြောင်းကို အောက်မေ့သတိရစေ၍ စစ်မှန်သော ခွန်အားကို ရရှိခံစားစေဖို့ အကူအညီ ပေးပါလိမ့်မည်။
More